ဒီအာကွန်ဂိုနိုင်ငံမှ ကုလငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့များ၏ စွန့်ပစ်ကလေးများ

ဒီအာကွန်ဂိုနိုင်ငံမှ ကုလငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့များ၏ စွန့်ပစ်ကလေးများ
Photo: AFP
Photo: AFP
Published 19 January 2023
TRANSLATED BY- မေသုတ

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်းရှိ စာသင်ကျောင်းတွင် အသက် ၁၆ နှစ်အရွယ် ချန့်စ်အမည်ရှိ ကျောင်းသူသည် ၎င်း၏ ဖြူသောအသားအရောင်ကြောင့် အခြားကျောင်းသူများနှင့် ကွဲပြားခြားနားနေသည်။

ချန့်စ်သည် ဒုက္ခရောက်နေသောဒေသတွင် နှစ်ပေါင်း ၂၀ ကျော်ကြာ တပ်စွဲထားသည့် ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များ၏ ဒါဇင်နှင့်ချီသောသား၊ သမီးများမှ တစ်ဦးဖြစ်ပြီး ၎င်းတို့သည် လူမှုအသိုင်းအဝိုင်းများတွင် အမည်းစက်များနှင့် မကြာခဏရင်ဆိုင်နေရသည်။

ချန့်စ်၏မိခင်ဖြစ်သူ ဖိုင်ဒါက ပြည်သူ့စစ်များထကြွသောင်းကျန်းနေသည့် တောင်ကီဗူးပြည်နယ်ရှိ အခြေချနေရာတစ်ခုဖြစ်သောကာ ဗူမူရှိ ကုလသမဂ္ဂအခြေစိုက်စခန်းတွင်သန့် ရှင်းရေးဝန်ထမ်းအဖြစ် ၂၀၀၆ ခုနှစ်ကအလုပ် လုပ်ကိုင်နေစဉ် ဥရုဂွေးနိုင်ငံသားငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့ဝင်တစ်ဦးနှင့် တွေ့ဆုံခဲ့သည်ဟု ပြောကြားခဲ့သည်။

“ကျွန်မကို နှုတ်ဆက်စရာမပြောဘဲ ကျွန်မယောကျ်ား ဒီအာကွန်ဂိုကထွက်ခွာချိန်တုန်းက ကျွန်မမှာကိုယ်ဝန်နှစ်လရှိနေပါပြီ”ဟု ဖိုင်ဒါက ပြောကြားခဲ့ပြီးယင်းသည် ငြိမ်းချမ်းရေးထိန်းသိမ်းသူများနှင့် ချစ်ကြိုက်ခဲ့ကြသော ကွန်ဂိုအမျိုးသမီးများအကြား ပစ်ပယ်ခံခဲ့ရသော ချစ်ခြင်းမေတ္တာ၏သံစဉ်တစ်ပုဒ် ပဲ့တင်ထပ် လျက်ရှိသည်။

ကာဗူမူတစ်ခုတည်း၌ပင် အေအက်ဖ်ပီသတင်းဌာနကကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းရေးအဖွဲ့ဝင်များနှင့် ကလေးများရရှိခဲ့သည့် အမျိုးသမီးလေးဦးနှင့် တွေ့ဆုံခဲ့သည်။

ယင်းအခြေအနေသည် MONUSCO ဟုလူသိများသော ငြိမ်းချမ်းရေးထိန်းသိမ်းရေး တာဝန်အတွက် ကုလသမဂ္ဂစစ်သားများ၏ စွန့်ပစ်ခံရသော ကလေးများအတွက် ကျောင်းလခပေးဆောင်ခြင်းကဲ့သို့ စီမံချက်များချမှတ် ပေးရန် သာမန်အားဖြင့်လုံလောက်မှုရှိနေသည်။

ညှင်းပန်းနှိပ်စက်ခံရကြောင့် မည်သည့်အမျိုးသမီးများမှ ပြောကြားခဲ့ခြင်းမရှိသော်လည်း ငြိမ်းချမ်းရေးထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များနှင့် ချစ်ကြိုက်ခဲ့ချိန်တွင် အချို့မိန်းကလေးများသည် အသက် ၁၄ နှစ်နှင့် ၁၅ နှစ်အရွယ်များဖြစ်ပြီး လိင်မှုရေးရာအား ငွေကြေးသို့မဟုတ် အခြားသေးငယ်သောလက်ဆောင်များဖြင့် လဲလှယ်ခဲ့ကြသည်ဟု ဆိုသည်။

MONUSCO ၏ ကျင့်ဝတ်အရကလေးများနှင့် လိင်ပိုင်းဆိုင်ရာပတ်သက်ဆက်ဆံမှုကို တင်းကျပ်စွာ တားမြစ်ထားသည့်အပြင် အခကြေးငွေပေး၍လိင်ဆက်ဆံမှုကိုလည်း တားမြစ်ထားသည်။

ယင်းအင်အားစုတွင် လက်ရှိယူနီဖောင်း ဝတ်တပ်ဖွဲ့ဝင်အင်အား ၁၆,၀၀၀ ခန့်ရှိသည်။

ခန့်ညားသောအမျိုးသား

မာဆီကာအမည်ရှိ အမျိုးသမီးက သူသည် ကုလအခြေစိုက်စခန်းအနီးတွင်မြေပဲများရောင်းချနေစဉ် တောင်အာဖရိကကုလ ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့ဝင်တစ်ဦးနှင့် တွေ့ဆုံခဲ့ပြီး ထိုအချိန်က သူသည်အသက် ၁၅ နှစ်အရွယ်သာရှိသည်ဟု ပြောကြားသည်။

“သူက ခန့်ညားပြီး လူကောင်ထွားထွား အမျိုးသားတစ်ယောက်ပါ”ဟု လက်ရှိတွင်အသက် ၂၉ နှစ်အရွယ်သို့ ရောက်ရှိနေပြီဖြစ်သည့် မာဆီကာက ပြန်ပြောင်းပြောပြခဲ့ပြီး ယင်းစစ်သားသည် ၎င်းအားငွေကြေးအချို့ ပေးခဲ့သည်ဟုလည်း ဆိုသည်။

မာဆီကာက သူသည် တောင်အာဖရိကနိုင်ငံသား၏ လပေါင်းများစွာတရားစွဲဆိုရန် ကြိုးပမ်းချက်ကို ခုခံခဲ့ရပြီး နောက်ဆုံးတွင်အလျော့ပေးခဲ့ရသည်ဟု ဆိုသည်။မာဆီကာက ၎င်းတွင် ကိုယ်ဝန်ရှိနေပြီဟု သိရှိချိန်၌ယင်း တောင်အာဖရိကနိုင်ငံသားသည် နိုင်ငံထဲမှ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။

လူ့အဖွဲ့အစည်းတွင် ငြင်းပယ်ခြင်းအကြောင်းပြချက်ဖြင့် မာဆီကာကို ထားသွားခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောပြခဲ့ပြီး၎င်း ၏အသက် ၁၄ နှစ်အရွယ်သမီး ကက်သရင်းသည် လူမည်းဖြစ်နေသောကြောင့် ဒေသခံများနှင့် သဟဇာတဖြစ်နေခြင်းအပေါ် ကျေးဇူးတင်နေမိကြောင်း ပြောကြားခဲ့သည်။

MONUSCO က ကလေး၏ကျောင်း စရိတ်အတွက် ထောက်ပံ့ပေးနေသည်။

“တစ်ခုတည်းသော ပြဿနာကတော့  ကက်သရင်းက သူ့အဖေက ဘယ်မှာလဲဆိုပြီး ကျွန်မကို မကြာခဏလာမေးနေတာဖြစ်ပါတယ်။ကျွန်မမှာအဖြေမရှိဘူး”ဟုမာဆီကာက ပြောကြားခဲ့သည်။

အသက် ၂၇ နှစ်အရွယ် ဆီဖာအမည်ရှိ အမျိုးသမီးကလည်း ကာဗူမူလေဆိပ်ရှိအသေးစား စားသောက်ဆိုင်တစ်ခုတွင်အ သက် ၁၄ နှစ်အရွယ်က အလုပ်လုပ်ကိုင်နေစဉ် တောင်အာဖရိကငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့ဝင်တစ်ဦးနှင့် ကိုယ်ဝန်ရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

ဆီဖာသည် မမျှော်လင့်ထားသည့်အချိန်တွင် ယင်းတောင်အာဖရိကနိုင်ငံသားသည် နေအိမ်မှ ပျောက်ကွယ်သွားခဲ့ပြီး ဆီဖာသည် အမည်းစက်ထင်ကျန်ရစ်ခဲ့သည်။

MONUSCO က ကျောင်းစရိတ်ပေးခြင်းမရှိသည့်အတွက် ၎င်း၏သမီးဖြစ်သူ ဂရေစ့်သည် ကျောင်းတက်နိုင်ခြင်းမရှိပေ။ ဆီ ဖာက သူသည် ကိုယ်ဝန်ရှိကြောင်း တရားဝင်ကြေညာသည့် လုပ်ထုံးလုပ်နည်းကို လိုက်နာခဲ့ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

“သူတို့တွေက ကျွန်မကို အကျိုးခံစားခွင့်စာရင်းထဲ ထည့်မထားပါဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။

သင့်လျော်ခြင်းမရှိ

အမျိုးသမီးအများအပြားသည် ၎င်းနှင့် ချစ်ကြိုက်သူများ၏ အမည်အစစ်အမှန်ကိုမသိရှိသည့်အတွက် ဖခင်ဖြစ်ကြောင်းသက်သေထူရန် မကြာခဏအခက်အခဲများရှိနေသည်ဟု ငြိမ်းချမ်းရေးထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များ ဖခင်ဖြစ်ကြောင်းအမှုဖြစ်စဉ်များအတွက် ဆောင်ရွက်ပေးနေသည့် NGO တစ်ခု၏အကြီးအကဲ ဇာဝါဒီဘာဇီရာနီကဆိုသည်။

၎င်း၏အဖွဲ့သည် ကာဗူမူတွင် ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့ဝင်များက ဖခင်ဖြစ်သည်ဟု သံသယရှိသည့် ကလေး ၁၁ ဦးကို တွေ့ရှိခဲ့ပြီး ယင်းအချိန်ကတည်းကကလေး နှစ်ဦးသည် သေဆုံးခဲ့ကာ ကျန်ရှိသည့်ကလေးကိုးဦးသည် လက်ရှိတွင် ဆယ်ကျော်သက်အရွယ်များဖြစ်သည်ဟု ဘာဇီရာနီကရှင်းပြခဲ့သည်။ ဒီအာကွန်ဂိုသည်  ကမ္ဘာပေါ်တွင်အ ဆင်းရဲဆုံးနိုင်ငံများမှတစ်နိုင်ငံဖြစ်ပြီးလူဦးရေ သန်း ၉၀ ကျော်တွင် ၇၀ ရာခိုင်နှုန်းခန့်သည် တစ်နေ့လျှင် ဝင်ငွေနှစ်ဒေါ်လာအောက်သာ ရရှိသည်။

ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့ဝင်များနှင့် ကလေးများရရှိခဲ့သည်ဟု MONUSCO က တရားဝင်အသိအမှတ်ပြုထားသည့် အမျိုးသမီးများသည် ကလေးများအတွက် ကျောင်းစရိတ်များရရှိသည့်အပြင် ၎င်းတို့အတွက် အပ်ချုပ်ခြင်းကဲ့သို့သော အသက်မွေးဝမ်းကြောင်းပညာရပ်များအတွက်သင်တန်းများကိုလည်း တက်ရောက်ခွင့်ရရှိသည်။

ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့ဝင်များက လိင်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်စက်ခြင်းဆိုသည့် စွပ်စွဲချက်များအားလုံး ကို အလျင်မြန်ဆုံးဖြေရှင်းဆောင်ရွက်နေသော်လည်း ဖခင်ဖြစ်ကြောင်း ဖြစ်စဉ်အများအပြားကိုမူ ဖြေရှင်းနိုင်ခြင်း မရှိသေးကြောင်း MONUSCO ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လိင်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်စက်ခံရမှု မှမွေးဖွားလာသောကလေးများသည်မကြာခဏအမည်းစက်ဖြင့် ရင်ဆိုင်ရသည်ဟုပြော ရေးဆိုခွင့်ရှိသူကဆိုသည်။၂၀၁၃ ခုနှစ်ကတည်းက ကာဗူမူသို့မဟုတ် အနီးအနားရှိရွာများတွင် လိင်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်စက်မှု ဖြစ်စဉ်မရှိဟုပြောကြားခဲ့သည်။

ချန့်စ်မတိုင်မီ ကလေးခြောက်ဦးရှိသည့် ဖိုင်ဒါက ချန့်စ်ကို တက္ကသိုလ်ရောက်ပြီးအလုပ် တစ်ခုရရှိသည့်အချိန်အထိကုလသမဂ္ဂက ထောက်ပံ့ပေးသွားရန်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ချန့်စ်အတွက်ဘဝဟာ နည်းမျိုးစုံနဲ့ကို ခက်ခဲနေပါတယ်ဟုဖိုင်ဒါက ရှင်းပြခဲ့သည်။

“သူ(ချန့်စ်)အတွက် ဒီရွာလေးဟာဘဝရပ်တည်နိုင်ဖို့ သင့်လျော်မှု မရှိပါဘူး”ဟုဖိုင် ဒါက ချန့်စ်၏ ဖြူဝင်းနေသောအသားအရောင်ကြောင့် အခြားသူများနှင့် ကွာခြားနေပုံကို ရည်ရွယ်၍ ပြောကြားခဲ့သည်။   Ref: AFP

Most Read

Most Recent