၂၀၂၁ ခုနှစ် ဒီဇင်ဘာမှ လက်ရှိအထိ တစ်နိုင်ငံလုံးတွင် ဗုံးခွဲခံရခြင်း၊ ပစ်ခတ်ခံရခြင်းနှင့် မီးရှို့ခံရခြင်းကြောင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ၁၃ ရုံးနှင့် ရုံးသုံးပစ္စည်းများ ပျက်စီးခဲ့

၂၀၂၁ ခုနှစ် ဒီဇင်ဘာမှ လက်ရှိအထိ တစ်နိုင်ငံလုံးတွင် ဗုံးခွဲခံရခြင်း၊ ပစ်ခတ်ခံရခြင်းနှင့် မီးရှို့ခံရခြင်းကြောင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ၁၃ ရုံးနှင့် ရုံးသုံးပစ္စည်းများ ပျက်စီးခဲ့
Published 23 January 2023

၂၀၂၁ ခုနှစ် ဒီဇင်ဘာမှ လက်ရှိအထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် မိုင်းထောင်ဖောက်ခွဲခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖျက်ဆီးခြင်းနှင့် မီးရှို့ဖျက်ဆီးမှုများကြောင့်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အဆောက်အအုံ ၁၃ ခုနှင့် ရုံးသုံးပစ္စည်းများပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၃၆၆ ဒသမ ၅၈၃သန်းတန်ဖိုးရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ထိုသို့ ဖျက်ဆီးခံရမှုမှာ ဖာပွန်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ ပင်လည်ဘူးမြို့နယ်၊ ပုလောမြို့နယ်၊ ထီးလင်းမြို့နယ်၊ မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ထန်တလန်မြို့နယ်နှင့် တမူးမြို့နယ်တွင်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများဖျက်ဆီးခံရမှုတွင် ဗုံးထောင်ဖောက်ခွဲမှုတစ်ကြိမ်၊ လက်နက်ကြီးထိမှန်မှု နှစ်ကြိမ်၊ မီးရှို့ခံရမှုခြောက်ကြိမ်၊ လက်နက်ငယ်ဖြင့် ပစ်ခတ်ခံရမှု နှစ်ကြိမ်၊ ရုံးပစ္စည်းများဖျက်ဆီးခံ ရမှုတစ်ကြိမ်တို့ဖြစ်ကြောင်း သိရသည်။

ထို့အတူ ပျက်စီးဆုံးရှုံးတန်ဖိုးများမှာ ဖာပွန်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အဆောက်အဦ ဗုံးထောင်ဖျက်ဆီးမှုတွင် RC တစ်ထပ် အဆောက်အအုံ၊ ရုံးပိုင်မော်တော်ဆိုင်ကယ်၊ စက်ကိရိယာပစ္စည်းများ၊ ပရိဘောဂပစ္စည်းများ ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး စုစုပေါင်း ကျပ် ၆၃ ဒသမ ၀၅၃ သန်းနှင့် ယင်းဖြစ်စဉ်တွင်  ဖာပွန်ခရိုင်ကော်မရှင် ရုံးနှင့်ကပ်လျက် ဖာပွန်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံးတွင် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၄၇ ဒသမ ၆၀၆ သန်းရှိခဲ့ကြောင်း သိရသည်။

အလားတူ ကြာအင်းဆိပ်ကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဗုံးသီးထိမှန်မှုတွင် ရုံးပြတင်းပေါက်လေကာမှန်သုံးချပ်နှင့် ရုံးပိုင်မော်တော်ယာဉ်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး သုည ဒသမ ၀၂၁ သန်း၊ ဆားလင်းကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမီးရှို့ခံရမှုတွင် ရုံးအဆောက်အဦ မီးလောင်ပျက်စီးခြင်း၊ ပရိဘောပပစ္စည်းများ၊ စက်ကိရိယာပစ္စည်းများနှင့် မဲရုံးသုံးပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၃၉ ဒ သမ ၅၃၃ သန်းရှိခဲ့ကြောင်း သိရသည်။

ပင်လည်ဘူးမြို့နယ်တွင် မဲရုံးသုံးပစ္စည်းများထားရှိသည့် ဂိုဒေါ်ပေါ်သို့ လက်နက်ကြီး ထိမှန်မှုကြောင့် မဲပုံးအလုံး ၂၀၀ ခန့်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးကျပ်သန်း သုည ဒသမ  ၆၀၊ ပုလောမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး လက်နက်ငယ်များဖြင့်ပစ်ခတ်ခံရမှုကြောင့် ရုံးရှေ့မျက်နှာစာ အုတ်နံရံနှင့် ပြတင်းပေါက်မှန်များ၊ မျက်နှာကျက် ကျောက်ပြားများ ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးကျပ် သု ည ဒသမ ၈၄၃ သန်းနှင့် ထီးလင်းမြို့နယ်တွင် အဆောက်အအုံ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖျက်ဆီးခံရမှုတွင် ပြတင်းပေါက်သုံးခုရှိ မှန်များနှင့် ပြတင်းတံခါးများ ပျက်စီးခြင်း၊  ပေါ်တီကိုတိုင်များ၊ ရုံးအဆောက်အဦအတွင်း နံရံများနှင့် ရုံးပိုင်မော်တော်ဆိုင်ကယ်များ ပျက်စီးခဲ့ပြီး ဆုံးရှုံးတန်ဖိုးကျပ် သုည ဒသမ လေးသန်းရှိခဲ့ကြောင်း သိရသည်။

ယင်းအပြင် မင်းတပ်မြို့နယ်တွင် ကော်မရှင်ရုံးပိုင်ပစ္စည်းများ မီးရှို့ခံရမှုတွင် ရုံးပိုင်မော်တော်ဆိုင်ကယ်၊ စက်ကိရိယာပစ္စည်းများ၊ ပရိဘောဂပစ္စည်းများ၊ ရုံးအဆောက်အအုံအစိတ်အပိုင်းအချို့ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးကျပ် ၁၁ ဒသမ ၆၀၂ သန်း၊ ကန်ပက်လက်မြို့နယ်တွင် ကော်မရှင်ရုံးစက်ကိရိယာပစ္စည်းများ ဖျက်ဆီးခံရမှုတွင် ဆုံးရှုံးမှုတန်ဖိုး ကျပ် ၃ ဒသမ ၄၂ သန်း၊ ဒီးမော့ဆိုမြို့နယ်တွင် ကော်မရှင်ရုံး မိုင်းခွဲမီးရှို့ခံရမှုတွင် ရုံးအဆောက်အုံ၊ စက်ကိရိယာများ၊ ရုံးပိုင်ဆိုင်ကယ်၊ ပရိဘောဂများနှင့် မဲရုံသုံးပစ္စည်းများ ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးကျပ် ၆၁ ဒသမ ၅ သန်း၊ ဖရူဆိုမြို့နယ်တွင် ကော်မရှင်ရုံးမိုင်းခွဲ မိုင်းခွဲမီးရှို့ခံရမှုတွင် ရုံးအဆောက်အုံ၊ စက်ကိရိယာများ၊ ရုံးပိုင်ဆိုင်ကယ်များ၊ ပရိဘောဂများနှင့် မဲရုံသုံးပစ္စည်းများပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးကျပ် ၇၁ ဒသမ ၅၈ သန်းရှိကြောင်း သိရသည်။

ထန်တလန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးခွဲ မိုင်းခွဲမီးရှို့ခံရမှုတွင် ရုံးအဆောက်အုံ၊ စက်ကိရိယာများ၊ ရုံးပိုင်ဆိုင်ကယ်များ၊ ပရိဘောဂများပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးကျပ် ၆၄ ဒသမ ၁၂၅ သန်း၊ တမူးခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး မီးရှို့ဖျက်ဆီးခံရမှုတွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွင် တံခါးအချို့ပျက်စီးခြင်းနှင့် ဝန်ထမ်းနေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးကျပ် ၃ ဒသမ ၃ သန်းရှိကြောင်း သိရသည်။

Most Read

Most Recent