မတူညီသောခေတ်များမှ လူငယ်မျိုးဆက်များကို နှိုင်းယှဉ်လေ့လာခြင်း

မတူညီသောခေတ်များမှ လူငယ်မျိုးဆက်များကို နှိုင်းယှဉ်လေ့လာခြင်း
၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ရန်ကုန်တက္ကသိုလ်၌ ပြုလုပ်ခဲ့သည့် လူငယ့်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်အခမ်းအနား ဖွင့်လှစ်နေစဉ်နှင့် တက်ရောက်လာသူများကို တွေ့ရစဉ် ။ (ဓာတ်ပုံ - ကြည်နိုင်)
၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ရန်ကုန်တက္ကသိုလ်၌ ပြုလုပ်ခဲ့သည့် လူငယ့်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်အခမ်းအနား ဖွင့်လှစ်နေစဉ်နှင့် တက်ရောက်လာသူများကို တွေ့ရစဉ် ။ (ဓာတ်ပုံ - ကြည်နိုင်)
Published 11 December 2022
ရဲကျော်စွာ

ယခုနှစ် ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် အွန်လိုင်း လူမှုမီဒီယာ တစ်ခုဖြစ်သော Youtube အပေါ်သို့ လွှင့်တင်ထားသော သီချင်းတစ်ပုဒ်ကို နားထောင်ဖြစ်ခဲ့သည် ။

လူငယ်တေးရေးသူ Shine က သူ၏ဖခင်က ၁၉၉၀ မျိုးဆက်ခန့်မှ သူတို့ခေတ်တွင် “ ဘယ်လိုတွေ ခံစားခဲ့ရသလဲ ၊ ဘယ်လိုတွေ ရင်ဆိုင်ခဲ့ရ ၊ ဖြတ်သန်းခဲ့ရသလဲ ၊” ဆိုသည် များကို နားလည် သိချင်စိတ်ဖြင့် ဖခင်ကိုသား ဖြစ်သူက မေးခွန်းများ ထုတ်ထားသော ပုံစံ ဖြင့် လူ့သဘာဝကို ရေးဖွဲ့ထားသော သီချင်း တစ်ပုဒ် ဖြစ်သည် ။

သီချင်းက နားထောင်၍ ကောင်းသည်။ ပိုကောင်းသည်ကတော့ ယခုလို ခေတ်မျိုးတွင် နေရာအနှံ့ ခလုတ်တိုက်ရင်တောင် ဝင်တိုးမိ နေတတ်လောက်သည်အထိ များပြားပွထ နေတတ်သော  ၊ အရည်အသွေးနိမ့် အပေါစား ၀ါဒဖြန့်ချိရေး သီချင်းများ အမျိုးအစားထဲက ပါဝင်နေသော သီချင်းမျိုး ဖြစ်မနေဘဲ၊ အနု ပညာအစစ်ဖြင့် ရသမြောက်စွာ ရေးဖွဲ့ထား သော သီချင်းအစစ်တစ်ပုဒ် ဖြစ်နေခြင်းပါ။ 

■ လွယ်ကူသော နည်းလမ်းများ

ခေတ်များ ၊ အချိန်ကာလများ မတူညီကြ သော လူငယ်မျိုးဆက်များကို နှိုင်းယှဉ် လေ့ လာမှု (Comparative Study)) ပြုလုပ်ရာတွင် လွယ်ကူပေါ့ပါးစွာနှင့် ပိုမိုအသုံးဝင်သော နည်းလမ်းအချို့ ရှိသည်။

ခေတ်ကာလများ အလိုက် မတူညီသော လူငယ်မျိုးဆက်များ အကြားတွင် မတူညီ သောအားသာချက်များနှင့် မတူညီသောအား နည်းချက်များ အမျိုးအစား စုံလင်စွာ အသီး သီး ရှိကြသည် ။

အာဏာပိုင် နိုင်ငံတော်များ (States) ၏ တက်ခေတ်၊ ဆုတ်ခေတ်များအလိုက်၊ အရပ်ဘက် လူ့အဖွဲ့အစည်း (Civil Society) ၏ တက်ခေတ်၊ ဆုတ်ခေတ်များအလိုက်၊ ယင်း မတူညီသော အားသာချက်များနှင့်အား နည်းချက်များ အမျိုးမျိုးသည်လည်း မတူညီ သော ပြောင်းလဲခြင်း၊ အသစ်ဖြစ်ပေါ်ခြင်း ၊ ကျဆင်းခြင်း၊ မြင့်တက်ခြင်းများ ဖြစ်လာတတ် ကြသည် ။ 

အမျိုးအစား ခွဲခြားခြင်း

လူငယ်မျိုးဆက်များကို မတူညီသော ခေတ်ကာလများ (Ages) နှင့် ခေတ်ခွဲများ (ှSubs-Ages) အလိုက် မိသားစုများ၏ လူ တစ်ဦးချင်း ပျမ်းမျှ ဝင်ငွေ၊ ပျမ်းမျှ ပိုင်ဆိုင်မှု၊ ပျမ်းမျှ ဓနအင်အား အပေါ် အခြေပြုပြီး၊ အမြင့် ၊ အလယ်လတ် ၊ အနိမ့် သုံးမျိုး ခွဲခြား နိုင်သည် ။

၁။ ချမ်းသာ လူတန်းစား (သူဋ္ဌေးများ ၊ သူ ကြွယ်များ ) 

၂။ လူလတ်တန်းစား 

၃။ အခြေခံ လူတန်းစား 

ဟု ဓနအလွှာ အနည်းဆုံး သုံးမျိုး ထွက် လာမည် ဖြစ်သည် ။

အလွှာတူချင်းသာ နှိုင်းယှဉ်လေ့လာခြင်း

သမိုင်းခေတ်များနှင့် သမိုင်းခေတ်ခွဲများ မတူညီကြ‌သော လူငယ်မျိုးဆက်များကို ချမ်း သာလူတန်းစားကို ချမ်းသာ လူတန်းစားချင်း၊ လူလတ်တန်းစားကို လူလတ်တန်းစားချင်း၊ အခြေခံ လူတန်းစားကို အခြေခံ လူတန်းစား အချင်းချင်း၊ သက်ဆိုင်ရာ အမျိုးအစား အလိုက်သာ နှိုင်းယှဉ် လေ့လာမှု ပြုလုပ်လျှင် တွေ့ရှိရသော အချက်အလက်များက ပိုမို ထိရောက် ပိုမို အသုံးဝင်လာမည် ဖြစ်သည်။ 

ပညာရေးအုပ်စုများ အမျိုးအစား ခွဲခြားခြင်း

ဒုတိယ အဆင့်တွင် ခေတ်ကာလများ မတူညီကြ‌သော လူငယ်မျိုးဆက်များကို ဉာဏ်ရည် အတိုင်းအတာများ (Levels of Intelligence) နှင့် ပညာရေး အတိုင်းအတာ (Levels of Education) အပေါ် အခြေပြု၍ အမျိုးအစားများ ထပ်မံ ခွဲခြားရသည် ။ ယင်း တို့အနက် ပညာရေး အတိုင်းအတာအရ အမျိုးအစားများ မှာ -

၁။  ပညာရှင်များ (Academicians) ( သုခမိန် များ အဆင့် )

၂ ။  ကျောင်းတော် ပညာသမားများ (Scholars) (အရပ်ဘက် လူ့အဖွဲ့အစည်း အတွင်းမှ ပညာရေး၊ ပြန်ကြားရေး၊ သုတေသနနှင့် လေ့လာရေး အင်စတီကျူးရှင်းများမှ အဆင့် မြင့်နှင့် အထက်တန်း ကျွမ်းကျင်သူများ)

၃။  ပညာတတ်လူတန်းစား (Intelligentsia)

(ပညာတတ်များ။  Intellectuals ) ( ဒဿ နဗေဒ (Philosophy)) ၊ သဘောတရားပညာ (Ideology)၊ သီအိုရီသဘာဝသိပ္ပံများ (Theoretical Natural Sciences)

 များ နှင့် အဆင့်အတန်းရှိသော ရသစာပေများ (Classic Literature) ကို  ၀ါသနာသက်သက် ဖြင့် ပျော်မွေ့နှစ်သက် လိုက်စားသူများ)

၄ ။  အဆင့်မြင့်စွာ ပညာသင်ခဲ့သူများ (Highly Educated Persons) ၊ ( နိုင်ငံတကာ အဆင့် ထိပ်တန်း သို့မဟုတ် အဆင့်မြင့်ကျောင်း သို့မဟုတ် ပညာရေး ၊ လေ့ကျင့်ရေး အင်စတီ ကျူးရှင်းများမှ မဟာဘွဲ့ (Master Degree)  သို့မဟုတ် ပါရဂူဘွဲ့ (Doctoral Degree) သို့မဟုတ် မဟာပါရဂူဘွဲ့ (Post Doctoral Degree)) ရသည်အထိ၊ အချိန်ပြည့် ပုံမှန် ကျောင်းတက် ပညာသင်ခဲ့သူများ)

၅။  ကောင်းမွန်စွာ ပညာသင်ခဲ့သူများ (Well Educated Persons)) ( နိုင်ငံတကာ အဆင့်မှီ ကျောင်းများမှ ဘွဲ့ရသည်အထိ အချိန်ပြည့် ပညာသင်ခဲ့သူများနှင့် ပြည်တွင်းတက္ကသိုလ် များ၊ ပြည်တွင်း နယ်မြေခံ ကျောင်းများမှ ဘွဲ့ လွန်တန်း၊ မဟာဘွဲ့၊ ပါရဂူဘွဲ့ တစ်ခုခု ရ သည် အထိ၊ အချိန်ပြည့် ပုံမှန်ကျောင်းတက် ပညာသင်ခဲ့သူများ)

၆။  အဆင့်မြင့် ကျွမ်းကျင်သူများ (Experts) (အထူးပြု နယ်ပယ်အလိုက် ၊ လက်တွေ့လုပ် ငန်းခွင်အတွင်း လက်တွေ့ အသိအမှတ်ပြု ထိုက်သော ၊ ပြန်လည် လမ်းပြ ရှေ့ဆောင်နိုင် သော ၊ ပြန်လည် သင်တန်းပေး လေ့ကျင့်ပေး နိုင်စွမ်း ရှိသော၊ အဆင့်မြင့် ကျွမ်းကျင်သူ ပညာသည်များ)

၇။  အထူးပြုနယ်ပယ် လက်တွေ့ ကျွမ်းကျင်သူ များ  (Professionals) ) ( အထူးပြု နယ်ပယ် အလိုက် မိမိ အလုပ်အကိုင်ကို အသက်မွေး ဝမ်းကျောင်း အလုပ်လုပ်နိုင်သူအဆင့် အဖြစ် လက်တွေ့ ကျွမ်းကျင်မှု ရရှိထားသူများ၊ အလုပ်သင် လူသစ်များကို သူတို့နှင့် တွဲထည့် ပေးကာ ယုံကြည်စိတ်ချထိုက်စွာ အလုပ်ပေး၊ အလုပ်ခန့် ၊ အလုပ် အပ်နှင်းထိုက်သူများ )

၉။  အလယ်အလတ် အဆင့် ပညာသင်ခဲ့သူ များ (Intermediate-Level Educated Persons) 

) ( ပြည်တွင်း ။ နယ်မြေခံ ဒေသန္တရ တက္ကသိုလ်၊ ကောလိပ်များ မှ နေ့ကျောင်း တက်ကာ ဒီဂရီ ဘွဲ့ သို့မဟုတ် ဒီပလိုမာ လက် မှတ်ရသည်အထိ ၊ အချိန်ပြည့် ပညာသင်ခဲ့သူ များ )

၁၀ ။  အခြေခံပညာအဆင့် ပညာသင်ခဲ့သူများ (Elementary Level Educated Persons)  ( အခြေခံပညာ အထက်တန်း အောင်မြင်သည် အထိ ၊ တက္ကသိုလ် ။ ကောလိပ် ဝင်ခွင့် ရသည် အထိ ပညာသင်ခဲ့သူများ ၊ အဝေးသင် / စာ ပေးစာယူဖြင့် ဘွဲ့ရခဲ့သူများ)

၁၁။ အခြေခံပညာရေးအောက် အဆင့် ကျောင်းနေခဲ့ဖူးသူများ Under-Elementary Education Level Persons)

 ( မူလတန်း ။ အလယ်တန်း အထိသာ ကျောင်း နေခဲ့သူများ ၊ အခြေခံပညာ အထက်တန်း ပြီးဆုံးသည်အထိ ကျောင်းမနေခဲ့ရသူများ )

၁၂ ။  စာတတ်မြောက်သူများ (Literates) 

(လေယာဉ် ၊ သင်္ဘော ၊ ရထား။ ခရီးသည် တင်ကား အချိန်စာရင်းများ ၊ အိမ်သုံးဆေးဝါး အညွှန်းများ ၊ အိမ်သုံး လျှပ်စစ်ပစ္စည်း ။ စက် ပစ္စည်း အညွှန်းများ ၊ လူသုံးကုန်၊ အလှကုန် ရောင်းကုန်ပစ္စည်း အညွှန်းများကို မိမိနိုင်ငံ၏ ပင်မဘာသာစကား သို့မဟုတ် မိခင်ဘာ သာစကားဖြင့် ကျွမ်းကျင်စွာ ဖတ်နိုင် ၊ နား လည်နိုင်သူများ )

၁၃ ။  ရေးစာ ၊ ပုံနှိပ်စာများကို တစ်လုံးချင်း  စာလုံးပေါင်းပြီး ဖြည်းဖြည်းချင်းသာ အသံ ထွက် ဖတ်နိုင်စွမ်း အဆင့်သာ ရှိသေးသူများ ((Upper illiterates)

၁၄ ။  လုံးဝ စာမတတ်မြောက်သူများ ((illeterates)

-    ဟူ၍ အခြေခံ ပညာရေး အမျိုးအစား ၁၄ မျိုး ရှိသည် ။ 

ပညာရေး တန်းတူအချင်းချင်းသာ နှိုင်းယှဉ်လေ့လာခြင်း 

ခေတ်ကာလများ မတူတဲ့ လူငယ် မျိုး ဆက်များကို နှိုင်းယှဉ်လေ့လာရာမှာ  ပညာရှင် (Academicians) ) ကို  ပညာရှင် (Academicians) ) အချင်းချင်း ၊  ကျောင်းတော် ပညာ သမားများ (Scholars) ကို  ကျောင်းတော် ပညာသမားများ (Scholars) အချင်းချင်း ၊  ပညာတတ် လူတန်းစား (ှIntelligentsia) နှင့်  ပညာတတ်များ (Intelligentsia)) ကို  ပညာ တတ် လူတန်းစား (ှ Intelligentsia) နှင့်  ပညာ တတ်များ (Intelligentsia အချင်းချင်း စသည် ဖြင့် အဆင့်တူအလိုက် ၊ အလွှာတူအလိုက် ၊ အမျိုးအစားတူ အလိုက် နှိုင်းယှဉ်လေ့လာ သင့်သည် ။

၁၉၈၀ ခုနှစ်များမှ ပညာတတ် လူငယ်များ 

    ထိုခေတ်မှ မြန်မာပြည် ပညာတတ် လူ တန်းစား (ှIntelligentsia)မိသားစုများမှ ပညာတတ် လူငယ်များ (Young Intelle-ctuals)  က စာဖတ် ၀ါသနာ ပါလေ့ရှိကြသည်။

သူတို့ စာဖတ်လျှင် ယခုခေတ်ကဲ့သို့ English – Myanmar Bilingual  နှစ်ဘာသာ တွဲ စာအုပ်များ မရှိခဲ့ကြပါ။ အင်္ဂလိပ် စာအုပ် များကို သင်ပေးသူများ သို့မဟုတ် Dictionary အထူများနှင့် တွဲသုံးကာ စာဖတ်လေ့ ရှိခဲ့ကြ သည် ။

သူတို့သည်  အင်္ဂလိပ်စကားပြော အမေ ရိကန် ရုပ်ရှင်များကို ကြည့်ကြသည်။ ရုပ်ရှင် ကြည့်လျှင် ှကဘအငအူနျ စာတန်းထိုး မပါဘဲ ကြည့် နိုင်ကြပြီး အင်္ဂလိပ် စကားပြောကို နားလည် ကြသည်။ ထိုအလွှာက ယခုခေတ်ကဲ့သို့ ကိုရီး ယား ၊ ထိုင်း နှင့် တူရကီများကို မကြည့်ခဲ့ကြပါ။ သူတို့သည် အမေရိကန် အင်္ဂလိပ် သီချင်းခွေ များနှင့် ရုပ်သံသီချင်း အခွေများကို နား ထောင်၊ ကြည့်ရှု၊ လိုက်ခံစားတတ်ကြသူများ ဖြစ်သည်။ ယခုခေတ်ကဲ့သို့ ကိုရီးယားပေါ့ပ် သီချင်းများ နှင့် အခြား အေရှန် သီချင်းများကို နားမထောင်ကြပါ ။ 

နိုင်ငံရေး ၀ါဒရေးရာ အပိုင်းများတွင် ထိုခေတ် မြန်မာ ပညာတတ်လူငယ်များသည် အရှေ့အုပ်စု ၊ အနောက်အုပ်စု ၊ ဘက်မလိုက် အုပ်စု ၊ လက်ဝဲ ၊ လက်ျာဝါဒများ ၊ ရုပ်ဝါဒ နှင့် စိတ်ဝါဒ စာပေများကို ဂိုဏ်းမရွေးဘဲ ၊ ဂိုဏ်း စွဲမထားပဲ စာအစုံ ဖတ်‌သော ဓလေ့ ရှိခဲ့ကြ သည်။

သူတို့သည် ထိုခေတ်က သဘောတရား ပညာများ၊ ကမ္ဘာ့ရေးရာများ ၊ သီအိုရီ ရူပဗေဒ နှင့် သဘာဝသိပ္ပံများ ကို ပျော်မွေ့ လိုက်စား ကြတယ်။

၁၉၈၀ ခုနှစ်များမှ အလယ်အလတ် ပညာသင်များ အလွှာ 

ယင်းခုနှစ်များမှ မြန်မာ အလယ်အလတ် ပညာသင်ခဲ့သူများ (Intermediate Level Educated Persons)  လူငယ် အလွှာ မျိုးဆက် သည် မြန်မာအရပ်ဖက်တက္ကသိုလ်၊ ကောလိပ် များတွင် ဒီဂရီဘွဲ့များ သို့မဟုတ် ၊ ဒီပလိုမာ များ ရရန် နေ့ကျောင်း အချိန်ပြည့် ပုံမှန် ကျောင်းပညာ‌ရေးကို တက်ခဲ့သူများ ဖြစ်သည်။

ထိုခေတ်မှ ယင်းအလွှာသည် တကယ်ကို ပြဿနာမျိုးစုံ ရှိခဲ့သော အလွှာ ဖြစ်သည်။ ထိုအလွှာမှ လူငယ်များသည် သူတို့နှင့် ခေတ် ပြိုင်၊ သူတို့၏သူငယ်ချင်းများလည်း ဖြစ်သော၊ လူငယ်ထုအတွင်းမှ အလွန်နည်းပါးသော၊ အရည်အတွက် အနည်းစုသာ ဖြစ်ခဲ့သော၊  အခြား “ပညာတတ် လူငယ်များ” ((Young  Intellectuals) )  ကို ကြည့်ကာ ၊  သူတို့ကိုယ်သူ တို့လဲ သူတို့၏ သူငယ်ချင်းများနှင့် တန်းတူ၊ အဆင့်တူ ၊ “ ပညာတတ်များ” (Intellectuals) ) အဖြစ် ထင်ယောင်ထင်မှား ဖြစ်ခဲ့ကြပြီး ၊ ရော ယောင်ကာ ဘဝင်လိုက်မြင့် နေခဲ့ကြသော အလွှာတစ်ခု ဖြစ်ခဲ့သည် ။ 

လူမှုဗေဒ သိပ္ပံ (Science of Sociology) တွင်  “တက္ကသိုလ် ၊ ကောလိပ် တစ်ခုခုတွင် အချိန်ပြည့် နေ့ကျောင်း တက်ဖူးရုံမျှ အဆင့်”  ဖြင့် “ပညာတတ်များ”  (Intellectuals) ဟု မသတ်မှတ်ပါ ။

လူမှုဗေဒသိပ္ပံပညာတွင် ဒဿနဗေဒ ၊ သဘောတရားပညာ၊ တွေးခေါ်မှုသိပ္ပံ (Thinking Science))၊ သီအိုရီသိပ္ပံများ (Theoretical Sciences) ) ၊ ကမ္ဘာ့ရေးရာများ၊ ဂန္တဝင် ရသစာပေများ ၊ ဂန္တဝင် တေးဂီတများ နှင့် ခေတ်လွန် အတွေးအခေါ် အသစ်များ ((Post-Age /Next Age New Ideas) ) ကို အသက်မွေးဝမ်းကျောင်း အလုပ်အကိုင် (ဲသဘျ)  အတွက် မဟုတ်ဘဲ စီးပွားရေးလုပ်ငန်း အတွက် မဟုတ်ဘဲ ၀ါသနာသက်သက်ဖြင့် ပျော်မွေ့ လိုက်စား ၀ါသနာပါပြီး နိုင်ငံတကာ သုံး ပင်မဘာသာစကား တစ်ခုခု (အင်္ဂလိပ် သို့မဟုတ် ပြင်သစ် သို့မဟုတ် ရုရှား သို့မဟုတ် စပိန် သို့မဟုတ် ဂျာမန် တစ်ခုခု ) ကို အလယ် အလတ် အဆင့်အထိ တတ်မြောက်ထားပြီး၊  ပင်ကိုယ်ညဏ်ရည် အိုင်ကျူ နှင့် နှလုံးရည် အီးကျူ အဆင့်များ အလယ်အလတ် အဆင့် ထက်ကျော်ပြီး ၊ အဆင့်မြင့်နေသူများကိုသာ “ပညာတတ်များ” ((Intellectuals) ဟု သတ် မှတ်ထားခြင်း ဖြစ်သည် ။



ပညာတတ် (ှIntellectuals)တိုင်းသည် ကျောင်းတော် ပညာသမားများ (Scholars) များ မဟုတ်သကဲ့သို့ ပညာရှင်များ (Acade-micians)  လည်း မဟုတ်ကြပါ ။

သို့သော်လည်း ၁၉၈၀ ပြည့်နှစ်များမှ မြန်မာ “ အလယ်အလတ် ပညာသင်ခဲ့သူများ”  ((Intermediate Level Educated Persons)  )  လူငယ် အလွှာက သူတို့ကိုယ်သူတို့ “ ပညာ တတ်များ” (ှIntellectuals)   ဟု ထင်ယောင် မှားမှု မျိုးစုံ ဖြစ်ခဲ့ကြသည် ။



ထိုခေတ်က လူကြီးပိုင်းအများစုက လည်း ယင်းထင်ယောင်မှားမှု ပြဿနာကို မဖြေရှင်းပေးဘဲ ပိုပြီး ဘဝင်မြင့်နေစေရန် ၊ အသားလွတ် မြောက်နေစေရန် ၊ အုပ်ချုပ်ရေး ရည်ရွယ်ချက်အချို့ အတွက် အဆင်ပြေနေ စေရန် ထို အလွှာကို မြှောက်ပေးထားခဲ့သည်။ 

၁၉၈၈ တွင် အရပ်ဘက် အုံကြွမှုများ ကျဆုံးသွားခဲ့ပြီး  မြန်မာစစ်ဘက်ဆိုင်ရာ အင် စတီကျူးရှင်းများကသာ ပိုမို အင်အားတောင့် တင်း၊ အဆင့်မြင့်တက်သွားခဲ့တဲ့ ဖြစ်စဉ် ပေါ် ပေါက်လာစေခဲ့သော အကြောင်းအရင်းများ အတွင်းတွင် ယင်းအလွှာ ၊ အလယ်အလတ် အဆင့် ပညာသင်ခဲ့သူများ လူငယ်မျိုးဆက် အပေါ် ခေတ် ၊ စနစ် နှင့် ပတ်ဝန်းကျင်ပေါင်း စုံက ၀ိုင်းဝန်း ပုံသွင်း ပေးထားမှုများ နှင့် အတူ၊ ယခင်ကတည်းက ဖြစ်နေခဲ့သော၊ အထွေ ထွေ အားနည်းချက်များသည် အရေးကြီးသော အကြောင်းတရားများ ဖြစ်ခဲ့သည်။ 

အဆိုးဝါးဆုံး အားနည်းချက်

ယင်း အလွှာ၏ အဆိုးရွားဆုံး အား နည်းချက်မှာ မိမိတို့ကိုယ်မိမိတို့ နိုင်ငံတကာ သုံး လူမှုဗေဒ သရုပ်ခွဲအရ “ အလယ်အလတ် အဆင့် ပညာသင်ခဲ့သူများ”  (Intermediate-Level Educated Persons)  

အလွှာ တစ်ခုသာ ဖြစ်ခဲ့သည် ဆိုခြင်းကို မရိပ်မိ ၊ မသိရှိလိုက်ခဲ့ဘဲ သူတို့ကိုယ်သူတို့ “ပညာတတ်များ”  (Inte-llectuals) ဖြစ်ကြသည်ဟု “ထင်ယောင်မှားမှု”  ((illusions) ) စွဲကပ်ခဲ့ခြင်းက အဆိုးရွားဆုံး အားနည်းချက်ပင် ဖြစ်သည် ။

၁၉၉၀ နောက်ပိုင်း ဘာတွေ ဆက်ဖြစ်လဲ

ထိုအလွှာ၏ အရည်အတွက် နှင့် ရာခိုင် နှုန်း များပြားလှသော ယောက်ျားလေးများ နှင့် မိန်းကလေးများသည် ၁၉၉၀ ခုနှစ် နောက်ပိုင်းတွင် ပြည်ပနိုင်ငံများသို့ ထွက်ခွာ အလုပ်လုပ်ကြပြီး ပြည်ပတွင် အခြေစိုက် သွားခဲ့ကြသည် ။

သူတို့ အထဲမှ အလွန် နည်းပါးလှသော အနည်းစု ရာခိုင်နှုန်း တစ်ခုက ပြည်ပတွင်နှစ် ကာလရှည် အလုပ်လုပ်ရင်း ၊ လေ့လာရင်း ၊ မိမိဘာသာ ဖြည့်ဆည်းရင်းဖြင့်  Intellectuals 

 တွေ ၊ Scholars  တွေ ဖြစ်လာကြသည် ။ အချို့ ကမူ Experts  များ၊ High Professionals  များ၊ Highly Educated Persons  များ၊ Well Educated Persons  များ ဖြစ်သွားခဲ့ကြသည်။ သို့သော်လည်း ထိုအမျိုးအစားများ စုစုပေါင်း ကလည်း မျိုးဆက်တစ်ခုလုံး ၊ အားလုံး အရည် အတွက်၏ အနည်းစုသာလျှင် ဖြစ်သည်။

သတိမလွတ်မိစေရန်

သတိ တစ်ခုတော့ ထားရန် လိုအပ်သည်။ ထိုကဲ့သို့သော ပြည်တွင်းနေ နှင့် ပြည်ပနေ မြန်မာ အလယ်အလတ်အဆင့် ပညာသင်ခဲ့ သူများအလွှာ အတွင်းမှ လူထက်ဝက်ခန့်သည် “ ကမ္ဘာ့ရေးရာ အစစ်များ ၊ နိုင်ငံ့ရေးရာ အစစ် များ၊ သမိုင်းအစစ်များ” ကဲ့သို့သော အများ အကျိုးနှင့် သက်ဆိုင်သော နယ်ပယ်များ အတွက်သာ “ဉာဏ်ရည်နိမ့်ကျခြင်း”၊ “ လည် ရည်ပတ်ရည် မရှိခြင်း” ၊ တိုင်းပြည် နှင့် လူမျိုး အကျိုးအတွက်သာ “ ဦးနှောက် တစ်စက်မှ မရှိခြင်း” စသော ပြဿနာများ ရှိနေကြသော် လည်း၊ သူတို့၏ တစ်ဦးချင်း ကိုယ်ကျိုးစီးပွား အတွက် ၊ သူတို့၏ တစ်ဦးချင်း တက်လမ်းများ၊ အခွင့်အလမ်းများ အတွက်ဆိုလျှင်  “အလွန် ပါးနပ်လွန်းသူများ”၊ အလွန် လည်ပတ်လွန်းသူ များဖြစ်နေကြကာ၊ ယနေ့ခေတ် ဂျန်ဇက် လူငယ်မျိုးဆက် အလွှာပေါင်းစုံကို နောက် ထပ် ဆယ်ခါပြန်မက ရောင်းစား သွားနိုင်စွမ်း ရှိကြသူများ ဖြစ်သည် ။  ထို အလယ်အလတ်အဆင့် ပညာသင်ခဲ့ သူများ အလွှာအနက် အခြား ထက်ဝက်ခန့်က မူ  အလုပ်အကိုင်အတွင်း ၊ မိသားစုအတွင်း နှစ်ကာလရှည် မြှုပ်နှံရင်းဖြင့် အကြံတုံး၊ Óဏ်တုံး ဖြစ်သွားခဲ့ကြသူများ ဖြစ်သည်။

 

Most Read

Most Recent