မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ဘန်ကောက်ခရီးစဉ်အားနေ့စဉ်၊ ရန်ကုန်-ချင်းမိုင်ခရီးစဉ်အားတစ်ပတ် သုံးကြိမ်ပျံသန်းနေပြီး ထိုင်းနိုင်ငံရှိ King Power ဆိုင်များတွင် Boarding Pass ပြသရုံဖြင့် ၁၅ ရာခိုင်နှုန်း လျှော့စျေးရယူနိုင်မည်

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ဘန်ကောက်ခရီးစဉ်အားနေ့စဉ်၊ ရန်ကုန်-ချင်းမိုင်ခရီးစဉ်အားတစ်ပတ် သုံးကြိမ်ပျံသန်းနေပြီး ထိုင်းနိုင်ငံရှိ King Power ဆိုင်များတွင် Boarding Pass ပြသရုံဖြင့် ၁၅ ရာခိုင်နှုန်း လျှော့စျေးရယူနိုင်မည်
Published 16 January 2023

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ဘန်ကောက်ခရီးစဉ်အား နေ့စဉ်၊ ရန်ကုန်-ချင်းမိုင်ခရီးစဉ်အား တစ်ပတ်သုံးကြိမ်ပျံသန်းနေပြီး ထိုင်းနိုင်ငံရှိ King Power ဆိုင်များတွင် Boarding Pass ပြသရုံဖြင့် ၁၅ ရာခိုင်နှုန်း လျှော့စျေးရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း ပျံသန်းနေသည့် ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနှင့် အခြား ပြည်တွင်းခရီးစဉ်များတွင် Online Check-in Service ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။ Online Check-in Service သည် ပြည်တွင်းခရီးစဉ်များတွင်သာ ရရှိနိုင်မည်ဖြစ်ပြီး လေယာဉ်ထွက်ခွာချိန် မတိုင်ခင် ၂၄ နာရီမှ ၇၅ မိနစ်အတွင်း မည်သည့်အချိန်တွင်မဆို ပြုလုပ်နိုင်မည်ဖြစ်ပြီး print ထုတ်ထားသော E-broading pass အား ဂိတ်တွင်ပြသပြီး ခရီးစဉ်တွင် လိုက်ပါနိုင်မည်ဖြစ်သည်။

Myanmar Travel Fair 2023 တွင် မြန်မာအမျိုးသားလေကြောင်းလိုင်းက ပြည်တွင်း ပြည်ပလေယာဉ်လက်မှတ်များအား ၁၅ရာခိုင်နှုန်းလျှော့စျေးဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက် အထိ ဝန်ကြီးများရုံးတွင် ကျင်းပမည့် Myanmar Travel Fair 2023 တွင် မြန်မာအမျိုးသားလေကြောင်းလိုင်းက Main Sponsor အဖြစ် ပါဝင်ထားပြီး Travel Fair အတွင်း ပြည်တွင်းပြည်ပ လေယာဉ်လက်မှတ်များအား ၁၅ ရာခိုင်နှုန်းအထိ လျှော့စျေးဖြင့် ရောင်းချပေးသွားမည့်အပြင် လက်ဆောင်ပစ္စည်းများပါ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ဘန်ကောက်အသွားအပြန် ခရီးစဉ်အား အမေရိကန် ၇၄ ဒေါ်လာမှ စတင်၍ လည်းကောင်း၊ ရန်ကုန်-ချင်းမိုင်အသွားအပြန် ခရီးစဉ်အား ၁၆၀ ဒေါ်လာမှစတင်ရောင်းချနေကြောင်း သိရသည်။

နှစ်သစ်ကူးအားလပ်ရက်များတွင် ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်သည့် မြန်မာနိုင်ငံသားခရီးသည်များ များပြားမှုကြောင့် မြန်မာ-ထိုင်းပျံသန်းနေသည့် လေကြောင်း လိုင်းများထံမှ လေယာဉ်လက် မှတ်ဝယ်ယူရန် ခက်ခဲ့ကြောင်း  လေယာဉ်လက်မှတ်များအရောင်းကိုယ်စားလှယ်များထံမှ သိရသည်။

ထိုင်းနိုင်ငံသို့ ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်ရာတွင် ရက်ပေါင်း ၄၅ ရက်ထိတိုးမြှင့်နေထိုင်ခွင့်ရရှိသည့် ခရီးသွားများတွင် မြန်မာနိုင်ငံသားများပါဝင်လာကြောင်း ထိုင်းနိုင်ငံရှိ ခရီးသွားလုပ်ငန်းလုပ်ငန်း လုပ်ကိုင်သူ အချို့၏ ပြောကြားချက်အရ သိရသည်။

၂၀၂၂ အောက်တိုဘာလမှစတင်ကာ ထိုင်းနိုင်ငံတွင်း ဝင်ရောက်လာမည့် နိုင်ငံခြားသားများ၏ Visa Free အတွက် ထိုင်းနိုင်ငံတွင်း နေထိုင်နိုင်မည့်ကာလကို ရက်ပေါင်း၃၀ မှ ၄၅ ရက်အထိ တိုးမြှင့်ပေးလိုက်ရာ မြန်မာနိုင်ငံသားများလည်း ၄၅ ရက် Visa Free သက်တမ်းရရှိခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအစိုးရသည် ၎င်းတို့ နိုင်ငံတွင်း ဝင်ရောက်လာမည့် နိုင်ငံခြားသားများအား ဗီဇာကင်းလွတ်ခွင့်ရက်ပေါင်း ၃၀ သတ်မှတ်ပေးချိန်တွင် မြန်မာနိုင်ငံသားများအား ၁၄ရက်သာပေးခဲ့ပြီး Tourist Visa ဖြင့် ရက် ပေါင်း ၆၀ နေထိုင်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။

ယင်းသို့ထုတ်ပြန်ခဲ့သော်လည်း မြန်မာနိုင်ငံသားအချို့မှာ ထိုင်းနိုင်ငံသို့သွားရောက်ရာတွင် ၁၄ ရက်ဗီဇာသက်တမ်းကိုသာရရှိနေခြင်းဖြစ်ပြီး အောက်တိုဘာ နောက်ဆုံးပတ်တွင်မှ စတင်ကာ ၄၅ ရက်သက်တမ်းအားရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၂အောက်တိုဘာလမှစတင်ကာ ထိုင်းနိုင်ငံတွင်း ဝင်ရောက်လာမည့် နိုင်ငံခြားသားများ၏ Visa Free အတွက် ထိုင်းနိုင်ငံတွင်း နေထိုင်နိုင်မည့်ကာလကို ရက်ပေါင်း၃၀ မှ ၄၅ ရက်အထိ တိုးမြှင့်ပေးလိုက်ရာ မြန်မာနိုင်ငံသားများလည်း ၄၅ ရက် Visa Free သက်တမ်းရရှိခြင်းဖြစ်သ

Most Read

Most Recent