(၁)
နေရာတကာတွင်ဈေးနှုန်းအသီးသီးတို့မြင့်တက်နေသည့်အခြေအနေ။ စီးပွားရေး ဝေါဟာရ အရ ငွေကြေးဖောင်းပွမှုဟုခေါ်သည့် အင်ဖလေးရှင်း (inflation)။ ထိုအခြေအနေကို တစ်ကမ္ဘာ လုံးရှိ စီးပွားရေးအဆောက်အအုံအားလုံး နီးပါး ရင်ဆိုင်နေကြရသည်မှာကြာပြီ။ဈေးနှုန်း များမြင့် တက် စေသည့် အင်ဖလေးရှင်းအကြောင်းတရားများအဘယ်နည်း။ ဘောဂဗေဒ အခြေခံ သီအိုရီ သဘော တရား များ တွင်ဖော်ပြထားသကဲ့သို့ ဝယ်လိုအားများမြင့်တက်လာမှု၊ စီးပွားရေး အဆောက်အအုံ အတွင်း ငွေကြေးပမာဏများပြားလာမှု၊ ကုန်ကျစရိတ် များမြင့် မားလာမှုစ သဖြင့်ရှိသကဲ့သို့ ဆင့်ပွား လာသောအကြောင်းတရားမျိုးစုံ၊ အခြေအနေမျိုးစုံရှိသည်။နယ်ပယ်ကဏ္ဍစုံပိုမို ဆက်စပ် လာနေ သော ယနေ့ကမ္ဘာ့စီးပွားရေး နယ်ပယ်တွင်မူ ပိုမိုများပြားသော အကြောင်းတရားများ၊ ဇစ်မြစ် များ လည်း ရှိလာနေသည်။ အားလုံးသည် အင်ဖလေးရှင်း ကို အပူရှိန်တက်လာစေရန် ထပ်မံမီးထိုးပေး သည့် အခြေ အနေများသာဖြစ်သည်.။
ပညာရှင်များ၊ သုတေသီများက အင်ဖလေးရှင်းအကြောင်းတရားများကို ရှု ထောင့် အမျိုး မျိုးမှ ထပ်မံ စူးစမ်းရှာဖွေကြသည်။ အစိုးရများလည်းမူဝါဒအမျိုးမျိုး၊ဗျူဟာ အမျိုးမျိုး ခင်း ကျင်း ၍ အင်ဖလေးရှင်းကိုဖယ်ရှားနိုင်ရေးအားထုတ်နေကြ၏။တစ်နပ်စားမကြံရွယ်ဘဲရေရှည်ရပ်တည် နိုင် ရေးကိုသာဦးတည်ထားကြသော စီးပွားရေးလုပ်ငန်းများကလည်း အင်ဖလေးရှင်းဖိအားကို လျှော့ ချနိုင်ရေး နည်းလမ်းများရှာ ဖွေလုပ်ဆောင် နေကြ သည်။
(၂)
ကြီးကြီးကျယ်ကျယ်ပြောရလျှင် အင်ဖလေးရှင်းသည် စီးပွားရေးလုပ်ငန်း၊ကုမ္ပဏီတစ်ခု သို့မဟုတ် စားသုံးသူတစ်ဉီးထက်ပိုသော လူအဖွဲ့အစည်းတစ်ရပ်လုံးနှင့် သက်ဆိုင်သော ပြဿနာ ဖြစ်သည်။ တစ်ဉီးချင်း၊တစ်ဖွဲ့ချင်း၊ လုပ်ငန်းတစ်ခုချင်းထက် တာဝန်ရှိသည့် အစိုးရအဖွဲ့အစည်းများ အတူတကွပေါင်းစပ်၍ ကျွမ်းကျင်လိမ္မာစွာလုပ်ဆောင်နိုင်မှုက ပို၍အရေးကြီးသည်။ သို့သော် ထိုအဖွဲ့ အစည်းများကဖြေရှင်းနိုင်ခြင်းမရှိသေးလျှင် လုပ်ငန်းတစ်ခုချင်းစီ၏ အင်ဖလေး ရှင်း ဖိအား လျော့ကျရေး လုပ်ဆောင်မှုများမှတဆင့် ကနဦး အထောက်အကူရစေနိုင်သည်။ စီးပွား ရေး အဆောက် အအုံတစ်ခုအတွင်း ကျင် လည်လှုပ်ရှားနေကြသော လုပ်ငန်းများ၊ စားသုံး သူများ အားလုံးအတွက် အတိုင်းအတာတစ်ခုအထိ အထောက်အကူဖြစ်စေသည်ဟု သုတေသီ အချို့က လေ့လာတွေ့ရှိထားသည်။
(၃)
အင်ဖလေးရှင်းသည် စားသုံးသူတစ်ဦးလက်ထဲရှိ ငွေကြေးပမာဏ၊ ဝယ်နိုင်စွမ်းအား၊ တို့ကို အပြောင်းအလဲ ဖြစ်စေသောကြောင့် ရောင်းရေးဝယ်တာ ဖလှယ်ရေးရာကိစ္စများအပေါ် များ စွာ သက်ရောက်မှုရှိ၏။ထိုမှတဆင့်စီးပွားရေးအဆောက်အအုံအတွင်း ဆက်လက်လည်ပတ် ဖြစ်ပေါ်လာ မှုများက စီးပွားရေးလုပ်ငန်းတစ်ခုချင်းစီမှသည် စီးပွားရေးအခြေအနေ တစ်ရပ် လုံး ၏ အခြေအနေများအဆုံး တစ်ဆင့်ပြီးတဆင့် သက်ရောက်လျက် အပြောင်းအလဲဖြစ်လာစေနိုင်သည်။
အင်ဖလေးရှင်းအခြေအနေ မြင့်မားနေသည့်အချိန်များတွင် စားသုံးသူများ၏ ဝယ်ယူသုံး စွဲမှုပမာဏ လျော့နည်းသွားသည်။ လိုအပ်ချက် ( need) ကို နည်းပါးအောင်ထိန်းသိမ်းကြလိမ့်မည်။ လိုအင် ဆန္ဒများ( wants) များကို ယခင်ကာလများထက် လျော့ နည်းစေရန်၊ ချိန်ဆ လျှော့ချ ကြ လိမ့်မည်။ အင်ဖလေးရှင်း ကိုရင်ဆိုင်နေရသည့်အချိန်အတွင်း အခြေအနေအမျိုးမျိုးအောက်တွင် စားသုံးသူ တို့၏ ဝယ်ယူသုံးစွဲမှု ကျုံ့သွားစေသည်။ ငွေကြေးသုံးစွဲမှုများ ကျုံ့လာမည်။
(၄)
အင်ဖလေးရှင်းဖြစ်နေချိန်တွင် စီးပွားရေးအဆောက်အအုံတွင်းစီးပွားရေးလုပ်ငန်းများ၏အ ားထုတ် မှုအမျိုးမျိုးကိုတွေ့ရသည်။ ပိုင်ရှင်များ၏သဘောထားများပေါ်မူတည်၍ တူညီကြမည် မဟုတ်ပေ။ အချို့က ၎င်းတို့ ဝယ်နေကျစားသုံးသူများ(ဖောက်သည်)များ ဆက်လက်ထိန်းထား နိုင်ရန်ဈေးနှုန်းမြှင့်တင်ခြင်းမပြုလုပ်ဘဲ ယခင် ဈေးနှုန်းဖြင့် ပင် ရောင်းချနိုင်ရေးအားထုတ်ကြသည်။ ယခင် ဈေး နှုန်းကို မမြှင့်တင်ဘဲ ထိုဈေးနှုန်းအတိုင်း ထုတ်ကုန်အရွယ် အစားကို လျှော့ ချ ထုတ် လုပ်ကြတတ် သည်။ ထိုသို့အခြေအနေကို ရှရင့်ဖလေးရှင်း ( Shrinkflation ) ဟုဆိုသည်။ အချို့ ကလည်းမြင့်တက်လာသောကုန်ကျစရိတ်ကိုကာမိစေရန်ဈေးနှုန်းတိုးမြှင့်မှုကို မသိမသာ ပြုလုပ် လေ့ရှိသည်။
အချို့ကထို့သို့မဟုတ်။ အင်ဖလေးရှင်းကို အကြောင်းပြု၍ ဖြစ်သင့်ဖြစ်ထိုက်သည့် ပမာဏ ထက်ပိုမို၍ ဈေးနှုန်းမြှင်တင်တတ်ကြသည်။ အင်ဖလေးရှင်းအခြေအနေကို ကောင်းစွာ အသုံးချ၍ အမြတ်ပိုမိုရရှိရန်ကြိုးစားရင်း စားသုံးသူများ ကို ကုန်ဈေးနှုန်းသောက ထပ်မံ ပေးသည်။ ထို အခြေအနေကိုလည်း ဂရိခ် ဖလေးရှင်း (greedflation) ဟုဆိုကြပြန်၏။ ရှရင့်ဖလေးရှင်း ( Shrinkflation )နှင့် ဂရိခ် ဖလေး ရှင်း ( greedflation)တို့အတူ ပေါင်းစပ်မိသွား သောသောအခါ အဆိုး ဆုံး အခြေအ နေဖြစ် သွားသည်ဟုဆိုသည်။ စားသုံးသူများသည် အင်ဖလေးကြောင့်ဖြစ် ပေါ်လာ သောဖိအားဒဏ်ကိုဖြစ်သင့်သည် ပို မိုပြင်းထန် စွာကြုံတွေ့ကြရသည်။ထိုအခြေအနေတွင် ဒေါက်ဖလေးရှင်း (doubtflation)ဟုခေါ် သည့် သံသယ စိတ်ကြောင့်ဖြစ်ပေါ်လာ တတ်သည့် အင်ဖလေး ရှင်းကိုမီးမွှေးပေးသကဲ့သို့ဖြစ်သွားသည်။ စားသုံး သူများ၏ လုပ်ငန်းများနှင့် ဈေးကွက် အပေါ် ယုံကြည့်မှုလုံးလုံးလျားလျား လျှော့သွားတော့၏။
လုပ်ငန်းများနှင့် ဈေးကွက်များအပေါ် စားသုံးသူများယုံကြည်မှု လျော့ နည်း လာသော ကြောင့် ဈေးနှုန်းသည်လည်း ထုတ်လုပ်ရောင်းချသူနှင့် ဝယ်ယူစားသုံးသူတို့ အတွက် အသုံးဝင် သည့် ဈေးကွက်အချက်ပြမဖြစ်နိုင်တော့ပေ။ ထို့ကြောင့် ရောင်းသူဝယ်သူ နှစ်ဖက်စလုံးအတွက် ဈေးကွက် ဆုံးဖြတ်ချက်များ ပြု လုပ် ရန် ခက်ခဲလာတော့သည်။
(၅)
အင်ဖလေးရှင်းသည် ရေရှည်တွင် စားသုံးသူသာမက ထုတ်လုပ်ရောင်းချသူများကိုပါ အကျဉ်း အကျပ်ဖြစ်လာ စေသည်။ အင်ဖလေးရှင်းမြင့်မားလာသည့်အခြေအနေတွင် အိမ်ထောင်စု များ၌ ဝင်ငွေ အဓိက ရှာဖွေပေးနေသူအပေါ်ဝန်ထုပ်ဝန်ပိုးကြီးမားလာသကဲ့သို့ စီးပွားရေး လုပ်ငန်းများ၏ အကြီးအကဲများ၊ လုပ်ငန်းခွင်တာဝန်ရှိသူများအပေါ် တွင် လည်း ထုတ်လုပ်မှုဆိုင်ရာ၊ ဈေးကွက်ဆိုင် ရာ ဆုံးဖြတ်ချက် များ လုပ်ဆောင်ရာ၌ ယခင်ကာလများကထက် ဝန်ထုပ ်ဝန်ပိုးပိုမိုကြီးမားလျက် အခက်အခဲရင်ဆိုင်ရမှုများပြားလာ သည်။
မြင့်မားသော အင်ဖလေးရှင်းအခြေအနေတွင် အစိုးရအဖွဲ့အစည်းများ၊ ပညာရှင်များ စသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ၏ ဖြေရှင်းမှု မည်သို့ပင်ရှိစေကာမူ လက်တွေ့ ကြုံတွေ့ နေရ သည့် ဈေးကွက်ထဲရှိ ထုတ်လုပ်သူများ၊ ရောင်းချသူများ အနေဖြင့် ဥစ္စာရင်လို ဥစ္စာရင်ခဲ စကား ကဲ့သို့ ရောင်းလိုဘက်သာမက ဝယ်လိုအားဘက်ရှိ စားသုံးသူ များ အခက်အခဲ လျော့ကျစေရန် အားထုတ် လုပ်ဆောင်ကြရန်လိုသည်။ အင်ဖလေးရှင်းဖိအား ပိုမိုကြီး ထွားမှုမရှိစေဘဲ အချိန်ကာလ တစ်ခုအထိ ဈေးကွက်အတွင်း အဆက်မပြတ်လှုပ်ရှား နိုင်ရေး ကို ရည်ရွယ် ချက်ထားရမည်။
ထုတ်လုပ်သူများ၊ရောင်းချသူများအနေဖြင့် ဈေးကွက်အတွင်းစားသုံးသူများ၏ ယုံကြည် မှုပြန်လည်ရရှိလာရန်အားထုတ်လုပ်ဆောင်သင့်သည်။ စီးပွားရေး လုပ်ငန်းပိုင်ရှင်များ၊ မန်နေဂျာများ သို့မဟုတ် တာဝန်ရှိသူ များသည် ထုတ်ကုန်တစ်ခုနှင့်ပတ်သက်၍ အင်ဖလေး ရှင်း ဖိအားကို အားလုံးမျှဝေကျခံနိုင်ရေး နည်းလမ်းရှာဖွေခြင်း၊ ကုန်ကြမ်း သို့မဟုတ် သွင်းအားစုထောက် ပံ့ ပေးသူများ၊ အလုပ်သမားများ၊ တာဝန်အဆင့်ဆင့်ရှိသော ဝန်ထမ်းများ၊ စားသုံးသူများ နှင့် တွေ့ ဆုံဆွေးနွေးခြင်း၊မိတ်ဖက် အစီအစဉ်များပြု လုပ်ပေး ခြင်းတို့အာရုံစိုက်လုပ်ဆောင်ကြရမည်။
(၆)
၂၀၂ဝခုနှစ်က သုတေသီတစ်ဦး ရေးသားထားသည့် စာတမ်းတစ်စောင်ထဲ၌ ဗင်နီဇွဲလား နိုင်ငံရှိလက်လီအရောင်းသမား တစ်ဦး၏ အင်ဖလေးရှင်းကာလ အားထုတ်မှုအတွေ့အကြုံ ကိုဖော်ပြ ထားသည်။ ထိုစာတမ်းထဲတွင် “ဟိုက်ပါ အင်ဖလေးရှင်း ကြောင့် ဖြစ်လာ သောဝန်ထုပ် ဝန်ပိုးကိုလျှော့ချရာ၌ ၎င်းတို့၏ဆိုင်တွင် ကုန်ပစ္စည်းများကိုဈေးနှုန်း လျော့ ချပေးခြင်း၊ အထူးသဖြင့် အခြေခံ စားသောက် ကုန် များကို ဈေးနှုန်းအထောက်အပံ့ဖြင့် ရောင်းချ ပေးခြင်း၊ ၎င်း၏ဆိုင်တွင် လုပ်ကိုင်နေသော အလုပ်သမားများ ကို စား သောက်ကုန်များ ထောက်ပံ့ ပေးခြင်းတို့ဖြင့် ၎င်းတို့ ကိုယ်ပိုင်အမြတ်ငွေများကို စားသုံးသူ၊ အလုပ်သမားများနှင့်အတူ မျှဝေရယူသည့် စိတ်သဘော ထား လျက် အင်ဖလေးရှင်းဖိအား လျော့ကျစေရန် လုပ် ဆောင် ခဲ့သည်”ဟု ဖော်ပြထား သည်။
(၇)
နောက်ထပ် အတွေ့အကြုံမှာ အမေရိကန် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခု ၏ အားထုတ်မှုဖြစ်သည်။ ကိုဗစ်ကပ်ရောဂါအကျပ်အတည်း၊အင်ဖလေးရှင်းဒဏ်တို့ကြောင့် ဆေးခန်း နှင့် ဆေးရုံ ကုန်ကျ စရိတ်များ အလွန်အမင်းမြင့်တက် လာနေချိန်တွင် အမြဲတမ်းဖောက်သည်များ ( ပုံမှန်လာရောက်ပြသနေသည့် လူနာများ ) လိုအပ်သည့် ဝန်ဆောင်မှု များ အဆက် မပြတ် ရရှိ စေရန် ဈေးနှုန်း (ဝန်ဆောင်ခနှင့် အခြားသောဆေးဝါးကုန်ကျစရိတ်) မြှင့်တင်သတ်မှတ်ခြင်း မပြု ဘဲ ဈေးနှုန်း လုပ်ငန်း စဉ်များကို အလုံးစုံ ပြင် ဆင်၍ လူနာဖောက် သည်များ ဈေးနှုန်း မြင့်တက်မှု ဖိအား မခံစားရ စေရန် လုပ်ဆောင်ပေး ခဲ့ခြင်းဖြစ် သည်။ဤသို့ဖြင့် လူ့ အသက်ရှင်သန် ရေး အတွက် လည်းကောင်း အသက်ဘေး အန္တရာယ် မှ လွတ်မြောက်ရေး အတွက်လည်းကောင်း အရေးကြီးနေသော အချိန်တွင် ဈေးနှုန်းမြင့် တက်မှု အကန့် အသတ်ကို ကျော် လွှားနိုင် ရေး တတ်နိုင်သမျှ လုပ်ဆောင် ပေးခဲ့ခြင်း ဖြစ်သည်။ ထိုလုပ်ငန်းသည် အင်ဖလေး ရှင်းကြောင့်ဖြစ် လာသော ဈေးနှုန်းမြင့်တက်မှုကို စားသုံး သူ ဖောက်သည်များနှင့် အတူ တက ွကျော်ဖြတ်ရင်း လုပ်ငန်း ၏အနာဂတ် အောင်မြင်မှုအလားအလာအတွက်အရေးပါသည့် စားသုံးသူ ၏ ယုံကြည် မှုကိုပါ ရယူနိုင်ခဲ့သည်ဟုဆိုရမည်။
(၈)
နောက်ထပ်အတွေ့အကြုံ တစ်ခုမှာ အစ္စရေးနိုင်ငံရှိ လမ်းဘေး ဈေးသည် တစ် ယောက် ၏အားထုတ်မှုဖြစ်သည်။ ဈေးနှုန်းများမြင့်တက်နေချိန်တွင် အစ္စရေးမြို့ တစ်မြို့ရှိ ဖလာဖဲလ် ( Falafel) ခေါ် ပဲကြော်လုံး ( ဘယာကြော်ပုံစံ စားစရာ ) ရောင်းသည့် ဈေး သည်တစ်ဦးသည် ၎င်း ရောင်းချ သည့် စား စရာတို့ကို ဈေးနှုန်းမြှင့်ထားခြင်းမရှိဘဲ ယခင်ဈေးနှုန်းများ အတိုင်း သတ်မှတ် ရောင်းချခဲ့ သည်။ အခြားကုန်ပစ္စည်းများ၏ လက်လီ ဈေးနှုန်းမြင့် တက်နေသည့်တိုင် ဈေးနှုန်း မတက်ဘဲ အရင်အတိုင်းရောင်းချပေးသည့် အတွက် ဖောက်သည်များက ၎င်းထံမှ ယခင် အတိုင်း ပုံမှန် ဝယ်ယူနိုင်ခဲ့ကြသည်။မြင့်တက်လာသော ကုန်ကျစရိတ်ရှိနေ သည့် တိုင် အချိန်ကာလ တစ်ခု အတွင်း ယခင်ရရှိထားသည့် အမြတ်ပမာဏကို လျှော့ချယူ၍ လည်းကောင်း၊ အခိုက် အတန့် အနည်းငယ်အရှုံးခံ၍လည်း ကောင်း ရောင်းချခဲ့ခြင်းဖြင့် စားသုံးသူများက ၎င်းအပေါ် ခင်မင်မှု၊ ယုံကြည်မှု နှင့်နား လည်မှုများ ပိုမိုဖြစ် တည်ခဲ့လာရာ အနာဂတ်ကာလများအတွက်ပါ စိတ်ချ ရ သော ဖောက် သည်များ အဖြစ် တည်ဆောက် နိုင် ခဲ့ သည်။
စီးပွားရေးလုပ်ငန်း အကြီးအသေးအများစု သည်ယေဘုယျအားဖြင့် ထိုနည်လမ်းကို အသုံးချ နိုင်စွမ်းမရှိကြချေ။ထိုသို့လုပ်ဆောင်ခြင်းသည်လုပ်ငန်းအတွက် ကာလတိုအချိန်တစ်ခု၌ အခက် အခဲ များ၊ ဆုံးရှုံးမှုများ ရှိနိုင် သော် လည်း ရေရှည်ကာလတွင် လုပ်ငန်းအပေါ် စားသုံးသူများ၏ ယုံကြည် မှု မြှင့်တက်လာစေခြင်း၊အနာဂတ်အတွက်ဖောက်သည်သစ်များဆွဲဆောင်ပြီးသားဖြစ် ခြင်း တို့ ကြောင့် စွမ်းဆောင်ရည် အင်အား ကောင်း သော ကာလရှည်မဟာဗျူဟာဖြစ်ပေသည်။
(၉)
ရောင်းလိုအားဘက်ရှိထုတ်လုပ်မှုလုပ်ငန်းများ၊ဈေးကွက်အတွင်းရှိရောင်းချသူများက ဝယ်လို အားဘက်ရှိ ဝယ်ယူစားသုံးသူ၏အခက်အခဲများ၊လိုအပ်ချက်များကိုသိမြင်လျက် ဖြေရှင်းပေး ခြင်း၊ ဖြည့်ဆည်းပေးခြင်းတို့သည်စားသုံးသူများအတွက် များစွာအထောက်အကူဖြစ် စေ သကဲ့သို့ လုပ်ငန်း များ၏ အနာဂတ်အလားအလာအတွက်လည်း ကြီးမားသော ပံ့ပိုးမှု ကိုဖြစ် စေ သည်။ အခြားသော အချိန်များတွင်လုပ်ဆောင်ပေးခြင်းထက် အင်ဖလေးရှင်းကိုရင်ဆိုင်နေရ ချိန်၌ လုပ်ဆောင်ပေးနိုင် ခြင်း က လုပ်ငန်းများ၏အနာဂတ် အကျိုးစီးပွားဖြစ်ထွန်းမှုအတွက်လည်း များစွာ အထောက် အကူ ရ စေလိမ့်မည်။
ဈေးနှုန်းများအားလုံးမြင့်တက်နေသည့် အင်ဖလေးရှင်း အချိန်ကာလအတွင်း စီးပွားရေး လုပ်ငန်းများ၊ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် အလုပ်သမားများကြား မကြာခဏ တွေ့ဆုံ၍ ငွေကြေးဖောင်းပွမှု အကြောင်း ဗဟုသုတဖြစ်ဖွယ်ပြောဆိုဆွေးနွေးခြင်း၊ လုပ်ငန်းဆိုင်ရာ ဘဏ္ဍာရေး အခြေအနေ၊ဗျူဟာများ၊ဈေးနှုန်းကိစ္စများ၊လုပ်ခ ချိန်ညှိမှုများအတွက် အသိပေးခြင်း၊ ဆွေး နွေးညှိ နှိုင်းခြင်း၊ အမာခံစားသုံသူများ(ဖောက်သည်များ)ကို နည်းလမ်းအမျိုးမျိုး အသုံးပြု၍ တွေ့ ဆုံလျက် အင်ဖလေးရှင်းသောကပြေလျော့စေသည့် အစီအစဉ်များ ပြုလုပ် ပေး ခြင်း၊ အခြား စားသုံးသူများ သိရှိစေရန်လုပ်ဆောင်ပေးခြင်းတို့သည်လည်း ခက်ခက်ခဲခဲရှိ နေသည့် ကာလ အတွင်းမှာပင် မိမိတို့ ကုမ္ပဏီ၊လုပ်ငန်းအပေါ် ယုံကြည်မှုကို တည်ဆောက်နေခြင်းပင်ဖြစ် သည်။ လုပ်ငန်းတစ်ခု၏ ကာလ ရှည်ဖြစ်ထွန်းတိုးတက်မှုကိုဉီးတည်သည့် ထိရောက်သောလုပ်ငန်း မဟာ ဗျူဟာ ဟုပင်ဆို ရပေ မည်။
(၁၀)
အချို့သောစီးပွားရေးအဆောက်အအုံများထဲ၌ စီးပွားရေးလုပ်ငန်းများ အချင်းချင်းကြား တွင်လည်းကောင်း၊ စီးပွားရေးလုပ်ငန်းများနှင့် သမဂ္ဂ အဖွဲ့အစည်းများကြားတွင် လည်းကောင်း၊ စီးပွားရေးလုပ်ငန်းများနှင့် အစိုးရ အဖွဲ့အစည်းများကြားတွင်လည်းကောင်း တွေ့ဆုံ ဆွေးနွေး အဖြေ ရှာလျက် သွင်းအားစု ဈေးနှုန်း များ၊ လုပ်ခလစာများ၊ကုန်ပစ္စည်းဈေးနှုန်းများ အတက် အကျနည်း ပါး စေရန် ထိန်းသိမ်းမှုများကို အတူ တကွလုပ်ဆောင်တတ်ကြပေသည်။
ပိုမိုရှုပ်ထွေးလာသော ငွေကြေးလုပ်ငန်းစဉ်များ၊ ရောင်းလိုအားကွင်းဆက်များ၊ တိုးပွား လာနေသော စားသုံးသူများ၏ လိုအပ်ချက်များ၊ အခြေအနေ အမျိုးမျိုးမှ ပေါ်ထွက်လာနိုင်သော စီးပွားရေး ဘေးအန္တရာယ်များစသဖြင့် အခက်အခဲကြား၌ ရုန်းကန်နေရစဉ် မှာပင် စီးပွား ရေးလုပ်ငန်းအကြီးအသေးမှန်သမျှတို့ သည် အင်ဖလေးရှင်း အပူ လှိုင်း၏ ထပ်မံရိုက် ခတ်လာမှု ကို ခံနေကြရ၏။ ထိုသိုအခြေအနေများကြားမှာပင် လုပ်ငန်းအချို့ ရှင် သန် ရပ်တည်နိုင်ခဲ့ကြသည်ကို စိတ်ဝင်စားဖွယ် လေ့လာတွေ့ရှိနိုင်ပေသည်။ ။
Ref: November 11, 2022 Harvard Business Review










