ငွေလဲလှယ်နှုန်းအပြောင်းအလဲနှင့် ရေလုပ်ငန်းရှင်များ၏ အခက်အခဲ

ငွေလဲလှယ်နှုန်းအပြောင်းအလဲနှင့် ရေလုပ်ငန်းရှင်များ၏ အခက်အခဲ
မြိတ်မြို့ရှိ ရေထွက်ကုန်အအေးခန်းတစ်ခုကို တွေ့ရစဉ်
မြိတ်မြို့ရှိ ရေထွက်ကုန်အအေးခန်းတစ်ခုကို တွေ့ရစဉ်
Published 11 December 2022
ဇော်မိုးဦး

“ကျွန်တော်တို့ ရေထွက်ပစ္စည်းရောင်းရငွေရဲ့ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်ရဲ့ငွေလဲနှုန်းအတိုင်း လဲပေးတယ်။ ကျန်တဲ့ ၃၅ ရာခိုင် နှုန်းကို အပြင်ပေါက်စျေးအတိုင်း လဲခွင့်ရှိပါ တယ်။ ၃၅ ရာခိုင်နှုန်းကို တစ်လအတွင်းမှာကုန်ပစ္စည်းတင်သွင်းရပါတယ်။အဲဒါက Export လုပ်တဲ့ ကုမ္ပဏီတွေအနေနဲ့ ရပိုင်ခွင့် ပါ။ Inport လုပ်တဲ့သူတွေကျတော့ Export ငွေမပြနိုင်တော့ ကုန်ပစ္စည်း တင်သွင်းဖို့ရာမှာ အခက်အခဲဖြစ်သွားပြီ” ဟု မြိတ်မြို့မှ လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ယခုရက်ပိုင်းအတွင်း ရာခိုင်နှုန်းအလိုက် ငွေလဲရသောကိစ္စမှာ ရေရှည်တွင် စီးပွားရေး ကျဆင်းသွားနိုင်သည့် အခြေအနေနှင့် ရင် ဆိုင်နေရကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

ရေထွက်ပစ္စည်း အဓိက တင်ပို့ပြီး လူသုံး ကုန်ပစ္စည်းပြန်လည်တင်သွင်းနေရသည့် ဒေသများအနေဖြင့် ကုန်စည်များ ပြန်လည် တင်သွင်းရန် အခက်အခဲများဖြစ်လာသည့် အပြင် EXPORT သမားများကလည်း အစိုးရ ပေါက်စျေးအတိုင်း ငွေလဲလိုက်ရသည့်အ တွက် အရှုံးပေါ်နေကြောင်း သိရသည်။

“အများနားလည်အောင် ရှင်းပြရရင် တော့ ကျွန်တော်တို့ ထိုင်းကို ဘတ်တစ်သိန်း တန်တဲ့ ရေထွက်ပစ္စည်းတင်ပို့တယ်ထားပါ တော့ အဲဒီဘတ်တစ်သိန်းက ထိုင်းကနေ တစ်ဆင့် မြန်မာနိုင်ငံဘဏ်ထဲကို ပြန်ဝင်လာ တယ်။ ၆၅ ရာခိုင်နှုန်းဖြစ်တဲ့ ဘတ် ၆၅၀၀၀ ကို ဗဟိုဘဏ်စျေးအတိုင်း လဲပေးလိုက်ရ တယ်။ အပြင်မှာ တစ်ဘတ်ကို မြန်မာငွေ ၈၀ ကျပ်နီးပါးဖြစ်နေပေမဲ့ ကျွန်တော်တို့က ၅၈ ကျပ်ပဲ ရတယ်။ ကျန်တဲ့ ၃၅ ရာခိုင်နှုန်းဖြစ်တဲ့ ဘတ် ၃၅၀၀၀ ကို အပြင်ပေါက်စျေးနဲ့ လဲခွင့် ပေးတယ်။  Invoice လို့ ခေါ်တဲ့ ကုန်ပစ္စည်း တန်ဖိုးစာရင်းကို အစိုးရက သတ်မှတ်စျေး ရေးပေးထားတယ်။ ငွေတွေက အပိုသွင်းနေ ရတဲ့အနေထားဖြစ်လာတယ်။ကုမ္ပဏီငယ် တချို့က ဆက်မလုပ်နိုင်တော့ဘူးဆိုပြီး ကုမ္ပ ဏီကြီးတချို့ကို ပြန်ချိတ်ကြရတယ်။ ကုမ္ပဏီ ကြီးတွေကလည်း အရှုံးမပေါ်အောင် ရာခိုင် နှုန်းအလိုက် ပြန်ကောက်ရပြန်တယ်။ လှေ တစ်စီး ကုန်ပစ္စည်းပို့တော့မယ်ဆိုရင် အတိအ ကျရှုံးနေမယ့် အနေထား ရောက်လာတယ်။ နောက်ဆုံး အောက်ခြေလူတန်းစားဖြစ်တဲ့ တံငါသည်တွေမှာ သွားထိခိုက်တယ်” ဟု ကော့သောင်းမြို့မှ ရေလုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

ယခင်က ရာခိုင်နှုန်းအပြည့် ငွေလဲလှယ် ရသော်လည်း နောက်ပိုင်းတွင် ဖြေလျော့ ပေးသည့်အနေဖြင့် ၆၅ ရာခိုင်နှုန်း/ ၃၅ ရာ ခိုင်နှုန်း ငွေလဲနှုန်း သတ်မှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း ပို့ကုန်/သွင်းကုန် ကိုယ်စားလှယ် တစ်ဦးက ဆိုသည်။

ယင်းစနစ် အသက်ဝင်ကြောင်း စာထွက် လာသည့် နိုဝင်ဘာ ၂၂ ရက်ကစ၍ ငါးဖမ်းလုပ် ငန်းလုပ်ကိုင်နေသည့် ငါးဖမ်းလှေများမှာ ဆက်လက်လုပ်ကိုင်ရန် တွက်ချက်မကိုက် တော့သည့်အတွက် လုပ်ငန်းများ ရပ်နား၍ ဆိပ်ကမ်းသို့ ပြန်ဝင်လာမှုများ ရှိကြောင်း သိ ရသည်။

“လှေအတော်များများက ရပ်နားကြ တော့မယ်လို့ ကြားရတယ်။ EXPORT အဓိက လုပ်ကိုင်နေရတဲ့ ကမ်းနီး/လိုင်းနီ(ငါးဖမ်း လှေ)၊ လိုင်းဖြူ(ငါးသယ်လှေ) တွေ အကုန် ထိခိုက်ကြတယ်။ တချို့လည်း ပင်လယ်ထဲမှာ ငါးဆက်ဖမ်းနေတုန်းပါ။ သတ်မှတ်ခွင့်ပြုရက် (တစ်ဖျား) ပြီးရင် ဆိပ်ကမ်းကို ပြန်ဝင်လာ ကြရင် အရှုံးအမြတ် သေချာအောင်တွက်ချက် တဲ့အခါမှာ ဆက်လုပ်နိုင်တဲ့သူတွေက လုပ်ကြ မယ်။ မလုပ်နိုင်တဲ့သူတွေကတော့ ရပ်နား သွားကြလိမ့်မယ်။ အဲဒီအခါကျရင် နိုင်ငံ တော်ဝင်ငွေလည်း ကျဆင်းသွားနိုင်သလို ရေလုပ်ငန်းနဲ့ ရေလုပ်ငန်းကို မှီခိုနေရတဲ့ လုပ် ငန်းအားလုံး ထိုးကျသွားနိုင်တယ်” ဟု ရေလုပ် ငန်းလုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။

ရေထွက်ပစ္စည်းတင်ပို့မှုအပိုင်းတွင် ကော့သောင်း-ရနောင်းနယ်စပ် ကုန်သွယ်မှု မှာ အချက်အချာကျပြီး မြိတ်ဒေသတွင်မူ ပင်လယ်ပြင်$ ငါးဖမ်းထုတ်လုပ်မှု များပြား သော်လည်း ကော့သောင်း ဃ့နခု-စသငညအ မှ တစ်ဆင့် ထိုင်းသို့ တင်ပို့မှု များပြားနေကြောင်း မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်မင်း ဦးက ပြောကြားသည်။

“Import သမားက အပြင်ပေါက်စျေးအတိုင်း နိုင်ငံခြားငွေရှာပြီး ကုန်စည်တင် သွင်းရမယ်။  EXPORT သမားက ၆၅ ရာခိုင်း နှုန်းကို ဗဟိုဘဏ် သတ်မှတ်ထားတဲ့ စျေးနဲ့လဲ ပြီး နိုင်ငံခြားငွေကို ပေးလိုက်ရမယ် ။ ကုန်စည် ပြန်ဝယ်တဲ့အခါမှာ လိုအပ်တဲ့ငွေကို အပြင် ပေါက်စျေးနဲ့ ပြန်လဲရမယ်ဆိုတော့ မြန်မာ နိုင်ငံသား ကုန်သည်တွေအဖို့ အသွားအပြန်  ရှုံးနေပါပြီ။ ကော့သောင်းမှာ ပြီးခဲ့တဲ့နှစ်က အမေရိကန်ဒေါ်လာ  သန်း ၂၀၀ ကျော်လောက် ရှာဖွေပေးနိုင်ခဲ့တယ်။ ဒီနှစ်မရနိုင်တော့ဘူး” ဟု ကော့သောင်း-ရနှောင်းနယ်စပ်ကုန်သွယ် ရေးလုပ်နေသူ တစ်ဦးက ပြောကြားသည်။

ပင်လယ်ပြင်တွင် ငါးဖမ်းဆီးရာ၌ ယခင်နှစ်များထက် ကုန်ကျစရိတ် ပိုမိုများပြားခြင်း၊ ရာသီဥတုအနေထားကြောင့် ငါးအရနည်းလာ ခြင်းများဖြစ်နေသည့်အပြင် ငွေလဲနှုန်းစနစ်ကပါ ထပ်မံထိုးနှက်လာသည့်အတွက် ရေလုပ်ငန်းလုပ်ကိုင်ရန် မဖြစ်နိုင်တော့သည့် အခြေအနေများ ကြုံတွေ့နေရကြောင်း ရေ လုပ်ငန်းရှင်များထံမှ သိရသည်။

“ငါးဖမ်းလှေအားလုံး အရှုံးပေါ်တဲ့အနေ ထားလို့ ပြောနိုင်တယ်။ လှေငယ်တစ်စီးကိုပင် လယ်ပြင်အထွက် စရိတ်က ကျပ်သိန်း ၁၀၀ လိုတယ်။ လှေကြီးတွေက သိန်း ၄၀၀ အထိ လိုအပ်တယ်။ ပင်လယ်ပြင်ထွက်မယ်ဆိုရင် လည်း ငါးရမယ်လို့ မသေချာဘူး။ငါးရလာ ရင်လည်း ဒီစနစ်က ကျွန်တော်တို့အတွက် လုပ်လို့ မရတော့ဘူး။ ပါကေးငါးတစ်ပုံးကို ကျွန်တော်တို့ ထိုင်းမှာ သွားရောင်းရင် အများ ဆုံး ဘတ် ၇၂၀ ရတယ်။ ဟိုပေးရဒီပေးရ။ ငွေလဲနှုန်း အနုတ်ခံရ။ စာရွက်စာတမ်းဖိုး။တခြားကုန်ကျစရိတ် တွက်ချက်လိုက်ရင် ပါ ကေးငါးတစ်ပုံးကို ကျွန်တော်တို့ ဘတ် ၃၂၀ လောက်ပဲ ကျန်တယ်။ အဲဒီမှာ လှေအထွက် စရိတ်တွေ နုတ်လိုက်ရင် ဘယ်လို လုပ်စားရ တော့မလဲ။ အဲဒီတော့ လှေအစီးရေ ရာနဲ့ချီပြီး  နားနေကြရပါပြီ။ တချို့ပင်လယ်ပြင်ကို ထွက် စမ်းပေမဲ့ တွက်ခြေမကိုက်တော့ ပြန်ဝင်လာ ရတာမျိုး ဖြစ်နေတယ်။ ပြန်ဝင်လာတဲ့လှေတွေ မထွက်ရဲတော့ဘူး။ နိုဝင်ဘာ ၂၂ ရက်ကစပြီး လှေတွေ အလုပ်ဆက်လုပ်ဖို့ မဖြစ်နိုင်တော့ ဘူး။ ကျွန်တော်တော့ နားပြီ” ဟု ကော့သောင်း မြို့မှ တံငါသည်တစ်ဦးက ပြောကြားသည်။

ပြောင်းလဲလိုက်သည့် ငွေလဲစနစ်မှာ တိုင်းပြည်၏ အခွန်ဘဏ္ဍာကို ထိခိုက်စေမည့် အပြင် မြေပြင်တွင်လည်း အခက်အခဲများ ဖြစ်နေကြောင်း ရေလုပ်ငန်းရှင်များက ပြော ကြားသည်။

ပင်လယ်ပြင်ကို မှီခို၍ လုပ်ကိုင်နေရ သည့် ရေလုပ်ငန်းကဏ္ဍ ကျဆင်းသွားပါကဆက်စပ်စီးပွားရေးလုပ်ငန်းများပါ ကျဆင်းသွား နိုင်သည့်အတွက် တာဝန်ရှိသူများအနေဖြင့် ဖြေလျော့မှုများ လုပ်ဆောင်ပေးရန် ဒေသခံ များက တောင်းဆိုလျက်ရှိသည်။

Most Read

Most Recent