မြန်မာနိုင်ငံ၏ စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းတို့ကို ၂၀၁၇ ခုနှစ် အခြေခံနှစ် ပြောင်းလဲတွက်ချက်ရန် ဆောင်ရွက်လျက်ရှိ

မြန်မာနိုင်ငံ၏ စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းတို့ကို ၂၀၁၇ ခုနှစ် အခြေခံနှစ် ပြောင်းလဲတွက်ချက်ရန် ဆောင်ရွက်လျက်ရှိ
ရန်ကုန်မြို့အတွင်းရှိ အခြေခံစားသောက်ကုန်များ ရောင်းချရာ စျေးတစ်ခုကိုတွေ့ရစဉ်
ရန်ကုန်မြို့အတွင်းရှိ အခြေခံစားသောက်ကုန်များ ရောင်းချရာ စျေးတစ်ခုကိုတွေ့ရစဉ်
Published 2 February 2023

မြန်မာနိုင်ငံ၏ စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းတို့ကို ၂၀၁၇ ခုနှစ် အခြေခံနှစ်ပြောင်းလဲတွက်ချက်ရန် ဆောင် ရွက်လျက်ရှိကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

စားသုံးသူစျေးဆနှုန်း(CPI)ကို အချိန်ကာလအလျောက် စျေးနှုန်းပြောင်းလဲမှုနှင့် စားသုံးသူပုံစံပြောင်းလဲမှုကို တိုင်းတာနိုင်ရန် တွက်ချက်ထုတ်ပြန်ခြင်းဖြစ်ပြီး နိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်း တွက်ချက်ရာတွင် အဓိကအသုံးပြုသည်။

စားသုံးသူစျေးဆနှုန်း တွက်ချက်ရာတွင် အရည်အသွေးတူညီသည့်ကုန်စည်နှင့် ဝန်ဆောင်မှုများကို သတ်မှတ်ထားပြီး စျေးနှုန်း နှင့် စားသုံးသူပုံစံပြောင်းလဲမှုများကို အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ် တိုင်းတာခြင်းဖြစ်သည်။ အချိန်ကာလအလျှောက်လူနေမှု အဆင့်အတန်းမြင့်မားလာခြင်းကြောင့် လူတို့၏ စားသုံးမှုပုံစံပြောင်းလဲမှုများကို ပိုမိုထင် ဟပ်စေရန်အတွက် ကုန်စည်နှင့်ဝန်ဆောင်မှု အမျိုးအစားများ ပြောင်းလဲသုံးစွဲလာမှုကို အခါအားလျော်စွာ ဆန်းစစ်၍စားသုံးသူစျေး ဆနှုန်းတွက်ချက်ရာတွင် အသုံးပြုသည့် အခြေခံနှစ်ကို ပြောင်းလဲတွက်ချက်ကြသည်။

ယခုအချိန်တွင် မြန်မာနိုင်ငံ၌လက်ရှိအသုံးပြုတွက်ချက်ထုတ်ပြန်နေသည့် ၂၀၁၂ ခုနှစ် အခြေခံနှစ်၏စားသုံးသူစျေးခြင်း တောင်း (CPI Basket) ရှိ ကုန်စည်နှင့် ဝန်ဆောင်မှုများသည် ခေတ်စနစ်နှင့်လိုက်လျောညီထွေမှုမရှိတော့သဖြင့် အခြေခံနှစ်ပြောင်း လဲတွက်ချက်ရန် လိုအပ်လျက်ရှိသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့သည် ၂၀၁၇ ခုနှစ် အခြေခံနှစ်အဖြစ် ပြောင်းလဲတွက်ချက်နိုင်ရန် ၂၀၂၀ ပြည့်နှစ်ကတည်းက ဆောင်ရွက်ခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ စားသုံးသူစျေးဆနှုန်းကို ၂၀၁၇ ခုနှစ် အခြေခံနှစ် ပြောင်းလဲတွက်ချက်ရန် ဆောင်ရွက်လျက်ရှိ ရာ နည်းပညာပိုင်းအရ မှန်ကန်မှုရှိစေရေးနှင့် သတ်မှတ်ထားသည့်အချိန်ဇယားအတိုင်း ပြောင်းလဲတွက်ချက် ထုတ်ပြန်နိုင်ရေး ဗဟိုစာရင်းအင်းအဖွဲ့မှဦးဆောင်ပြီး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအားလုံးမှ ကိုယ်စားလှယ်များ ပါဝင်သော လုပ်ငန်းအဖွဲ့ ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။

စားသုံးသူစျေးဆနှုန်းတွက်ချက်သည့် အခြေခံနှစ်ကို လက်ရှိ ၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်သို့ ပြောင်းလဲတွက်ချက်ထုတ်ပြန်ရာတွင် သက်ဆိုင်ရာဌာန၊အဖွဲ့အစည်းများနှင့် အိမ်ထေင်စုများအားလုံးက ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လူတို့၏ပြောင်းလဲနေသည့် စားသုံးမှုပုံစံနှင့် ကိုက်ညီမှုရှိပြီး လက်ရှိအခြေအနေကို ပိုမိုထင်ဟပ်လွှမ်းခြုံ၍ ခိုင်မာအားကောင်းသည့်အညွှန်းကိန်းများ ရရှိစေ မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent