မန္တလေးမြို့တွင် ကျောက် အရောင်းဝယ်လုပ်ကိုင်သူ အမျိုးသားတစ်ဦးအား သေနတ်ဖြင့်ပစ်သတ်ပြီး ပါလာသည့် ကျောက်များအား ယူဆောင်သွားမှု ဖြစ်ပွား

မန္တလေးမြို့တွင် ကျောက် အရောင်းဝယ်လုပ်ကိုင်သူ အမျိုးသားတစ်ဦးအား သေနတ်ဖြင့်ပစ်သတ်ပြီး ပါလာသည့် ကျောက်များအား ယူဆောင်သွားမှု ဖြစ်ပွား
Published 2 January 2023

မန္တလေးမြို့တွင် ကျောက်အရောင်းဝယ်လုပ်ကိုင်သူ အမျိုးသားတစ်ဦးအား သေနတ်ဖြင့်ပစ်သတ်ပြီး ပါလာသည့်ကျောက်များအား ယူဆောင်သွားမှု ဇန်နဝါရီ ၂ ရက် နံနက် ၉ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ချမ်းအေးသာစံမြိုနယ်၊ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်၊၃၄လမ်း၊၈၉လမ်းနှင့်လမ်း၉၀ ကြားတွင် အမျိုးသားတစ်ဦးအား သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အသက်၅၀ အရွယ်ကျောက်စိမ်းရောင်းဝယ်သူတစ်ဦးဖြစ်သည့် ကိုဝင်းအောင်သည် ကျောက်အရောင်းဝယ်လုပ်ကိုင်ရန် ၄၁လမ်းကျောက်မျက်ဈေးသို့ ဆိုင်ကယ်ဖြင့်ထွက်လာစဉ် ၃၄လမ်း၊၈၉လမ်းနှင့်လမ်း၉၀ ကြားအရောက်  အမျိုးသားနှစ်ဦးမောင်းနှင်လာသည့်ဆိုင်ကယ်တစ်စီးပေါ်မှနေပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါသေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ကိုဝင်းအောင်သည် ဆိုင်ကယ်ပေါ်မှုပြုတ်ကျပြီး ဦးခေါင်းနောက်စေ့ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် အခင်းဖြစ်‌ နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့နောက် သေနတ်ဖြင့်ပစ်ခတ်ခဲ့သူများက ကျောက်အရောင်းဝယ်ပြုလုပ်ရန်ပါလာသည့် လွယ်အိတ်အားယူဆောင်းသွားခဲ့သည်ဟု  စုံစမ်းသိရသည်။