Timeline 2022

Timeline 2022
၂၀၂၂ ခုနှစ် ဇန်နဝါရီ ၇ ရက်က နေပြည်တော်တွင် နစကဥက္ကဋ္ဌနှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်တို့ တွေ့ဆုံစဉ်
၂၀၂၂ ခုနှစ် ဇန်နဝါရီ ၇ ရက်က နေပြည်တော်တွင် နစကဥက္ကဋ္ဌနှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်တို့ တွေ့ဆုံစဉ်
Published 1 January 2023

ဇန်နဝါရီ

ဇန်နဝါရီ  ၄     

(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်း အနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သဝဏ်လွှာပေးပို့။

မြန်မာနိုင်ငံတွင် ထိန်းသိမ်းထားသူအားလုံးလွှတ်ပေးရန်နှင့် စစ်မှန်ပြီး အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဂျေ ဘလင်ကန်က ထပ်မံတောင်းဆို။

ဇန်နဝါရီ  ၆     

မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရန် သက်ဆိုင်သူများ အားလုံးပါဝင်သည့် အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေးဆွေးနွေးပွဲများဖြင့်သာ ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ထုတ်ပြန်။

ဇန်နဝါရီ  ၇     

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ဟွန်ဆန်တို့ ဇန်နဝါရီ ၇ ရက် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံ။

ဇန်နဝါရီ  ၁၀   

ဒေါ်အောင်ဆန်းစုကြည်အား ဆက်သွယ်ရေးဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေတို့ဖြင့် တရားစွဲထားသည့်အမှုများအတွက် ထောင်ဒဏ် လေးနှစ်ချမှတ်။

လာမည့်ရွေးကောက်ပွဲကို ကျင်းပရာတွင် ကော်မရှင်အနေဖြင့် ဘက်လိုက်မှုမရှိသည့်သန့်ရှင်းသော ရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း UEC ဥက္ကဋ္ဌ ဦးသိန်းစိုး ပြောကြား။

မကွေးတိုင်းဒေသကြီး  မြိုင်မြို့နယ် ရွာကုန်းကျေးရွာတွင် သေနတ်ဖြင့်ပစ်ခတ်ခံရသဖြင့် ဆရာတော်တစ်ပါး ပျံလွန်တော်မူပြီး ၎င်းင်း ဆရာတော်၏ဖခင်ဖြစ်သူသေဆုံးခဲ့ကြောင်း နစက ထုတ်ပြန် ။

ဇန်နဝါရီ  ၁၂   

ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် လုပ်သက်ပြည့်ခဲ့ပြီး စစ်ဦးစီးအရာရှိချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်း အောင်အား ဗိုလ်ချုပ်ကြီးရာထူးတိုးမြှင့်၍ ကာကွယ်ရေးဦးစီးချုပ် (လေ) အဖြစ် တာဝန်ပေးအပ်ခဲ့ကြောင်း နစကပြောရေးဆိုခွင့်ရှိသူ ပြောကြား။

ဇန်နဝါရီ  ၁၄   

၂၀၂၀ ရွေးကောက်ပွဲလုပ်ငန်းစဉ်၊ မဲမသမာမှုဖြစ်စဉ်၊ တရား မဲ့ပြုကျင့်မှုများနှင့်ပတ်သက်၍ သမ္မဟောင်းဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါဝင်ပတ်သက်သူ ၄၂၂ ဦးကို အရေးယူဆောင်ရွက်လျက်ရှိကြောင်း UEC အဖွဲ့ဝင်ပြောကြား။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၂ ရက်အထိ ဗုံးဖောက်ခွဲမှုအပါအဝင် အကြမ်းဖက်မှု ၄၀၄၄ ကြိမ် ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူနှင့် ကျူးလွန်ရန်ကြံစည်သူ ၁၁၅၄၉ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား။

ဇန်နဝါရီ  ၁၆   

အလုံမြို့နယ် ကမ်းနားလမ်း ထော်လီကွေ့အနီးရှိ HTOO စက်သုံးဆီဆိုင် ဇန်နဝါရီ ၁၆ ရက် နံနက် ၄ နာရီကျော်တွင် ဖောက်ခွဲခံရပြီး မီးလောင်မှုဖြစ်ပွား။

နိုင်ငံတကာအာမခံမှုဖြင့် အရပ်သားပြည်သူများကို အကာအကွယ်ပေးအပ်သည့် လုံခြုံသောနေရာများကို တိတိကျကျသတ် မှတ်ကြေ ညာပေးရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးသံကိုယ်စားလှယ်ရုံးထံ KNU၊  KNPP နှင့် CNF တို့က ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင် ကြေညာချက်ထုတ်ပြန် တောင်းဆို။

ဇန်နဝါရီ  ၂၇   

သြစတြေးလျစွမ်းအင်လုပ်ငန်း Wood-side သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အုပ်ချုပ်နေသော မြန်မာနိုင်ငံမှ ထွက်ခွာမည်ဟု ကြေညာ။

ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲခံရပြီး ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင်ဦးဟံသာမြင့် အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ် မြောက်။

ဇန်နဝါရီ  ၂၈   

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးစိုးညွန့်လွင်တို့ကို တောင်လေးလုံး အကျဉ်းထောင်တွင်း တရားရုံးက ဇန်နဝါရီ ၂၈ ရက်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် ထောင်ဒဏ် ၁၆ နှစ်စီ ချမှတ်။

ဇန်နဝါရီ  ၃၁   

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးပြုလုပ်ခဲ့ပြီး အရေးပေါ်အခြေအနေကြေညာထားသည့် ကာလကို ခြောက်လ သက်တမ်းတိုးမြှင့်ကြောင်း ကြေညာ။

ဖေဖော်ဝါရီ

ဖေဖော်ဝါရီ  ၁  

မြန်မာနိုင်ငံတွင် အရေးပေါ်အခြေအနေ ကြေညာထားခြင်းကို အဆုံးသတ်ရန်၊ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ အတားအဆီး မရှိ ပေးအပ်ခွင့်ပြုရန်၊ နိုင်ငံခြားသားများအပါအဝင် ထိန်းသိမ်းခံထားရသူ အားလုံးကို ပြန်လွှတ်ပေးရန်နှင့် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းဆီသို့ အမြန်ဆုံး ပြန်လည်ပို့ဆောင်ရန် EU နှင့် နိုင်ငံတကာက ထုတ်ပြန်တောင်းဆို။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်ခဲ့သည့် တစ်နှစ်တာအတွင်း မြန်မာနိုင်ငံတွင် သတင်းသမား ၁၄၆ ဦး ဖမ်းဆီးထိန်းသိမ်းခံရကြောင်း UNESCO Myanmar ထုတ်ပြန်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း NLD ပါတီဝင်များထဲမှ ဖမ်းဆီးအကျဉ်းချခံရသူ ၆၈၆ ဦးရှိပြီး ထိုအထဲတွင် လွှတ်တော်ကိုယ်စားလှယ် ၁၀၇ ဦးပါဝင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်ကော်မတီ ထုတ်ပြန်။

ဖေဖော်ဝါရီ  ၃  

လုပ်ငန်းရှင်တစ်ဦးထံမှ ဒေါ်လာငါးသိန်းခွဲကို ရာထူးတာဝန် အလွဲသုံးစားလုပ်ပြီး တံစိုးလက်ဆောင် ရယူခဲ့သည်ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုပုဒ်မဖြင့် ထပ်မံအမှုဖွင့်ထားကြောင်း နစက ထုတ်ပြန်။

အရေးပေါ်ကာလပြီးဆုံးပါက ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ပြီး နယ်မြေအေးချမ်းရန် လိုအပ်ကြောင်းနှင့် အကြမ်းဖက်မှုများရှိနေပါက ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းရှိမည်မဟုတ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြား။

ဖေဖော်ဝါရီ  ၁၂

၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားသို့  NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ခုနစ်ဖွဲ့နှင့် NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းလေးဖွဲ့ တက်ရောက်။

ဖေဖော်ဝါရီ  ၁၃

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်  ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခြောက်ဖွဲ့၊ NCA မထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့မှ ကိုယ်စားလှယ်များ နေပြည်တော်တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေး။

ဖေဖော်ဝါရီ  ၁၄

ဖေဖော်ဝါရီ ၁၇ ရက်တွင်ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ မြန်မာနိုင်ငံက ပါဝင်တက်ရောက် နိုင်မည်မဟုတ်ဘဲ နိုင်ငံရေးအရ ကိုယ်စားမပြုသည့်ပုဂ္ဂိုလ်ကိုလည်း စေလွှတ်တက်ရောက်စေနိုင်မည်မဟုတ်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်။

ဖေဖော်ဝါရီ  ၁၆

MNDAA လက်နက်ကိုင်အဖွဲ့တည်ထောင်သူ ဖုန်ကြားရှင် အသက် ၉၄ နှစ်အရွယ်တွင် ကွယ်လွန်။

စစ်ကိုင်းမြို့နယ် ရေမျက်ကြီးအင်းအတွင်း တိုက်လေယာဉ် တစ်စင်း ပျက်ကျမှုဖြစ်ပွား။

ဖေဖော်ဝါရီ  ၁၇

မြန်မာနိုင်ငံ၏ နစကအစိုးရအဖွဲ့မှ ကိုယ်စားလှယ်ကို အစည်းအဝေးတက်ရောက်ခွင့် ပိတ်ပင်ထားသည့် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) မှ နိုင်ငံခြားရေးဝန်ကြီးများ ကမ္ဘောဒီးယားနိုင်ငံ၌ တွေ့ဆုံ ဆွေးနွေး။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် ပဲခူးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်းအား အမှုခုနစ်မှုအတွက် အလုပ်နှင့် ထောင်ဒဏ် အနှစ် ၂၀ အမိန့်ချမှတ်။

ဖေဖော်ဝါရီ  ၂၀

အာဆီယံအထူးကိုယ်စားလှယ်အား CRPH၊ NUG တို့နှင့် ထိတွေ့ရန် အာဆီယံအဖွဲ့ဝင်နှစ်နိုင်ငံက အကြုံပြုခြင်းသည် အာဆီယံပဋိညာဉ်ကို ဆန့်ကျင်ရုံသာမက အာဆီယံ၏အကြမ်းဖက်တိုက်ဖျက်ရေး ကြိုးပမ်းမှုကို ထိပါးစေကြောင်း  နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်။

ဖေဖော်ဝါရီ  ၂၄

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးခံခဲ့ရသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူးဟောင်း ကိုမင်းသွေးသစ် ပြန်လည်လွတ်မြောက်။

ဖေဖော်ဝါရီ ၂၅ 

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ကနဦးကန့်ကွက်လွှာ ကြားနာပွဲ၌  မြန်မာနိုင်ငံက ဒုတိယအကြိမ် လျှောက်လဲချက်ပေးခဲ့ပြီး ဂမ်ဘီယာက မြန်မာအား တရားစွဲထားခြင်းနှင့်ပတ်သက်၍ တရားရုံးတွင် စီရင်ပိုင်ခွင့်မရှိဟု ဆုံးဖြတ်ပေးရန် မြန်မာကိုယ်စားလှယ်ဖြစ်သူ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် တင်ပြတောင်းဆို။

ဖေဖော်ဝါရီ  ၂၈

ဒေါ်အောင်ဆန်းစုကြည်အား ရွှေနှင့် ဒေါ်လာများ ပေးခဲ့ရသည်ဆိုသော ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း၏ ထွက်ဆိုချက်များအရ အဂတိဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲ ဆိုထားသည့်အမှုကို စွဲချက်တင် အမိန့်ချ။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုထားသည့် အမှုခုနစ်မှုအတွက် ထောင်ဒဏ် ၂၁ နှစ် အမိန့်ချမှတ်။

မတ်

မတ်  ၄

ဒေါက်တာဇော်ဝေစိုး၊ ဒေါက်တာဆာဆာ၊ ဦးမင်းကိုနိုင်အပါအဝင် လူပုဂ္ဂိုလ် ၁၁ ဦးအား မြန်မာနိုင်ငံသားအဖြစ်မှရပ်စဲကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ထုတ်ပြန်။

မတ်  ၆

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တွေ့ဆုံဆွေးနွေးပွဲ နေပြည်တော်၌ပြုလုပ်။

မတ်  ၈

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်အား စွဲဆိုထားသည့် အမှုငါးမှုစလုံးကို စွဲချက်တင်ကြောင်း မတ် ၈ ရက်တွင် မန္တလေးတိုင်းတရားလွှတ်တော်က အမိန့်ချ။

မတ်  ၁၀

၈၈ မျိုးဆက် နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဦးမြအေး မတ် ၁၀ ရက်က ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံရ။

မတ်  ၁၁

နိုင်ငံရေးပါတီများ၏ ပါတီရန်ပုံငွေ၊ ငွေကြေးနှင့်ပစ္စည်းများ စာရင်းပြုစုထားရှိမှုများကို သတ်မှတ်ရက်အတွင်း အစစ်ဆေးခံရန် ပျက်ကွက်သော နိုင်ငံရေးပါတီများအား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီများသို့ ပေးပို့ထားသည့် အကြောင်းကြားစာပါအတိုင်း အရေးယူမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ပြောကြား။

မတ်  ၁၅        

ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားသည့် အဂတိအမှု ငါးမှုကို ချေဖျက်ပေးရန် လျှောက်ထားမှုနှင့်ပတ်သက်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပယ်ချ။

ကလေးမြို့ရှိ အကျဉ်းထောင်တွင် မတ် ၁၅ ရက်က အကျဉ်းသား၊ အချုပ်သား ၅၀ ခန့်သည် အကျဉ်းထောင်တာဝန်ခံအရာရှိ သုံးဦးကို ဓားစာခံပြုလုပ်၍ ထွက်ပြေးရန်ကြိုးစားမှုကြောင့် သေနတ်ပစ်ဖောက်ထိန်းသိမ်းရာမှ အချုပ်သားခြောက်ဦးနှင့် အကျဉ်းသားတစ်ဦး စုစုပေါင်း ခုနစ်ဦး သေဆုံးပြီး အချုပ်သား ၁၂ ဦး ဒဏ်ရာရရှိ။

မတ်  ၁၈        

နော်ဝေဆက်သွယ်ရေးကုမ္ပဏီ Telenor ၏ မြန်မာပြည်လုပ်ငန်းခွဲကို လက်ဘနွန်စီးပွားရေးအုပ်စု  M1 ထံရောင်းချမှုကို မြန်မာနစကက အတည်ပြုလိုက်သည်ဟု ယင်းကုမ္ပဏီနှစ်ခုစလုံးက ထုတ်ပြန်။

မတ်  ၂၄        

၂၀၂၂ ခုနှစ် မတ် ၁၈ ရက်အထိ မြန်မာနိုင်ငံတွင် ဘဏ်ဓားပြတိုက်ခံရမှု ၁၈ ကြိမ် ဖြစ်ပွားခဲ့ပြီး တန်ဖိုးကျပ် ၁၃ ဒသမ ၅ ဘီလျံကျော် ဆုံးရှုံးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား။

မတ်  ၂၅

မြန်မာ့တပ်မတော်မှ အရာရှိကြီးသုံးဦး၊  တပ်မ ၆၆ အပါအဝင် လူပုဂ္ဂိုလ်ခုနစ်ဦး၊ အဖွဲ့အစည်းနှင့်လုပ်ငန်း ခုနစ်ခုကို အမေရိကန်၊ ကနေဒါနှင့် ဗြိတိန်အစိုးရတို့က ဒဏ်ခတ်ပိတ်ဆို့မှုများပြုလုပ်။

မတ်  ၂၆        

လုပ်ကြံသတ်ဖြတ်မှုများကြောင့် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ဝန်းရံထောက်ခံသူ ၁၃၂၇ ဦး သေဆုံးခဲ့ပြီး ပါတီရုံး ၃၄ ရုံးနှင့်နေအိမ် ၂၀၂ လုံး ဖျက်ဆီးခံခဲ့ရကြောင်း ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူပြောကြား။

မတ်  ၂၈

နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ငါးဖွဲ့ တွေ့ဆုံဆွေးနွး။

ဧပြီ

ဧပြီ  ၁           

မြန်မာ-တရုတ် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများ တရုတ်နိုင်ငံတွင် တွေ့ဆုံပြီး နှစ်နိုင်ငံဆွေးနွေးပွဲပြုလုပ်ကာ စီးပွားရေးနှင့်နည်းညာ ပူးပေါင်းဆောင်ရွက်ရေးအပါအဝင် သဘောတူစာချုပ်နှစ်ခု လဲလှယ်။

ဧပြီ  ၃           

ပြည်ပမှဝင်ရောက်သည့် နိုင်ငံခြားငွေများကို ဝင်ရောက်သည့်နေ့မှ တစ်ရက်အတွင်း မြန်မာကျပ်အဖြစ်ပြောင်းလဲ၍ ကျပ်ငွေစာရင်းသို့ ထည့်သွင်းပေးရမည်ဖြစ်ပြီး လဲလှယ်ပေးရမည့်နှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ် ၁၈၅၀ ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထုတ်ပြန်။

ဧပြီ  ၄           

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် ဥရောပသမဂ္ဂက တင်သွင်းခဲ့သည့် မြန်မာနိုင်ငံကိစ္စ ဆုံးဖြတ်ချက်အဆိုချမှတ်ခဲ့ခြင်းကို မြန်မာနိုင်ငံက ပါဝင်ပတ်သက်ခြင်းမပြုဘဲ ပြင်းထန်စွာကန့်ကွက်ပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်။

ဧပြီ  ၇           

မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာသို့ ဖြန့်ကြက်ထားသည့် မူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခိုမှုများအတွက် ယာဂူဇာဂိုဏ်းခေါင်းဆောင်တစ်ဦးကို အမေရိကန်၌ ဖမ်းဆီးရမိဟု ဧပြီ ၇ ရက်တွင် အမေရိကန် တရားရေးဌာနလက်အောက်ရှိ အစိုးရရှေ့နေရုံး ထုတ်ပြန်။

ဧပြီ  ၁၇

၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် မြန်မာနိုင်ငံသား အကျဉ်းသား ၁၅၇၇ ဦးနှင့် နိုင်ငံခြားသားအကျဉ်းသား ၄၂ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြု။

ဦးနု၊ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအဝင် အငြိမ်းစားတပ်မတော်ခေါင်းဆောင်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ၊ နန်းတော်ရှေ့ဆရာတင်အပါအဝင် တေးရေး၊ ဂီတ၊ အတီး၊ အဆို၊ ဆိုင်း၊ ဇာတ်သဘင်၊ အနုပညာရှင်များကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ကြောင်း နစက ထုတ်ပြန်။

ဧပြီ  ၂၀

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ တရားစွဲဆိုခံရသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းအား အလုပ်နှင့် ထောင်ဒဏ် သုံးနှစ် နှင့် ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဒေါက်တာစိုးဦးအား အလုပ်နှင့်ထောင်ဒဏ် နှစ်နှစ်ချမှတ်ခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (ACC) သတင်းထုတ်ပြန်။

  စစ်ကိုင်း- ရွှေဘိုလမ်းတွင် မိုင်းပေါက်ကွဲမှုကြောင့် ဆွမ်းခံကြွသည့် ကိုရင်သုံးပါးအနက် နှစ်ပါးပျံလွန်တော်မူခဲ့ပြီး တစ်ပါးမှာမန္တလေး ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ရ။

ဧပြီ  ၂၂

တွေ့ဆုံဆွေးနွေးရေး ဖိတ်ခေါ်ထားသည့်ကာလနှင့် ဆွေးနွေးနေစဉ်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် အင်အားတိုးချဲ့ခြင်းနှင့် တိုက်ခိုက်ခြင်းများပြုလုပ်ပါက အရေးယူတုံ့ပြန်မည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန်။

ဧပြီ  ၂၃

မြန်မာ -ထိုင်းနယ်စပ် မြဝတီ-မဲဆောက် အမှတ်(၁)ချစ်ကြည်ရေးတံတားထိပ်တွင် ဧပြီ ၂၃ ရက် ည ၁၁ နာရီက ပေါက်ကွဲမှုဖြစ်ပွား။

ဧပြီ  ၂၇

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းနှင့် ဇနီး ဒေါ်ခင်မိမိကြွယ်တို့၏ ရွှေနှင့် ဒေါ်လာများ ပေးခဲ့ရသည်ဆိုသော သက်သေထွက်ဆိုချက်အရ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေဖြင့် စွဲဆိုထားသည့်အမှုအတွက် ထောင်ဒဏ်ငါးနှစ် ချမှတ်။

အထွေထွေရွေးကောက်ပွဲကို General Election ဟူသော စကားရပ်နှင့်အညီ တစ်နိုင်ငံလုံး အကြားအလပ်မရှိ ကျင်းပနိုင်ရန် ကြိုးစားဆောင်ရွက်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြား။

ဧပြီ  ၂၈

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဟောင်း ဦးနိုင်ငံလင်းအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုငါးမှုအတွက် ထောင်ဒဏ် ၁၅ နှစ် ချမှတ်။

ဧပြီ  ၂၉

ထိုင်းနိုင်ငံ၏ PTTEP နှင့် မလေးရှားနိုင်ငံ Petronas ကုမ္ပဏီတို့ ရဲတံခွန်သဘာဝဓာတ်ငွေ့စီမံကိန်းမှ နုတ်ထွက်မည်ဟု ကြေညာ။

ဧပြီ  ၃၀

ရှမ်းတိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ၀ါရင့် နိုင်ငံရေးသမားကြီး SNLD ပါတီဥက္ကဋ္ဌဟောင်း ဦးခွန်ထွန်းဦး ရန်ကုန်မြို့ ၉ မိုင်ရှိ ၎င်း၏နေအိမ်တွင် ကွယ်လွန်။

မေ

မေ  ၂ 

ဂျပန်စွမ်းအင်ကော်ပိုရေးရှင်း ENEOS က ရဲတံခွန်သဘာဝ ဓာတ်ငွေ့စီမံကိန်းမှ နုတ်ထွက်မည်ဖြစ်ကြောင်း ကြေညာ။

မေ  ၄

ဦးဖြိုးမင်းသိန်း၏ ရွှေနှင့်ဒေါ်လာ ပေးရသည်ဆိုသော ထွက်ဆိုချက်အရ ဒေါ်အောင်ဆန်းစုကြည်အား အဂတိဖြင့် ထောင်ဒဏ်ငါးနှစ် ချမှတ်ထားသည့်အမှု ပြင်ဆင်မှုတက်ခဲ့သော်လည်း ပယ်ချခံရ။

မေ  ၅ 

နစကဥက္ကဋ္ဌ၏ ငြိမ်းချမ်းရေး ဆွေးနွေးရေး ဖိတ်ခေါ်မှုအပေါ် ပါဝင်သင့်သူအားလုံးပါဝင်နိုင်ပြီး နိုင်ငံ၏အရေးအရာများကို တန်းတူ ဆွေးနွေးနိုင်မည့် အချိန်အခါ၊ အခင်းအကျင်းရောက်မှသာ ပါဝင်ဆွေးနွေးမည်ဟု KIO ထုတ်ပြန်။

မေ  ၉ 

နစကဥက္ကဋ္ဌ၏ ငြိမ်းချမ်းရေးဆွေးနွေးရေး ဖိတ်ခေါ်မှုနှင့်ပတ်သက်၍ သက်ဆိုင်သူများအားလုံး ပါဝင်ဆွေးနွေးသည့် အခင်းအကျင်း မဖြစ်သည့်အတွက် တက်ရောက်နိုင်မည်မဟုတ်ကြောင်း KNU ထုတ်ပြန်။

မေ  ၁၀

နေပြည်တော်အခြေစိုက် ကဗျာဆရာ ကိုမျိုးတေဇာမောင်အား ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် အလုပ်နှင့်ထောင်ဒဏ် နှစ်နှစ်ချမှတ်။

မေ  ၁၁

အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံမှ နိုင်ငံရေးနှင့်မပတ်သက်သည့် ကိုယ်စားလှယ်ကိုသာ ဖိတ်ကြားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပြောကြား။

မေ  ၁၆

မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံအား အဂတိဖြင့် တရားစွဲထားသည့် အမှုကိုးမှုအတွက် ထောင်ဒဏ် ၂၁ နှစ်ချမှတ်။

မေ  ၁၈

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေ ကွယ်လွန်။

မေ  ၂၀

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် RCSS/SSA ဥက္ကဋ္ဌ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး။

မေ  ၂၂

နစက၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် RCSS ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး သုံးရက်တာ ဆွေးနွေးမှုများအရ သဘောတူညီချက်များကို လက်မှတ်ရေးထိုး။ 

မေ  ၂၃

NLD အစိုးရလက်ထက် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး နှလုံးရောဂါဖြင့် ကွယ်လွန်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး။

မေ  ၂၅

နစကငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ သုံးရက်တာ ဆွေးနွေး ညှိနှိုင်းချက်များအရ သဘောတူညီချက်များကို လက်မှတ်ရေးထိုး။

မေ  ၂၆

  နစကဥက္ကဋ္ဌနှင့် KNU/KNLA-PC အဖွဲ့ဥက္ကဋ္ဌ နေပြည်တော်တွင် တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များဆွေးနွေး။

ဇွန်

ဇွန်  ၁ 

နစကငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် UWSP ဒုတိယ ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သုံးရက်တာဆွေးနွေးညှိနှိုင်း သဘောတူညီချက်များကို လက်မှတ်ရေးထိုး။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များ တွေ့ဆုံ၍နယ်စပ်ဖြတ်ကျော် မှုခင်းများနှင့် ပတ်သက်၍ မြေပြင်သတင်းစုံစမ်း ဖော်ထုတ်ရေးနှင့် တားဆီးနှိမ်နင်းရေး အပါအဝင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများ ဆွေးနွေး။

ဇွန်  ၄           

ဦးဖြိုးဇေယျာသော်နှင့် ဦးဂျင်မီ အပါအဝင် သေဒဏ်ချမှတ်ခံရသူ လေးဦး၏ အယူခံတင်သွင်းခြင်းများကို ပယ်ချ၍ သေဒဏ်ကိုအတည်ပြုခဲ့ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူူ ပြောကြား။

နစက ဥက္ကဋ္ဌနှင့် မိုင်းလားအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး။

ဇွန်  ၆

နစက၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် မိုင်းလားဒုတိယ ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့၏ သုံးရက်တာဆွေးနွေးညှိနှိုင်းသဘောတူညီချက်များ လက်မှတ်ရေးထိုး။

ဇွန် ၉  

ပြည်ထောင်စုဝန်ကြီးနှစ်ဦးနှင့် အာဆီယံအထူးကိုယ်စားလှယ်ရုံးအဖွဲ့ခေါင်းဆောင် ကမ္ဘောဒီးယားနိုင်ငံခြားရေး ဒုတိယဝန်ကြီး နေပြည်တော်တွင် သီးခြားစီတွေ့ဆုံဆွေးနွေး။

ဇွန်  ၁၃

နစကဥက္ကဋ္ဌနှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဒုတိယ ဥက္ကဋ္ဌဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်၌တွေ့ဆုံဆွေးနွေး။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဌာန ဝန်ကြီး  ဦးအောင်သန်းဦးအား တာဝန်မှရပ်စဲကြောင်း ကြေညာ။

ဇွန်  ၁၅

နစကဥက္ကဋ္ဌနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ထပ်မံဖိတ်ခေါ်ခဲ့ပြီး ဇွန် ၃၀ ရက် နောက်ဆုံးထား အကြောင်းပြန်ရန် ထုတ်ပြန်။

ဇွန်  ၁၉

နစကဥက္ကဋ္ဌနှင့် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်မှ စစ်ဦးချုပ် စောစတီးဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ ဆွေးနွေး။

ဇွန်  ၂၁

နစက၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် DKBA စစ်ဦးစီးချုပ် ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ သုံးရက်တာ ဆွေးနွေးညှိနှိုင်း သဘောတူညီချက်များ လက်မှတ်ရေးထိုး။

ဇွန်  ၂၂

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဟောင်း ဒေါက်တာမျိုးအောင်အား အဂတိအမှုငါးမှုအတွက် ထောင်ဒဏ် ၁၅ နှစ်ချမှတ်။

ဇူလိုင်

ဇူလိုင်  ၃        

မြန်မာ-တရုတ် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများ ပုဂံမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ၂၀၂၂ ခုနှစ် စီမံကိန်းရန်ပုံငွေ လွှဲပြောင်းလက်ခံလွှာ အပါအဝင် သဘောတူညီချက်အချို့ လဲလှယ်။

ဇူလိုင်  ၇        

UEC ဥက္ကဋ္ဌဟောင်း ဦးလှသိန်း၊ အဖွဲ့ဝင်ဟောင်း ဦးမြင့်နိုင် အပါအဝင် သုံးဦးကို ရွေးကောက်ပွဲနှင့်ပတ်သက်၍ ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) ဖြင့် ထောင်ဒဏ်သုံးနှစ်စီချမှတ်။

ဇူလိုင်  ၈        

နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာကို ထိပါးသော သုံးနှုန်းမှုများပါဝင်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက အတည်ပြုခဲ့သော အဆို (မူကြမ်း) တစ်ရပ်ကို ကန့်ကွက်ပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်။

ဇူလိုင်  ၁၁      

မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို ထောင်ဒဏ်နှစ်နှစ် ထပ်မံချမှတ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်တရားစွဲဆိုခံခဲ့ရသည့် မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဒေါ်နွယ်နွယ်အောင် အမှုမှ ကွင်းလုံးကျွတ်လွတ်မြောက်။

ဇူလိုင်  ၁၃      

ရုရှားနိုင်ငံသို့ ရောက်ရှိနေသည့် နစကဥက္ကဋ္ဌနှင့် ရုရှား ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများတွေ့ဆုံ၍ စစ်ဘက်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများ ဆွေးနွေး။

ဇူလိုင်  ၁၅      

နိုင်ငံခြားသားပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်းအထိပါဝင်သည့် မြန်မာကုမ္ပဏီများ၏ နိုင်ငံခြားငွေစာရင်းမှ နိုင်ငံခြားငွေများကို ကျပ်ငွေဖြင့် လဲလှယ်ရမည်ဖြစ်ကြောင်း ဗဟိုဘဏ် ထုတ်ပြန်။

ဇူလိုင်  ၂၅      

ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်အပါအဝင် သေဒဏ်ချမှတ် ခံထားရသည့် လေးဦးကို ပြစ်ဒဏ်စီရင်ပြီးဖြစ်ကြောင်း ထုတ်ပြန်။

ဇူလိုင်  ၂၉      

နစကလက်ထက် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့သူ နှစ်ဦးအပါအဝင် စုစုပေါင်း ၂၂ ဦးနှင့် ြူီ အစိုးရလက်ထက် နိုင်ငံရေးရာထူး လက်ရှိ ဖြစ်ခဲ့သူ ၆၀ ဦးကို အဂတိဖြင့် တရားစွဲဆိုထားကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ထုတ်ပြန်။

ဇူလိုင်  ၃၁      

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးကျင်းပပြီး အရေးပေါ်ကာလအား ခြောက်လ သက်တမ်းတိုးကြောင်း ယာယီသမ္မတ ဦးမြင့်ဆွေက လက်မှတ်ရေးထိုးထုတ်ပြန်။

သြဂုတ်

သြဂုတ်  ၇      

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေ တရုတ်နိုင်ငံ၌ ကွယ်လွန်။

သြဂုတ်  ၁၁    

နိုင်ငံခြားအဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံ ရန်ရှိပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကြိုတင်၍ တင်ပြရန် နိုင်ငံရေးပါတီများကို UEC စာပို့။

သြဂုတ်  ၁၂    

ပုဒ်မ ၅၀၅ (က)၊ (ခ) တို့ဖြင့် တရားစွဲဆို ထောင်ချခံထားရသည့် ဗိုလ်ကြီးဟောင်း နေမျိုးဇင် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်။

သြဂုတ်  ၁၄

မြန်မာနိုင်ငံနှင့်ပတ်သက်၍ မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်အပေါ် ကန့်ကွက်ကြောင်း ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၂ ပါတီ ပူးတွဲသဘောထားထုတ်ပြန်။

သြဂုတ်  ၁၅

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် မြေကွက်များ လျှောက်ထားရယူမှုနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အား အဂတိဖြင့် စွဲချက်တင်ထားသည့် အမှုလေးမှုအတွက် ထောင်ဒဏ်ခြောက်နှစ် ချမှတ်။

သြဂုတ်  ၁၆    

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာသည် မြန်မာနိုင်ငံသို့ ပထမဆုံးခရီးစဉ်အဖြစ် လာရောက်။

သြဂုတ်  ၁၇

နစကဥက္ကဋ္ဌနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့ တွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေးအခြေအနေများ ဆွေးနွေး။ 

သြဂုတ်  ၂၂    

ခြံအမှတ် (၅၄) အား ဒေါ်အောင်ဆန်းစုကြည်နှင့် အမွေဆိုင် ခွဲဝေမှုအပေါ် ဦးအောင်ဆန်းဦး၏ အထူးအယူခံ လျှောက်ထားမှုကို ၎င်းတောင်းဆိုသည့်အတိုင်း ခွင့်ပြုကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့်ချ။

စက်တင်ဘာ

စက်တင်ဘာ  ၁

ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် RCSS ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ သုံးရက်တာ ဆွေးနွေးညှိနှိုင်းသဘောတူညီချက်များကို လက်မှတ်ရေးထိုး။

စက်တင်ဘာ  ၂

ရွေးကောက်ပွဲတွင် UEC အား မလျော်သြဇာလွှမ်းမိုးခြင်း စွဲချက်ဖြင့် ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးမင်းသူတို့ကို ရာဇသတ် ကြီးပုဒ်မ ၁၃၀ (က) ဖြင့် ထောင်ဒဏ်သုံးနှစ်စီ ချမှတ်။

စက်တင်ဘာ  ၅

နစကဥက္ကဋ္ဌဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့ရှိ ရေတပ်လေ့ကျင့်ရေး သင်တန်းကျောင်းနှင့် အရှေ့ဖျား ရေငုပ်သင်္ဘောဌာနချုပ်သို့ သွားရောက်လေ့လာ။

စက်တင်ဘာ  ၆

နစကဥက္ကဋ္ဌနှင့် ရုရှားအဏုမြူကော်ပိုရေးရှင်း အမှုဆောင် အရာရှိချုပ် တွေ့ဆုံ၍ နျူစွမ်းအင်ကို အကျိုးရှိစွာ ဆောင်ရွက်နိုင်မည့်အခြေအနေများ ဆွေးနွေးခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်ဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး ။

စက်တင်ဘာ  ၇

နစကဥက္ကဋ္ဌနှင့် ရုရှားသမ္မတတို့တွေ့ဆုံပြီး နျူစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရေး ကိစ္စရပ်အပါအဝင် ကဏ္ဍပေါင်းစုံဆွေးနွေး။

စက်တင်ဘာ  ၈

ရုရှားနိုင်ငံ Primorsky ဒေသ အစိုးရအဖွဲ့အကြီးအကဲနှင့် Republic of Buryatia အစိုးရအဖွဲ့အကြီးအကဲတို့အား နစကဥက္ကဋ္ဌ သီးခြားစီ တွေ့ဆုံ။

စက်တင်ဘာ  ၉

နစကဥက္ကဋ္ဌနှင့် ရုရှားနိုင်ငံ အာကာသကော်ပိုရေးရှင်း အထွေထွေညွှန်ကြားရေးမှူးချုပ်တွေ့ဆုံ၍ နှစ်နိုင်ငံနည်းပညာရပ်ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ ဆွေးနွေး။

စက်တင်ဘာ  ၂၉

ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း သုံးဦးနှင့် သြစတြေးလျနိုင်ငံသား ရှောင်တာနယ်တို့ကို လျှို့ဝှက်အက်ဥပဒေဖြင့် ထောင်ဒဏ်သုံးနှစ်စီ ချမှတ်။

အောက်တိုဘာ

အောက်တိုဘာ  ၅

ပြည်ခိုင်ဖြိုးပါတီ၏ တတိယအကြိမ် ပါတီညီလာခံ အစည်းအဝေးတွင် ပါတီဥက္ကဋ္ဌအဖြစ် ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ (၁) အဖြစ် ဦးမြတ်ဟိန်း၊ ဒုတိယဥက္ကဋ္ဌ (၂) အဖြစ် ဦးလှထွန်းတို့ကို ရွေးချယ်တင်မြှောက်။

မြန်မာနိုင်ငံ၌ ဆန္ဒပြပွဲတွင် အဖမ်းခံရသည့် ဂျပန်နိုင်ငံသား မှတ်တမ်းရိုက်ကူးရေးသမားအား ပုဒ်မ ၅၀၅ (က)၊ အီလက်ထရွန်နစ် ဆက်သွယ်ရေးဥပဒေတို့ဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်။

အောက်တိုဘာ  ၉

အထွေထွေရွေးကောက်ပွဲအတွက် မဲရုံသုံးပစ္စည်းများ ဝယ် ယူရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တင်ဒါခေါ်ယူ။

အောက်တိုဘာ  ၁၀     

ယုံကြည်မှုတည်ဆောက်နိုင်ရေး၊ နိုင်ငံရေးပြဿနာများအား ဖြေရှင်းနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း RCSS ဖိတ်ခေါ်။ 

အောက်တိုဘာ  ၁၁     

နေပြည်တော်တွင် ဆောင်ရွက်ခဲ့သည့် စီမံကိန်းများနှင့် ပတ်သက်၍ ဒေါက်တာမျိုးအောင်နှင့်  ဦးရဲမင်းဦးတို့ကို တရားစွဲထားသည့် အမှုများအတွက် ထောင်ဒဏ်သုံးနှစ်စီ တစ်ပေါင်းတည်းကျခံစေရန် အမိန့် ချမှတ်။

အောက်တိုဘာ  ၁၂

စေပိုင်ကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်ထံမှ ဒေါ်လာငါးသိန်းခွဲ လာဘ်ယူခဲ့ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိဖြင့် စွဲချက်တင်ထားသည့် အမှုနှစ်မှုအတွက် ထောင်ဒဏ်သုံးနှစ် တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်။

အောက်တိုဘာ ၁၅      

NCA စာချုပ် လက်မှတ်ရေးထိုးခြင်း ခုနစ်နှစ်မြောက် နှစ်ပတ်လည်နေ့ တွေ့ဆုံပွဲအခမ်းအနား နေပြည်တော်တွင် ကျင်းပ။

အောက်တိုဘာ  ၂၂

မြန်မာနိုင်ငံကို နိုင်ငံတကာငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (FATF) က အမည်မည်းစာရင်း သတ်မှတ်။

အောက်တိုဘာ  ၂၆     

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟောင်း ဦးလှသိန်းနှင့် အဖွဲ့ဝင်ဟောင်း ဦးမြင့်နိုင်တို့ ပြန်လည်လွတ်မြောက်လာ။

အောက်တိုဘာ  ၂၇     

သူရဦးရွှေမန်း ဦးဆောင်သော ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ပါတီဖျက်သိမ်းရန် တင်ပြမှုအပေါ် အတည်ပြု၍ ပါတီမှတ်ပုံတင်ခွင့်ပြုထားခြင်းကို ဖျက်သိမ်းကြောင်း UEC ကြေညာ။

အောက်တိုဘာ  ၃၀     

လျှို့ဝှက်အက်ဥပဒေဖြင့် ထောင်ဒဏ်သုံးနှစ် ချမှတ်ခံထားရသည့် စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးစိုးဝင်း ပြန်လည်လွတ်မြောက်လာ။

နိုဝင်ဘာ

နိုဝင်ဘာ  ၉    နစက၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး။

နိုဝင်ဘာ  ၁၃

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် နိုဝင်ဘာ ၁၃ ရက်က KIO အရာရှိ ၁၃ ဦးနှင့် အရပ်သားအချို့ ဖမ်းဆီးခံရ။

နိုဝင်ဘာ   ၁၇  

ဝန်ကြီးဟောင်း ဦးကျော်တင့်ဆွေ၊ UEC အဖွဲ့ဝင်ဟောင်း ဦးသန်းဌေး၊ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၊ သြစတြေးလျနိုင်ငံသား ရှောင်တာနယ်၊ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းအပါအဝင် အကျဉ်းသားအကျဉ်းသူ ၅၇၇၄ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေး

ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရသည့် အနုပညာရှင် ၁၁ ဦးကို အမှုပိတ်သိမ်း။

အင်းစိန်အကျဉ်းထောင်မှ ရွှေညဝါဆရာတော်၊ ဦးမြအေး၊ စာရေးဆရာ မောင်သာချို၊ NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုဥက္ကဋ္ဌဟောင်း ဦးလင်းနိုင်မြင့်တို့ ပြန်လည်လွတ်မြောက်။

နိုဝင်ဘာ  ၁၈

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ လုပ်ကြံသတ်ဖြတ်ခံရမှုကြောင့် သံဃာ ၆၇ ပါး၊ သီလရှင် တစ်ပါး ပျံလွန်တော်မူခဲ့ပြီး ပညာရေးဝန်ထမ်းဦးရေ ၄၀ နှင့် ကျန်းမာရေးဝန်ထမ်း ၁၃ ဦး သေဆုံးခဲ့ကြောင်း နစကထုတ်ပြန်။

ရက္ခိုင့်တပ်တော် (AA) အဖွဲ့ဝင် ၁၇ ဦး၊ ကချင်လွတ်မြောက် ရေးတပ်မတော် (KIA) အဖွဲ့ဝင် ၁၇ ဦး၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) အဖွဲ့ဝင် ငါးဦး၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အဖွဲ့ဝင်နှစ်ဦးတို့ကို ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပြီး AA အဖွဲ့ဝင် တစ်ဦးနှင့် KIA အဖွဲ့ဝင်သုံးဦးကို တရားရုံးများတွင် စွဲဆိုထားသည့်အမှုများ ပိတ်သိမ်း။

နိုဝင်ဘာ  ၁၈   

နျူကလီးယားစွမ်းအင်အားအသုံးပြု၍ လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် စူးစမ်းလေ့လာတိုင်းတာမှုဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ ရုရှားနိုင်ငံရှိ Rosatom ကုမ္ပဏီနှင့် မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပူးပေါင်းဆောင်ရွက်နိုင်ရန် နားလည်မှု စာချွန်လွှာ (MoU) ရေးထိုး။

ဒီဇင်ဘာ

ဒီဇင်ဘာ  ၅     

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ အမြဲတမ်း အကြံပေးနှင့် ကချင်အမျိုးသားများအတိုင်ခံအဖွဲ့၏ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွမ် မန္တလေးတံတားဦးလေဆိပ်တွင် ထိန်းသိမ်းခံရ။

တတိယအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကော်မရှင်အစည်းအဝေး ကျင်းပခဲ့ပြီး စာချုပ်စာတမ်းခုနစ်ခု လက်မှတ်ရေးထိုး။

ဒီဇင်ဘာ  ၆

ရွေးကောက်ပွဲ၌မလျော်သြဇာသုံးခဲ့သည့်စွဲချက်ဖြင့် မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို ထောင်ဒဏ်နှစ်နှစ်ချမှတ်။

ဒီဇင်ဘာ  ၈     

နစကလက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး အဂတိဖြင့် ပထမဆုံးအရေးယူခံရသည့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးလှစိုးအား ထောင်ဒဏ် ၁၅ နှစ်ချမှတ်။

ဒီဇင်ဘာ  ၁၅   

တပ်မတော် (လေ) ၏ (၇၅) နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပခဲ့ပြီး SU – 30 SME ၊FTC 2000G၊ FT-7၊ K-8W အမျိုးအစား တိုက်လေယာဉ်များ၊ Y-8 သယ်ယူပို့ဆောင်ရေးလေယာဉ်၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး Ka - 28 အမျိုးအစားရဟတ်ယာဉ်များ တပ်တော်ဝင်။

ဒီဇင်ဘာ  ၂၁   

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများရပ်တန့်ရန် တောင်းဆိုသည့် ဆုံးဖြတ်ချက်အဆိုမူကြမ်းကို လုံခြုံရေးကောင်စီအတည်ပြု။

ဒီဇင်ဘာ  ၂၃   

အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပပြီး အနိုင်ရသည့် ပါတီအား နိုင်ငံတော်တာဝန် လွှဲအပ်ပေးရေးအပါအဝင် ရှေ့လုပ်ငန်းစဉ် ငါးရပ်ကို အကောင်အထည်ဖော်လျက်ရှိသဖြင့် နိုင်ငံတကာအနေဖြင့် မြန်မာ အစိုးရ၏ ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေး ဆောင်ရွက်ချက်များကို အားပေးထောက်ခံရန်လိုအပ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်။

Burma Act ပါဝင်သည့် အမေရိကန်ကာကွယ်ရေးဌာန၏ အမျိုးသားကာကွယ်ရေးအက်ဥပဒေ (NDAA) ကို သမ္မတဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုးအတည်ပြု။

ဒီဇင်ဘာ  ၂၇   

အမေရိကန်သမ္မတ အတည်ပြုခဲ့သည့် NDAA ဥပဒေက အကြမ်းဖက်မှုကို အားပေးပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်။

နစက၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ငါးဖွဲ့တို့ ပထမနေ့တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆွေးနွေးမည့် အစီအစဉ်ရှစ်ရပ်ကို အတည်ပြု။

Most Read

Most Recent