နာပိုလီအသင်းနဲ့အတူ အမြင့်ပျံဖို့ကြိုးစားနေသူတစ်ဦး (သို့မဟုတ်) အယ်လ်မက်စ်

နာပိုလီအသင်းနဲ့အတူ အမြင့်ပျံဖို့ကြိုးစားနေသူတစ်ဦး (သို့မဟုတ်) အယ်လ်မက်စ်
Photos: AFF & Gettyimages
Photos: AFF & Gettyimages
Published 18 January 2023
Zay Yar Htun

ပြီးခဲ့တဲ့ရက်ပိုင်းက နေပယ်မှာ ကစားတဲ့ စီးရီးအေပွဲမှာ နာပိုလီက တူရင်ထိပ်သီး ဂျူဗင်တပ်စ်ကို (၅-၁)ဆိုတဲ့ရလဒ်နဲ့ ဂိုးပြတ်အနိုင်ရခဲ့တယ်။ နာပိုလီအတွက် ချိုမြိန်တဲ့နိုင်ပွဲလို့ဆိုရမှာဖြစ်ပြီး အနီးဆုံးပြိုင်ဘက် ​အေစီမီလန်ကို (၉) မှတ်အထိ ဖြတ်နိုင်ခဲ့ပါတယ်။ နာပိုလီအသင်းဟာ အခုရာသီမှာမှ နည်းပြစပယ်လက်တီ လက်ထဲမှာ တောက်ပလာခဲ့ပြီး အင်ဆစ်ဂ်ညာ၊ မာတင်စ်တို့လို အဓိက ကစားသမားတွေမရှိတော့ပေမဲ့ ကစားသမားသစ်တွေနဲ့ ရလဒ်ကောင်းတွေ ဆက်တိုက်ရယူနေပါတယ်။ အစုဖွဲ့အသစ်နဲ့အတူ ဒီရာသီမှ ထင်ပေါ်လာသူကတော့ ကွင်းလယ်လူ အယ်လ်မက်စ်ပါပဲ။ ကျောနံပါတ် (၇)ကို ဝတ်ဆင်တဲ့ မက်ဆီဒိုးနီးယားနိုင်ငံသားဟာ နာပိုလီကွင်းလယ်အင်ဂျင်ဖြစ်လာခဲ့တယ်။ အန်ဒွန်ဘီလီလို ကစားသမားကို နောက်ကောက်ချနိုင်ခဲ့ပြီး ဇမ်ဘို၊ ဇီလင်စကီးတို့ရဲ့ အတွဲဖက် ကောင်းဖြစ်လာတယ်။

 

Most Read

Most Recent