လူ့သမိုင်း တစ်လျှောက်တွင် မြို့ပြ ယဉ်ကျေးမှုများ (Civilizations)၊ အာဏာပိုင် နိုင်ငံတော်များ (States) နှင့် အဂ္ဂနိုင်ငံတော် အင်ပါယာများ (Empires) ၏ အတက်ခေတ် (Rising Age) နှင့် အကျခေတ် (Falling Age) အခြေအနေအမှန်များကို အမှန်အတိုင်း သိရှိနိုင်ရန် အကဲဖြတ်ရာတွင် ထိုအကြီးစား လူမှုယူနစ်များမှ ပေါ်ထွက်လာသော စားသုံးမှုပုံစံ လမ်းညွှန်ချက်များနှင့် သွယ်ဝိုက်ညွှန် ကြား မူဝါဒများကို အနက်ဖွင့်ဆိုဘာသာပြန် ခြင်းဖြင့် ပကတိ အခြေအနေအမှန်များကို ထိရောက်စွာ အကဲဖြတ်နိုင်သည်။
အတက်ခေတ်များ၏ စားသုံးမှုပုံစံ
အတက်ခေတ်များတွင် အရှေ့တိုင်းနှင့် အနောက်တိုင်း မြို့ပြယဉ်ကျေးမှုများနှင့် အဂ္ဂနိုင်ငံတော် အင်ပါယာများ အားလုံးနီးပါး တွင် အထက်လွှာ လူတန်းစားများ၊ လူလတ် တန်းစားများ နှင့် လွတ်လပ်သော နိုင်ငံသား အလုပ်သမား၊ လယ်သမား၊ လက်မှုပညာ သည် လူတန်းစားများ အပါအဝင်၊ လူမှု အလွှာများ အားလုံးက “ခမ်းနားထည်ဝါ ရက်ရောပေါများစွာ ပေးကမ်းသုံးစွဲမှုများ” (Lavishness)၊ “ကိန်းကြီးခန်းကြီး ဖြုန်းတီး လက်ဖွာမှုများ “ (Extravagance)၊ “ကြွားဝါ ဖြုန်းတီး စားသုံးမှုများ” (Conspicuous Con-sumption))၊ “အလွန်အကျွံ စားသုံးမှုများ” (Overconsumption))၊ အားလပ်ချိန် အပန်း ဖြေချိန်များနှင့် အပန်းဖြေခရီးများကို အချိန် ကြာမြင့်စွာ အချိန်ပေးခြင်း နှင့် ဘာအလုပ်မှ မလုပ်ဘဲ နှစ်ကာလ ကြာမြင့်စွာ ဇိမ်ခံနေထိုင် ခြင်း အစရှိသော အရာများကို အလွန်အကျွံ ပြုလုပ်တတ်ကြသည်။
အကျခေတ်များ၏ စားသုံးမှုပုံစံ
အကျခေတ်များတွင်မူ လူတန်းစားများ၊ လူမျိုးများ၊ တိုင်းပြည်များ၊ မြို့ပြယဉ်ကျေးမှု များနှင့် အင်ပါယာများ အတွင်း “ရိုးရှင်းသော ဘဝနေမှု” (Simple Living)၊ “ရိုးရှင်းချွေတာ ဘဝရှင်သန်မှု” (Frugal Life))၊ “ယုံကြည်ချက် ရည်ရွယ်ချက်ဖြင့် ဘဝနေမှု”( Intentional Living))၊ “ကျင့်ဝတ်နှင့် ညီသော စားသုံးမှု” (Ethical Consumption)) နှင့် “ရေရှည် ထိန်းခံနိုင်သော စားသုံးမှု” (Sustainable Consumption)) ကဲ့သို့သော ကြွေးကြော်သံ များ နှင့်အတူ၊ “စားသုံးသူဝါဒ ဆန့်ကျင်ရေး လှုပ်ရှားမှုများ” (Anti-Consumerism Movements)၊ “ကူးသန်းရောင်းဝယ်ရေး စျေးကွက် ဆန့်ကျင်ရေး လှုပ်ရှားမှုများ” ((Anti-Commercial Market Movements)? )၊ “အကြီးစား လုပ်ငန်းစု ကော်ပရိတ် ဓလေ့ယဉ် ကျေးမှု ဆန့်ကျင်ရေးလှုပ်ရှားမှုများ” (Anti-Coporate Culture Movements)) နှင့် အကျ ခေတ်သို့ သက်ဆင်းနေသော အင်ပါယာ ဟောင်းများအတွင်း “တရားဝင် အာဏာပိုင် နိုင်ငံတော်များ “(Official States) နှင့် “လျှို့ဝှက်အုပ်စိုးမှု ရပ်ဝန်းများ” (Deep States)) နှစ်ဖက်လုံးမှ သွေးရူးသွေးတန်းဖြင့် ပြုလုပ်လာတတ်ကြသည်။
သို့သော်လည်း လက်တွေ့ ၀ါဒဖြန့်ချိရာ တွင် တစ်ဦးချင်း သို့မဟုတ် အစုအဖွဲ့ အလိုက် ရပ်တည်နေသော ပညာတတ်များ နှင့် လူမှု သြဇာလွှမ်းမိုးသူများ၊ ဘာသာရေးနှင့် လူမှု ရေး ခေါင်းဆောင်များကို ထိုကြွေးကြော် သံများအတွက် ရှေ့ထွက် ကြွေးကြော်၊ ၀ါဒ ဖြန့်ချိပေးရန် အသုံးပြုတတ်ကြသည်။
လွတ်လပ်သော ဂရိမြို့ပြနိုင်ငံများ
စပါတာမြို့ပြနိုင်ငံက ဦးဆောင်သော မဟာမိတ်အဖွဲ့ကို အနိုင်ယူပြီးနောက်၊ အောင်ပွဲခံ ယစ်မူးနေခဲ့သော အေသင်မြို့ပြ နိုင်ငံ ဦးဆောင်သော မဟာမိတ်အဖွဲ့၏ ဗဟို အချက်အချာ ဖြစ်သော အေသင် လူ့အဖွဲ့ အစည်းအတွင်း မိမိတို့၏ အကျခေတ်ကိုချဉ်း ကပ်လာနေပြီး ဖြစ်ကြောင်း တွေ့ရှိရိပ်မိလာ သော အေသင် ပညာတတ် လူတန်းစား အတွင်း မအောင်မြင်သော ပြုပြင်ပြောင်းလဲ ရေး လှုပ်ရှားမှုများ ပေါ်ထွက်လာခဲ့သည်။
နတ်ဘုရားအမျိုးမျိုး၏ နတ်ကွန်းများမှ ခမ်းနားလှသော ယဇ်ပူဇော်ပွဲများနှင့် ယင်း နတ်ဘုရားများအပေါ် ယုံကြည်ကိုးကွယ်မှု များအပေါ်ဝေဖန်မှုများ၊ အိမ်ခြေယာခြေ၊ အလုပ်အကိုင်၊ ဝင်ငွေ အတည်တကျ မရှိဘဲ လမ်းမပေါ်တွင် နေထိုင်သူများ၏ ရိုးရှင်း သော ဘဝနေထိုင်မှုပုံစံကို ချီးမွမ်းခန်းဖွင့်ခြင်း များ၊ လူငယ် ယောက်ျားလေးများ အချင်းချင်း ဆန့်ကျင်ဘက်လိင် မိန်းကလေးများနှင့် အမျိုးသမီးများကို လူမှုစီးပွား ကြိုးစားမှုများကို မပြုလုပ်စေတော့ဘဲ ယောက်ျားလေး အချင်း ချင်းသာ အလွယ်တကူ လိင်တူဆက်ဆံမှုကို ပြုလုပ်ရန် အားပေးအားမြှောက်ပြုခြင်းများ၊ စပါတန်တို့၏ စစ်မှုမထမ်းမနေရ စစ်ပုံစံပြု လူ့အဖွဲ့အစည်း၏ စပါတန် တန်ဖိုးများအ ပေါ် ပြန်လည်ဂုဏ်ပြုသော စာအုပ်များ အစ ရှိသော အရာပေါင်းစုံ အေသင်မြို့တွင် ပေါ် ထွက်လာခဲ့သည်။
သို့သော်လည်း အေသင် ဦးဆောင်သော ဂရိမြို့ပြနိုင်ငံများသည် တက်ခေတ်သို့ရောက် ရှိပြီး ကြီးထွားတိုးတက်လာနေသော မက်ဆီ ဒိုးနီးယား အင်ပါယာသစ်ကို မခုခံနိုင်တော့ဘဲ မဟာအလက်ဇန္ဒား (ဗူနထညေိနမ အ့န ွမနအေ) လက်အောက်သို့ ကျရောက်သွားခဲ့သည်။ နောက်ပိုင်းခေတ်များတွင်လည်း ဂရိ တို့သည် မက်ဆီဒိုးနီးယန်း စစ်မှူးမတ်များ၏ ဒေသ ဆိုင်ရာ အင်ပါယာများ၊ ရောမအင်ပါယာ၊ အရှေ့ရောမ အင်ပါယာ၊ အော်တိုမန် တူရကီ အင်ပါယာများ၏ လက်အောက်သို့ ခေတ်အ လိုက် ထပ်ဆင့် ကျရောက်သွားခဲ့ကြသည်။
ဆိုကရေးတီး၊ ပလေတိုနှင့် အရစ္စတို တယ် ဆရာစဉ်တပည့်ဆက် သုံးဦးအပါအဝင် အေသင် ပညာတတ်များ၏ လှုပ်ရှားမှုများက လွတ်လပ်သော ဂရိမြို့ပြနိုင်ငံများ၏ အကျ ခေတ်ကို တားဆီးကာကွယ်ခြင်း မပြုလုပ်နိုင် ခဲ့။ အရစ္စတိုတယ်ဆိုလျှင် မဟာအလက် ဇန္ဒား၏ မင်းဆရာအလုပ်ကို လုပ်ကာ ပြည်ပ မက်ဆီဒိုးနီးယန်း စစ်တပ်များကို အေသင်သို့ ပြန်လည်ဖိတ်ခေါ်လာခဲ့သူ အဆင့်အထိ ရောက်ရှိသွားခဲ့သည်။
ကမ္ဘာ့သမိုင်းမှ အခြားနမူနာများ
အလားတူပင် အကျခေတ်နှင့် အဆုံး သတ် ပြိုလဲခြင်းကို ဂတိနမိတ်ထင်နေခဲ့သော လူ့သမိုင်းတစ်လျှောက်မှ ကမ္ဘာ့ထိပ်တန်း အင်ပါယာများ၏ နောက်ဆုံးကာလများ အတွင်း ထိုကဲ့သို့သော ခြိုးခြံချွေတာရေး လှုပ်ရှားမှုများ အသီးသီး ဖြစ်ပေါ်ခဲ့ကြသည်။
တက်ခေတ်သို့ ဝင်ရောက်လာသော တူရကီ အော်တိုမန် အင်ပါယာ လက်အောက် သို့ အပြီးသတ် မကျရောက်မီ အကြိုကာလ များအတွင်း၊ အာရေဗျကျွန်းဆွယ်ကို ဗဟိုပြု ထားသော အာရပ်လူမျိုးများ၏ အာ ရပ် အစ္စ လာမ္မစ် ခါလီဖိတ်နိုင်ငံတော်၏ အကျခေတ် အတွင်း၊ အစ္စလာမ္မစ် သူတော်စင် ခေါင်း ဆောင်အချို့၏ ရိုးရှင်းတိကျသော၊ ခြိုးခြံချွေ တာသော ဘဝရှင်သန်နေထိုင်မှုပုံစံများကို စံနမူနာ အတုယူရန် ဟောပြောဆုံးမမှုများ နှင့် ရေးသားမှတ်တမ်းတင်ခြင်းများ အလွန် ကျယ်ပြန့်ခဲ့ဖူးသည်။
ဥရောပတိုက် အလယ်ခေတ်မှ သာသ နာတော်စောင့် ဂျာမန် အင်ပါယာ (Holy German Empire))၊ ဆွီဒင် အင်ပါယာ (Swed-ish Empire) နှင့် ပိုလန် အင်ပါယာ (Polish Empire) များ ပြိုလဲခါနီး ကာလများတွင်လည်း အလားတူပင် ခရစ်ယာန် သူတော်စင် ခေါင်း ဆောင်များ၏ ဘဝနေမှုပုံစံများအတိုင်း ရိုး ရှင်းမှုနှင့် ခြိုးခြံချွေတာမှုများကို အတုယူကြ ရန် ဟောပြောဆုံးမမှုများ ကျယ်ပြန့်ခဲ့သည်။
ဗြိတိသျှ နေမဝင် အင်ပါယာ၏ နောက် ဆုံး ဆယ်စုနှစ်များ အတွင်း ကာကီဘောင်းဘီ တိုများကိုသာ ဝတ်ဆင်ထားသော စစ်ရဲတပ် များ၊ လက်ဖက်ရည်၊ ပေါင်မုန့်ဖြူ၊ အာလူး ကြော်၊ အာလူးဟင်း၊ ရိုးရိုး ကြက်ဥပြုတ်၊ ငါး သေတ္တာနှင့် ကြက်သွန်နီဟင်းချိုဖြင့်သာ စား သောက်သော စားသောက်နေထိုင်မှုပုံစံများ ထွန်းကားခဲ့သည်။ လူဖြူ လူလတ်တန်းစား များက စျေးကြီးသော စက်တပ်မြေယာဉ် အော်တိုကားများကို ဝယ်မစီးဘဲ မြင်းမွေး မြူရန်၊ မြင်းရထားများ၊ လျှပ်စစ်ဓာတ်ရထား များနှင့် အများသုံး ခရီးသည်တင်ယာဉ်များ ကိုသာ စီးနင်းရန် အားပေးသော လှုပ်ရှားမှု များကို အင်ပါယာ နောက်ဆုံးခေတ် ဗြိတိသျှ မျိုးဆက်များက ပြုလုပ်ခဲ့ကြသည်။
ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခါနီး နောက်ဆုံး အဆင့်တွင် ဆိုဗီယက်ပြည်သူများ အပေါ် ရိက္ခာရာရှင်များ နှင့် အဝတ်အထည် များကို ခြိုးခြံချွေတာစေခဲ့ပြီး ဆိုဗီယက် ပြည် သူများ၏ ကျန်းမာရေးအတွက် အကြောင်းပြ ချက်များဖြင့် အရက်ယမကာစျေးများကို ၃၅ ရာခိုင်နှုန်း စျေးမြှင့်တင်ခဲ့ကာ သစ်စီးဖျော် ရည်၊ အချိုရည်စျေးနှုန်းများကို ၃၅ ရာခိုင်နှုန်း လျှော့ချစေခဲ့သည်။
အမေရိကန်အင်ပါယာ၏ အတက်ခေတ်နှင့် အကျခေတ်
ခေတ်ပြိုင် ကမ္ဘာ့သမိုင်း (Contemporary World History)) အတွင်း အလွန် ထင်ရှား သိသာသော နောက်ထပ် နမူနာတစ်ခုမှာ အမေရိကန် ပြည်ထောင်စု ကိုယ်တိုင်ပင် ဖြစ် သည်။
အမေရိကန်ပြည်ထောင်စုသည် ပုဂ္ဂလိ က ပိုင်ဆိုင်မှု (Private Property) ၊ လွတ် လပ်သော စျေးကွက်စီးပွားရေး (Free Market Economy))၊ အရင်းစနစ် (Capitalism) နှင့် လိင်ဝါဒ ခေါ် ကာမဝါဒ (ှ Sexism)) ၏ နောက် ဆုံး ခံတပ်အဖြစ် ယခင်က ရပ်တည်ခဲ့ဖူးသည်။
ဒုတိယကမ္ဘာစစ်အပြီး ဥရောပ အင်ပါ ယာဟောင်းများ ပြိုကွဲကာ သူတို့ ကိုလိုနီ ဟောင်း၏ သယံဇာတများ နှင့် စျေးကွက်များ က အမေရိကန် ပြည်ထောင်စု အတွက် တံခါး ပွင့်သွားစေခဲ့သည်။
ပထမစစ်အေးခေတ် ( ၁၉၄၆ - ၁၉၉၁) ခုနှစ်များ အတွင်း ဆိုဗီယက်ပြည်ထောင်စု နှင့် ကွန်မြူနစ်တို့၏ လူတန်းစားစစ်ပွဲများ (Class Wars)) ကို စိုးရိမ်နေကြသော ဥရောပ၊ အာရှနှင့် အာဖရိကမှ တော်ဝင်မိသားစုများ၊ ရေနံစော်ဘွားများ၊ မှူးမတ်များ၊ ပဒေသရာဇ် များ (Feudalists ျ)၊ သူကောင်းမျိုးများ (Nobles))၊ မြေရှင်ကြီးများ Landlords) နှင့် အရင်းရှင်များ (Capitalists) ျ) က မိမိတို့၏ ချမ်းသာကြွယ်ဝမှုများကို အမေရိကန်ပြည် ထောင်စုသို့ အလုံးအရင်းဖြင့် ရွှေ့ပြောင်း လာခဲ့ကြသည်။
၁၉၄၅ ခုနှစ်မှ ၂၀၀၇ ခုနှစ် အထိ အမေ ရိကန်ပြည်ထောင်စု၏ စီးပွားရေး၊ စက်မှုလုပ် ငန်း၊ သိပ္ပံများနှင့် နည်းပညာများက ဆက် တိုက် အရှိန်အဟုန် မြင့်မားစွာ နှင့် လျင်မြန် စွာ ဖွံ့ဖြိုးတိုးတက် ကြီးထွားနေခဲ့သည်။
ထိုကာလများအတွင်း တက်ခေတ် ရောက်နေသော အမေရိကန်ပြည်ထောင်စု သည် အနောက်တိုင်း စားသုံးမှုဝါဒ (Western Consumerism))၊ ခေတ်သစ် စားသုံးမှုဝါဒ ((Modern Consumerism)၊ အကြွေးဝယ်ကတ် စားသုံးမှု ဓလေ့ (Credit Card Consumption Culture)၊ အမြဲတမ်း အသစ်အဆန်းဝယ် စား သုံးမှု ဓလေ့ (Up To Date Consumption Culture)၊ ခေတ်သစ် ပျော်ရွှင်မှုဝါဒ (Neo Hedonism)) နှင့် လှဆန်းသစ် ဘဝနေမှုပုံစံများ ((Fashionable Life Styles)) ဘက်မှ ပင်မ ကြွေးကြော်သူ၊ ပင်မ ၀ါဒဖြန့်ချိသူ၊ ပင်မ လျှောက်လဲချက်ပေးသူ၊ ပင်မ အရောင်းမြှင့် တင်သူ၊ ပင်မကြော်ငြာသူနှင့် ပင်မ စျေးကွက် တင်သွင်းသူအဖြစ် တောက်လျှောက် ရပ် တည် လုပ်ဆောင်ခဲ့သည်။
၁၉၉၁ ခုနှစ် နောက်ပိုင်းတွင် ဆိုဗီယက် ပြည်ထောင်စုနှင့် ကွန်မြူနစ်များကို စိုးရိမ် စရာ မလိုတော့သဖြင့် ဥရောပ နှင့် အာရှတိုက် မှ အရင်းအနှီးများက အမေရိကန်ပြည် ထောင်စုမှ ပြန်လည် ထွက်ခွာကာ ဥရောပ တိုက်နှင့် အာရှတိုက်များအတွင်းသို့ ပြန် လည်စီးဆင်းသွားခဲ့သည်။
၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက် (၉/၁၁) တိုက်ခိုက်မှုများနှင့် အာဖဂန် နစ္စ တန်စစ်ပွဲ စတင်ချိန် နောက်ပိုင်းတွင် အာရပ် ရေနံ စော်ဘွားများ၏ အရင်းအနှီးများက အမေရိကန်ပြည်ထောင်စုထံမှ တိတ်တဆိတ် ပြန်လည်ထွက်ခွာ လာခဲ့ကြပြီး လူဦးရေ ထူ ထပ်သော အင်ဒိုနီးရှားနှင့် အခြား မွတ်စလင် လူများစုနိုင်ငံများထံသို့ ပြန်လည်စီးဆင်း သွားခဲ့ကြသည်။
မဟာဗျူဟာမြောက် အရင်းအနှီး အုပ် စုများ အကြီးစား တိတ်တဆိတ် ပြန်လည် ထွက်ခွာမှုများနှင့်အတူ အမေရိကန်ပြည် ထောင်စုအတွင်း ၂၀၀၈ ခုနှစ်မှ စတင်ကာ “အကြီးစား စီးပွားရေး နိမ့်ကျမှု “(Recession) နှစ်ကာလရှည် ဖြစ်စဉ် ပေါ်ပေါက်လာခဲ့သည် မှာ ယခု အထိပင် ဖြစ်သည်။
ကမ္ဘာလုံးဆိုင်ရာ အခင်းအကျင်း (Global Order) က ၁၉၉၂ မှ ၂၀၀၇ ခုနှစ်အထိ ၁၆ နှစ်ကြာ “ဝင်ရိုးတစ်ခုလောက” (Uni-Polar World)) အဖြစ်မှသည် ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဥရောပသမဂ္ဂကဲ့သို့သော “အထူး အင်အားကြီးနိုင်ငံများ” (Great Powers) အစုံအလင် ပါဝင်သော “ဝင်ရိုးပေါင်းစုံ လောက” (Multi-Polar World)) အဖြစ်သို့ အတိအလင်း ပြောင်းလဲလာခဲ့သည်။
အခြားနိုင်ငံများမှ တင်သွင်းလာသော နည်းပညာ နှင့် အရည်အသွေး ပိုမို မြင့်မားပြီး ကုန်ကျစရိတ် ပိုမို သက်သာနေသော ထုတ် ကုန်များနှင့် ဝန်ဆောင်မှုများကို ယနေ့ခေတ် အမေရိကန်များက လွတ်လပ်သော ကုန်သွယ် မှု (Free Trade)၊ လွတ်လပ်သော စျေးကွက် (Free Market)၊ လွတ်လပ်သော ရင်းနှီးမြှုပ်နှံ မှု (Free Investment) နှင့် လွတ်လပ်သော အရင်းစနစ် (Free Capitalism) မူဘောင်အတွင်း ဆက်လက် ယှဉ်ပြိုင်လိုခြင်း မရှိကြတော့ ပါ။
နီယိုလစ်ဘရယ် နှင့် နီယိုကွန်ဆာဗေး တစ် အမေရိကန်များ အားလုံးသည် ပထမ စစ်အေးခေတ်ဟောင်းမှ ယင်းမူဝါဒဟောင်း များ အားလုံးကို စွန့်လွှတ်ကာ “တံခါးပိတ် မူဝါဒသစ်” (New Closed Door Policy) နှင့် “ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ” ((Protectionism)) တို့ကို အတိအလင်း ပြန် လည် ကျင့်သုံးလာခဲ့ကြသည်။
အမျိုးသားလုံခြုံရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ စစ်ရေး ထိုးစစ် တိုက်ခိုက်မှု အစရှိသော အကြောင်းပြချက်အမျိုးမျိုးဖြင့် အခြားနိုင်ငံများမှ ထုတ်ကုန်များ၊ ဝန်ဆောင်မှု များ၊ ရင်းနှီးမြှုပ်နှံမှုများ၊ ဘဏ္ဍာငွေကြေး လွှဲ ပြောင်းပေးပို့မှုများ၊ သတင်းမီဒီယာများ၊ လူမှုမီဒီယာများ၊ ဖျော်ဖြေရေးများနှင့် လွတ် လပ်စွာ ပြောဆိုရေးသားခွင့်များကို ပြင်း ထန် စွာ ပိတ်ဆို့၊ တားဆီး၊ ကန့်သတ်၊ ထိန်းချုပ် လာခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် မိမိတို့ အမေရိကန် ပြည်သူများနှင့် အမေရိကန် စားသုံးသူများ အတွက် အခြားနိုင်ငံများ၏ ဆန်းသစ်တီထွင် မှုများ၊ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ အပေါ် မသာယာမိစေရန်နှင့် စိတ်မပါမိစေ ရန် ရိုးရှင်းဘဝနေမှု၊ ခြိုးခြံချွေတာ ဘဝနေမှု၊ ယုံကြည်ချက် ရည်ရွယ်ချက်ဖြင့် ဘဝနေမှု၊ ကျင့်ဝတ်နှင့်အညီ စားသုံးမှု၊ ရေရှည်ထိန်း ခံနိုင်သော စားသုံးမှု အစရှိသော စိတ်ပိုင်းဆိုင် ရာနှင့် အတွေးအခေါ်ဆိုင်ရာ တန်ပြန် ကာ ကွယ်မှုများကို စနစ်တကျ မြှင့်တင် ဖြန့်ချိလာ ခဲ့သည်။
ထိုလုပ်ဆောင်ချက်များသည်ပင်လျှင် အမေရိကန် ၏ အကျခေတ် (Falling Age of America))၊ အနောက်တိုင်း၏ နောက်ဆုံး အကျခေတ် (The Last Falling Age of West) နှင့် အမေရိကန်လွန်ခေတ် (Post-America Age) ) များသို့ ဝင်ရောက် ကူးပြောင်း တော့မည်ဖြစ်ကြောင်းနှင့် အချို့သော နယ် ပယ်များတွင် ဝင်ရောက်ကူးပြောင်းမှု စတင် နေပြီ ဖြစ်ကြောင်း၊ “စတင်မှု အသစ်များ” ((New Beginnings)) ၏ နမိတ် လက္ခဏာ အမှတ်သင်္ကေတများပင် ဖြစ်နေကြသည်။
လက်တွေ့ မအောင်မြင်ခဲ့
လက်တွေ့တွင်မူ ထိုကဲ့သို့သော ကြွေး ကြော်သံများနှင့် စားသုံးမှု လျှော့ချချွေတာရေး ဆိုင်ရာ ၀ါဒဖြန့်ချိမှုများသည် ပြီးခဲ့သော သမိုင်းခေတ် တစ်လျှောက်လုံး မှားယွင်း ဖောက်ပြန်နေခဲ့သော ကမ္ဘာ့အင်ပါယာ ဟောင်းများ၏ အကျခေတ်များနှင့် အဆုံး သတ် ပြိုလဲမှုများကို အမှန်တကယ် တားဆီး ကာကွယ်ပေးနိုင်စွမ်း မရှိခဲ့ကြပါ။
ကျဆုံးသွားခဲ့သော အင်ပါယာဟောင်း များ၏ နောင်လာနောင်သားများအတွက် အဆုံးသတ်ပြိုလဲမှုများ မဖြစ်ပွားမီက သက် ဆိုင်ရာ ကမ္ဘာ့ထိပ်တန်း အင်ပါယာများအ တွင်း ခြိုးခြံချွေတာစွာ၊ ရိုးရှင်းစွာ နေထိုင် စားသုံးမှုများ ရှိခဲ့ကြဖူးသည်ဟုသာ မှတ်သား ကျန်ရစ်နေလိမ့်မည် ဖြစ်သည်။










