မိုးလက်ကျန်နဲ့ ဆောင်းရာသီအကူး အပြောင်းမှာ ကလေးငယ်တွေ အတွေ့ရများ တာက ရာသီတုပ်ကွေးရောဂါ၊ အဆုတ်လေပြွန်ရောင်ရောဂါ၊ ကလေးဘဝ ကာကွယ်ဆေး တွေမှာပါတဲ့ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး ရောဂါ၊ ဝက်သက်ရောဂါ၊ ဦးနှောက်အမြှေး ရောင်ရောဂါ၊ အဆုတ်ရောင်ရောဂါတို့ပဲ ဖြစ် တယ်။
ရာသီတုပ်ကွေးရောဂါ (A/H1 N1 )လူ ဟာ ၂၀၁၇ ခုနှစ် မိုးဦးမှာ လူသေဆုံးတဲ့အထိ ဖြစ်ခဲ့လို့ လူကူးစက်မှုမခံနိုင်ရေးအတွက်”တောင် ပြုန်း” ပွဲတော် ပိတ်ပင်ခြင်းအပါအဝင်၊ ကာ ကွယ်ဆေးကို စျေးကြီးပေးထိုးနှံခဲ့ကြရဖူး တယ်။ ရာသီအကူး အပြောင်းမှာ ရာသီတုပ် ကွေးပြန်ဝင်လာနိုင်တယ်။ ဖြစ်နိုင်တဲ့တုပ် ကွေးဗိုင်းရပ်ဗီဇ ပြောင်းလဲသွားလို့၊ တုပ်ကွေး ကာကွယ်ဆေးအသစ်တွေ ထုတ်လုပ်တာမျိုး ရှိသလို၊ အချို့စျေးကြီးပေးထိုးနှံသွားဖို့ ရှိနေ ပါတယ်။ ရာသီတုပ်ကွေးရောဂါလက္ခဏာ တွေက ရုတ်တရက် အပြင်းဖျားခြင်း၊ ချောင်း ဆိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနဲ့ အ ဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း၊ ကိုယ် လက် မအီမသာဖြစ်ခြင်း၊ လည်ချောင်းနာခြင်း နဲ့ နှာချေခြင်းတို့ဖြစ်တယ်။ တစ်ပတ်အတွင်း ပြန်ကောင်းသွားနိုင်တယ်။ အိမ်ရှိလူအကုန် ကူးစက်နိုင်လို့ ရောဂါဖြစ်သူရဲ့ အသုံးအဆောင် ပစ္စည်း၊ အစားအစာသီးသန့် ထားပေးရမယ်။ လူနာပြုစုတဲ့သူတွေ နှာခေါင်းစည်းစည်းဖို့ လိုအပ်သလို၊ လူနာနှာချေ၊ ချောင်းဆိုးရင်လက် ကိုင်ပုဝါ (သို့) တစ်သျှူး ခံကာ သုံးသင့်တယ်။ လူစုလူဝေးနေရာ၊ ပွဲတော်များ၊ ကျောင်းများ၊ ဆေးရုံ၊ အားကစားကွင်း၊ ရုံးဌာနတွေမှာ ရောဂါကူးစက်ပျံ့နှံ့ ပွားနိုင်ပါတယ်။
တုပ်ကွေးဟာ အနားယူခြင်း၊ ရေများများ သောက်ခြင်း၊ ရေပတ်တိုက်ခြင်း၊ ဒုတိယဘက် တီးရီးယားပိုး၊ မဝင်ရ အာင် ပဋိဇီဝဆေး ဥပမာ “အမောက်ဆလင်” စားဆေး၊ ပါရာစီတမော စားဆေး၊ ချောက်ဆိုးပျောက်ဆေးတို့ ပေးသင့် တယ်။ တုပ်ကွေးရောဂါအဖြစ်များရင် နီးစပ် ရာ ကျန်းမာရေးဌာန အကြောင်းကြားပြီး ရောဂါကုသမှု ခံယူရမယ်။
ရောဂါဖြစ်ပွားရင် N 95 နှာခေါင်းစည်း စည်းရမယ်။ ရောဂါဖြစ်သူနဲ့ ထိတွေ့ကိုင် တွယ်ပြုစုပြီးသူတွေ လက်ဆေးရမယ်။ ဆပ် ပြာ၊ ရေတို့နဲ့ စက္ကန့် ၂၀ ကျော်ကြာ စနစ်တကျ ဆေးကြောရမယ်။ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုပြုရမယ်။ ချောင်းဆိုး၊ နှာချေရင်၊ လက်ကိုင် ပုဝါ၊ တစ်သျှူးသုံးပြီး စနစ်တကျပစ်ရမယ်။ တုပ်ကွေးရောဂါ ကာကွယ်ဆေး ထိုးနှံသင့်သူ တွေက အသက်ကြီးရင့်သူများ၊ နာတာရှည် ရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးများနဲ့ ကျန်းမားရေးဝန်ထမ်းတို့ ဖြစ် တယ်။ ကာကွယ်ဆေးထိုးနှံခြင်းနဲ့ ကာကွယ်နိုင် ပါတယ်။
အသက်ရှူလမ်းကြောင်း ဗိုင်းရပ်ဝင် ရောက်မှုကြောင့် အဆုတ်လေပြွန်ရောင် ရောဂါကို အသက်နှစ်နှစ်အောက် ကလေးငယ် တွေ ဖြစ်ပွားလေ့ရှိတယ်။ ရာသီတုပ်ကွေးဖြစ် တဲ့ ကလေးတွေနဲ့ အစပိုင်းမှာဆင်တူမယ်။ ဖျားမယ်၊ နာရည်ယိုမယ်။ ခဏခဏ ရင်ကြပ် မယ်။ နောက်ပိုင်းမှာ အသက်ရှူတဲ့အချိန်မှာ အသံမျိုးစုံ ကြားနိုင်တယ်။ ခုခံအိပ်ရင် တရွှီရွှီနဲ့ ဖြစ်သလို အချို့နို့မစို့နိုင်ဘဲ၊ ဆက်တိုက်အန် တယ်။ ခြေလက်တွေပြာလာနိုင်တယ်။ နှုတ် ခမ်းတွေ ပြာနိုင်တယ်။
ဝမ်းပျက်ဝမ်းလျှောရောဂါက ယင်နားစာ စားခြင်း၊ လမ်းဘေး မသန့်ရှင်းတဲ့ အစာစာ ခြင်း၊ လက်သန့်ရှင်းမှုမရှိခြင်း၊ ယင်လုံအိမ် စနစ်မရှိခြင်း၊ အစာမစားမီ လက်ကို ဆပ်ပြာ ရေတို့နဲ့ ဆေးကြောမှုမရှိခြင်းတို့ကြောင့် ဖြစ် တယ်။ ကလေးတွေမှာ ဖြစ်ရင် အန်တယ်။ဆက်တိုက်အန်ကာ ဝမ်းအရည်သွားတယ်။ ရံဖန်ရံခါ ကိုယ်နွေးပြီးဖျားတတ်တယ်။ ဘက် တီးရီးယား ၊ အမီးဘားကြောင့်ဖြစ်ရင် ပဋိဇီဝ ဆေးဆီဖရန်မက်ထရို ((Cifrun, metroni-dazole)) တိုက်ကျွေးခြင်း၊ အအန်ရပ်အောင် မက်ဇလွန်ဘီစစ်လိုမိုတေး (maxalon, vit, B6, Lomotil) တို့ တိုက်ကျွေးခြင်း၊ ဆရာဝန်နဲ့ ပြသခြင်းဆောင်ရွက်နိုင်တယ်။
ကလေးဖျားခြင်း၊ အဖျားကျပြီး မလန်း ခြင်း၊ ကယောင်ကတမ်းပြောခြင်း၊ သတိလစ် ခြင်း၊ အစာမဝင်ခြင်းဆက်တိုက်ဖြစ်ရင် နို့စို့ ကလေး၊ နို့မစို့နိုင်ပဲရှိရင်၊ မှိန်းနေရင်၊တစ်နေ ကုန် ဆီမသွားခြင်း၊ ဆီနည်းခြင်း အသက်ရှူ မြန်ခြင်း၊ နှုတ်ဝမ်းတွေ ခြေလက်တွေ ပြာခြင်း၊ ဝမ်းအရည်ဆက်တိုက်သွားခြင်း အရည်ဓာတ် ခန်းခြောက်လာမယ့် လက္ခဏာတွေဆိုရင် မိ သားစု ဆရာဝန်ကတစ်ဆင့် ဆေးရုံတင်သင့် ပါတယ်။
အချို့ဗိုင်းရပ်တွေမှာ နှာစေး/ချောင်းဆိုး၊ ဖျားခြင်း၊ အန်ခြင်း၊ ပါးကျိတ်ရောင်ခြင်း၊ လက်ခြေ၊ ပါးစပ်နာခြင်း စတဲ့ လက္ခဏာတွေ တွဲပြီးဖြစ်နိုင်တယ်။ ရောဂါလက္ခဏာတွေ သိ ရှိပြီး အခုလတ်တလောဖြစ်ပွားနေတဲ့ ဗိုင်းရပ် ရောဂါပိုးကြောင့် ဖြစ်ပွားတဲ့ရောဂါတွေမှာ ပုံမှန်အနေနဲ့ ကလေးက လန်းဆန်းနေမယ်။ သက်တောင့်သက်သာရှိမယ်။ ပြင်းထန်တဲ့ နောက်ဆက်တွဲ လက္ခဏာတွေ မရှိဘူးဆိုရင် ဓာတ်ခွဲစမ်းသပ်ဖို့ မလိုဘူး။ သက်သာရင် ဆင်းနိုင်တယ်။ မြန်မာနိုင်ငံမှာ ဗိုင်းရပ်ပိုး မွေး မြူပြီး ရောဂါရှာဖွေဖို့ ခက်ခဲပါတယ်။
ဆရာဝန်အနေနဲ့ ပျော့တဲ့ “ဗိုင်းရပ်လား၊ ပြင်းထန်တဲ့ ဗိုင်းရပ် (သို့) ဘက်တီးရီးယားလား ခွဲခြားသိရှိချင်လို့ သွေးစစ်တာ ပိုးမွေးတာရှိနိုင် တယ်။ ပြင်းထန်တဲ့ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ လက္ခဏာနဲ့ရောဂါတွေကို တိကျသေ ချာတဲ့ ပဋိဇီဝ (Antibiotics) နဲ့ ကုသရမယ်။ နှစ်ရက်၊ သုံးရက်မှာ ရောဂါသက်သာသွားမယ်။ ရောဂါအခြေအနေကို လိုက်ပြီး ပြုစုကုသပေးရ မယ်။ အဖျားတက်ရင် ပါရာစီတမော့ ဆေး ရည်ကျွေးခြင်း၊ ရေပတ်တိုက်ခြင်း၊ စအိုထဲ ပါ ရာစီတမောဂြိုလ်တုတောင့် ထည့်ခြင်းဆောင် ရွက်နိုင်ပါတယ်။ ဆေးကို ကလေးရဲ့ အလေး ချိန်အလိုက် သတ်မှတ်ထားလို့ ယင်းအတိုင်း တိုက်ကျွေးသင့်ပါတယ်။ အဖျားတက်ရင်း တစ်ကိုယ်လုံး၊ ရေအေးပတ်နဲ့ တိုက်ပေးခြင်း၊ ရေလောင်းချိုးပြီး အခြောက်ပြန်သုတ်ကာ နွေးနွေးထွေးထွေးထားခြင်းတို့ လိုအပ်တယ်။ အဖျားတက်ရင် အနွေးထည်ထူထူနဲ့ လုံခြုံနွေး ထွေးအောင် မထားသင့်ဘူး။ ပတ်ဝန်းကျင် ရာသီဥတုနဲ့ မျှတအောင် ဝတ်ဆင်သင့်တယ်။
ကလေးကို ဓာတ်ဆားရည်တိုက်ပေးသင့် ပါတယ်။ ရွိုင်ရယ်ဒီ ( Royal D )သီးစုံဓာတ်ဆား က ဝမ်းသွားစေလို့ ဘီပီအိုင်ဓာတ်ဆားထုတ် တိုက်ကျွေးသင့်ပါတယ်။ စွတ်ပြုတ်ရည်ကို ငါးမိနစ်ခြား တစ်ဇွန်းတိုက်ပေးသင့်တယ်။ ခြောက်နာရီနဲ့ ရှစ်နာရီအတွင်း ရောဂါသက် သာသွားနိုင်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောအ တွက် ဓာတ်ဆားရည် (MPF-ORS) က ပျောက် ကင်းစေနိုင်ပါတယ်။ ဓာတ်ဆားထုပ်ကို ရေ သန့်တစ်ဗူးစာ ဖျော်ပြီး ၂၄ နာရီအတွင်း ကုန် အောင် တိုက်ကျွေးသင့်ပါတယ်။၂၄ နာရီ ကျော်ရင် မတိုက်ပဲ သွန်ပစ်ရမယ်။
တစ်ကိုယ်ရေသန့်ရှင်းမှု ရှိရမယ်။ ရောဂါ ကြိုတင်ကာကွယ်ခြင်းက ရောဂါဖြစ်မှ ကုသ ခြင်းထက် ပိုမိုကောင်းမွန်ပါတယ်။ ကလေး အနှီးဝတ် မစင်ပေတဲ့အဝတ်တွေ ဆပ်ပြာ၊ ရေတို့နဲ့ သေချာစွာ လျှော်ဖွပ်ပြီး နေလှန်းရ မယ်။ မီးပူတိုက်ပြီးမှ ပြန်သုံးသင့်တယ်။ ကလေးရဲ့မစင်၊ အန်ဖတ်၊အချွဲချောင်းဆိုးတာ နှပ်ရည်တွေစနစ်တကျ သုတ်သင်ပေးပြီး အိမ် သာထဲ ရေဆွဲချဖို့ (သို့) မြေမြှုပ်ပစ်သင့်တယ်။ အခြားဘက်တီးရီးယား မဖြစ်ရအောင် ပဋိဇီဝ ဆေး (စီးဖရန်၊ မက်ထရို Cifram500mg,para- cetamol500mg, Metroniduzole200mg တစ်ရက်နှစ်ကြိမ်နဲ့ငါးရက်တိုက်သင့်တယ်။) တိုက်ရမယ်။
နမိုးနီးယား (Pneumonia) ရောဂါက လည်း (Pneumococci)) ကြောင့် ဘက်တီးရီး ယားကြောင့်ဖြစ်လို့ ပဋိဇီဝဆေး၊ ချောင်းဆိုး ပျောက်ဆေးရည် တို့နဲ့ ကုသပေးနိုင်ပါကယ်။ ရောဂါဖြစ်တဲ့ကလေးကို ခွင့်ယူအနားယူရ မယ်။
ကိုဗစ်ကပ်ရောဂါကလည်း ကမ္ဘာမြေ ပေါ်မှာလေး၊ ငါးနှစ်ကြာနေဦးမှာဆိုတော့ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်၊ ထပ်ဆင့်မြှင့် ဆေး နှစ်ကြိမ်ထိုးနှံဖို့၊ နှာခေါင်းစည်းတပ်ဖို့၊ လက်ကို ဆပ်ပြာ၊ ရေနဲ့ စက္ကန့် ၂၀ ကြာဆေး ကြောဖို့၊ တစ်ဦးနဲ့ တစ်ဦး ခြောက်ပေခွာဖို့၊ လေဝင်လေထွက်ကောင်းစေဖို့ လိုအပ်မှာဖြစ် တယ်။
ဆောင်းရာသီမှာ ဖြစ်ပွားတတ်တဲ့ ရောဂါ တွေမှကြိုတင်ကာကွယ်ဖို့ ပွဲလမ်းသဘင် လူထူ ထပ်တဲ့နေရာနဲ့ဖုံထူအရပ်တွေ တတ်နိုင်သမျှ ရှောင်ရမယ်။ (၂) နှာစေး၊ ချောင်းဆိုးရင် ရောဂါမပြန့်ပွားအောင် လက်ကိုင်ပုဝါ၊ တစ် သျှူး အသုံးပြုရမယ်။ (၃)တစ်ဦးအသုံးပြုထား တဲ့ အသုံးအဆောင်နဲ့ အဝတ်အထည်စား ကြွင်းစားကျန်ကို အခြားတစ်ဦး အသုံးပြုခြင်းမှ ရှောင်ကြဉ်ရမယ်။ (၄) ငါးနှစ်အောက် ကလေး များ ကလေးဘဝကာကွယ်ဆေးဖြစ်တဲ့ က လေး နှစ်လ၊ လေးလနဲ့ ခြောက်လတွေမှာ ဆုံဆို့၊ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်၊ ဦး နှောက်အမြှေးရောင်ကာကွယ်ဆေး (BCG) ထိုးနှံပေးပြီး၊ အသက်ကိုးလနဲ့ တစ်နှစ်ခွဲမှာ ဝက်သက်ကာကွယ်ဆေးထိုးနှံရမယ်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီကစပြီး ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးနှံရမယ်။ (၅) တစ်ကိုယ်ရည် သန့်ရှင်းရေးကို အလေးပေးဆောင်ရွက်ရမယ်။ လက်ကို ဆပ်ပြာ၊ ရေတို့နဲ့ စက္ကန့် ၂ဝကျော် ကြာဆေးကြောရမယ်။ (၆)အာဟာရပြည့်ဝတဲ့ အစာတွေစားသောက် ပေးရမယ်။ လမ်းဘေး ယင်နားစာရှောင်ရမယ်။ (၇) ရောဂါလက္ခဏာ တွေ့ရှိခဲ့ရင် မိသားစုဆရာဝန် (သို့) နီးစပ်ရာ ကျန်းမာရေးဌာနနဲ့ ပြသကုသမှုခံယူခြင်းက အခြားသူများထံရောဂါကူးစက်ခြင်းမှ ကြိုတင် ကာကွယ်သင့်ပါတယ်။










