မိမိဘာသာ ပညာရပ်ရွေးချယ်မှုနှင့် လေ့လာမှုနည်းစနစ်များ

မိမိဘာသာ ပညာရပ်ရွေးချယ်မှုနှင့် လေ့လာမှုနည်းစနစ်များ
Published 4 December 2022
ရဲကျော်စွာ

ယနေ့ခေတ်တွင် လူငယ်များအပါအဝင် အသက်အရွယ်အုပ်စုများအားလုံးအနေဖြင့် အကြောင်းတရားတစ်ခုခုအတွက် မိမိဝါသနာပါရာ ပညာရပ်တစ်ခုခု သို့မဟုတ် မိမိဘဝအတွက် အသုံးဝင်မည့် ကျွမ်းကျင်မှုပညာရပ်တစ်ခုခုကို “အနီးဆုံးလမ်းတိုများ“ (Shortcuts) များဖြင့် အချိန်တိုအတွင်း အထိရောက်ဆုံးလေ့လာဆည်းပူးနိုင်ရန် နည်းလမ်းများကို စိတ်ဝင်စားလာတတ်ကြသည်။

လူတိုင်းနီးပါးသည် ပညာရပ်နယ်ပယ် တစ်ခုခု သို့မဟုတ် တစ်ခုထက်ပိုသော ပညာရပ်နယ်ပယ်များကို-

(၁) ဝါသနာအတွက်သော်လည်းကောင်း ၊ 

(၂) ခေတ်နှင့် အဆက်မပြတ်စေရန် အတွက်သော်လည်းကောင်း၊

(၃) အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များအတွက်သော်လည်းကောင်း၊

(၄) မိမိကိုယ်ကိုယ်မိမိ ပြည့်စုံပြည့်ဝမျှတသော၊ ဟန်ချက်ညီသော လူသားတစ်ယောက်ဖြစ်လာစေရန်အတွက်သော်လည်းကောင်း၊

(၅) မိမိတစ်ဦးချင်း၏ သိလိုစိတ်များနှင့် စူးစမ်းလိုစိတ်များအတွက်သော်လည်းကောင်း၊

(၆) မိမိ၏ မိသားစု၊ ဆွေမျိုးများ၊ မိတ်ဆွေများနှင့် ရပ်ရွာလူမှုအစုအဝန်းများ (Communities) အတွက် ပါဝင်အကျိုးပြုရန်အတွက်သော်လည်းကောင်း ၊

(၇) မိမိ၏ တစ်ဦးချင်းကိုယ်ရေးကိုယ်တာရည်ရွယ်ချက်များ၊ လူမှုရေးရည်ရွယ်ချက်များ၊ လိင်မှုရေးရာရည်ရွယ်ချက်များနှင့် အခြားဖျော်ဖြေရေးရည်ရွယ်ချက်များ 

အတွက်သော်လည်းကောင်း၊

မတူညီသော ပညာရပ်နယ်များကို မတူညီသောရည်ရွယ်ချက်များဖြင့် လေ့လာသင်ယူမှုပြုလုပ်ရန် ဆန္ဒရှိလာတတ်သည်။

မိမိစိတ်ဝင်စားသော ပညာရပ်များအနက် အချို့သောပညာရပ်များကို စတင်သင်ယူသူအဆင့် (Beginner Level)၊ အခြေခံအုတ်မြစ်အဆင့် (Foundation Level)၊ အလယ်အလတ် အဆင့် (Intermediate Level) မှသည် အသက်မွေးဝမ်းကျောင်း ကျွမ်းကျင်သူအဆင့် (Professional Level)၊ ကျောင်းတော်ပညာသမား အဆင့် (Scholar Level)၊ ပညာရှင်အဆင့် (Academic Level) အစရှိသော အဆင့်အလွှာတစ်ခုခုအထိ မတူညီသောအတိုင်းအတာများဖြင့် လေ့လာသင်ယူလိုသော ဆန္ဒရည်ရွယ်ချက်များ ရှိနေတတ်ကြသည်။

လက်တွေ့ပြဿနာများက အချိန်အကန့်အသတ်နှင့် အခြားသောအရင်းအမြစ်များ၏ အကန့်အသတ်များဖြစ်သည်။ ယင်းတို့အထဲတွင် ငွေကြေး၊ အင်တာနက်၊ အချိန်၊ နောက်ခံ သုတ၊ နောက်ခံဘာသာစကားနှင့် အခြားကျွမ်းကျင်မှုများ၊ လူမှုအဆက်အသွယ် (Social Contacts) များ၏ ကန့်သတ်ချက်များ ပါဝင်နေတတ်ကြသည်။ 

“ဦးစားပေးပညာရပ်များ ရွေးချယ်ခြင်း“

မိမိတစ်ဦးချင်းအတွက် ဦးစားပေးသင့်သော ပညာရပ်နယ်ပယ်များကို ရွေးချယ်ရာတွင် အသုံးပြုသင့်သော အကောင်းဆုံးနှင့် အပြည့်စုံဆုံး ရွေးချယ်မှု နည်းစန

စ်များဟူ၍ ပုံသေ၊ တရားသေမရှိပါ။ 

သို့သော်လည်း အခြားသောနည်းစနစ်များထက်စာလျှင် လူငယ်များအနေဖြင့် မိမိတို့၏အထူးပြုပညာရပ်နယ်ပယ် ရွေးချယ်မှုတွင် မိမိကိုယ်ကိုယ်မိမိ သိစိတ်ရှိစွာဖြင့် ရွေးချယ်မှုနည်းစနစ်များကို ဖွံ့ဖြိုးရေးသိပ္ပံပညာများက ပိုမိုအားပေးထားကြသည်။

“မိမိကိုယ်ကိုယ် မိမိ ပြန်လည်ဆန်းစစ်ခြင်း“

(၁) ပထမဆုံးအနေဖြင့် ကိုယ်လေ့လာဆည်းပူးလိုသော ပညာရပ်နယ်ပယ်များကို အထက်ပါရည်ရွယ်ချက်များအနက် မည်သည့်ရည်ရွယ်ချက်များအတွက် လေ့လာ

ဖြည့်ဆည်းလိုချင်တာလဲဆိုခြင်းကို မိမိကိုယ်ကိုယ်မိမိ အမှန်အတိုင်းသိရမည်ဖြစ်သည်။ 

ကိုယ့်စိတ်ကိုယ် ကိုယ့်ဘာသာသိအောင် အရင်ဆုံးပြန်လုပ်ရန်လိုအပ်သည်။ ကိုယ့်စိတ်ကို မညာတမ်း၊ မညှာတမ်း ပြန်လည်စစ်ဆေးပါ။ ပညာရပ်အမျိုးမျိုးကို 

မိမိက ဆက်လက်လေ့လာသင်ယူရေးအတွက် မိမိတစ်ဦးချင်း၏ အဓိကရည်ရွယ်ချက်များကို အမှန်အတိုင်းရွေးချယ်သတ်မှတ်ပါ။ 

(၂) မိမိလေ့လာလိုသော ပညာရပ်နယ်ပယ်များကို စာဖြင့်ချရေးပြီး စာရင်းတစ်ခု ပြုစုပါ။

(၃) ထိုလျာထားစာရင်းပါ ပညာရပ်နယ်ပယ်များ တစ်ခုချင်းအလိုက် လေ့လာလိုခြင်း၏ ရည်ရွယ်ချက်အမှန်များကို ရွေးချယ်ပြီး စာဖြင့် မှတ်စုချရေးပါ။

     မိမိစိတ်ဝင်စားနေသော ပညာရပ်တစ်ခုချင်းအလိုက် ယင်းပညာရပ်ကို မိမိကလေ့လာဖြည့်ဆည်းလိုခြင်း၏ တိကျသောရည်ရွယ်ချက်များကို ရွေးချယ်သတ်မှတ်ပါ။

 

အချို့သော ပညာရပ်နယ်ပယ်များအတွက် မိမိကိုယ်တိုင် တစ်ခုထက်ပိုသော ရည်ရွယ်ချက်များ ရှိနေနိုင်သည်။

(၄) လျာထားစာရင်းပါ ပညာရပ်နယ်ပယ်တစ်ခုချင်းအလိုက် မည်သည့်အဆင့်အလွှာအထိ လေ့လာဖြည့်ဆည်းရန် ရည်ရွယ်ချက်ထားမည်ကို အဆင့်အလွှာများ ရွေးချယ်သတ်မှတ် ဆုံးဖြတ်ပါ ။

 ယင်းပညာရပ်နယ်ပယ်တစ်ခုချင်းအလိုက် မိမိကိုယ်တိုင်က မည်သည့်အဆင့်အလွှာတွင်သာ ရှိနေသေးသည်ဆိုခြင်းကို မိမိကိုယ်တိုင်မိမိ အမှန်အတိုင်း သိပါစေ 

ထိုကဲ့သို့ မိမိဘာသာ ပြန်လည်အကဲဖြတ်ရသောနေရာတွင် မိမိကိုယ်ကိုယ် ဘယ်တော့မှ ပိုမတွက်ရပါ။ အထူးသဖြင့် လူကြီးများ၊ လူလတ်ပိုင်းများ၊ ရွယ်တူများ နှင့် ကိုယ့်ထက်အသက်ငယ်သူများ၊ လူငယ်များအပါအဝင် အခြားသူများကို မည်သည့်အခါမှ လျှော့မတွက်ရပါ။

(၅) လျာထားစာရင်းပါ စိတ်ဝင်စားသောပညာရပ်နယ်ပယ်များအနက် လတ်တလော ကာလနှင့် ရေရှည်ကာလများအတွက် အဓိကထားကာ ဦးစားပေးလေ့လာဆည်းပူးသွားမည့် ပညာရပ်များ၊ မိမိ၏အချိန်၊ ငွေကြေးနှင့် အခြားသောအရင်းအမြစ်များကို ဦးစားပေးသုံးစွဲသွားမည့် ဦးစားပေးပညာရပ်နယ်ပယ်များကို ဦးစားပေး အစီအစဉ်အလိုက် ဂဏန်းအမှတ်စဉ်ထိုး၍ သတ်မှတ်၊ ရွေးချယ်၊ ဆုံးဖြတ်ပါ။

အခြားနိုင်ငံများမှ အခြေခံလူတန်းစားနှင့် လူလတ်တန်းစားမှ လူငယ်အများစုက အလုပ်အကိုင်အသက်မွေးဝမ်းကျောင်းအတွက် လေ့လာဆည်းပူးလိုသော ပညာရပ်နယ်ပယ်များကို ဦးစားပေးထိပ်ဆုံးအဆင့်များတွင် ထားလေ့ရှိကြောင်းကို သတိရပါ။

သင်က အများနှင့်မတူအောင် ဖောက်ထွက်လိုပြီး လက်တွေ့ဖောက်ထွက်နိုင်စွမ်းလည်း ရှိနေသောသူ၊ သင်ကိုယ်တိုင်က လတ်တလောအားဖြင့် မိဘပိုင် မဟုတ်သော၊ ကိုယ်ပိုင်အိုးအိမ်၊ ကိုယ်ပိုင်ဝင်ငွေ၊ ကိုယ်ပိုင်အချိန်ဖြင့် ရပ်တည်နေသူဖြစ်လျှင်၊ သင့်အနေဖြင့် ညီ၊ ညီမများကို ပြန်လည် ထောက်ပံ့နေရသူ မဟုတ်လျှင်၊ သင်၏ ဆုံးဖြတ်ချက်များက အခြားသူအချို့ထက် သိသာစွာပိုမိုလွတ်လပ်ပေါ့ပါးနေလိမ့်မည်။

“အဆင့်မြင့်စွာ လေ့လာမှု ပြုလုပ်လိုသောပညာရပ်များအတွက်“

 ဦးစားပေးလျာထားပညာရပ်များအနက် အဆင့်မြင့်အဆင့် (Advance Level) သို့မဟုတ် အထူးပြုအသက်မွေးဝမ်းကျောင်းကျွမ်းကျင်သူအဆင့် (Professional Level)၊ ကျောင်းတော်ပညာသမားအဆင့် (Scholar Level) ၊ ပညာရှင်အဆင့် (Academic Level) အစရှိသော အဆင့်မြင့်အဆင့်အလွှာတစ်ခုခုအထိ မြင့်မားစွာ လေ့လာလိုသောပညာရပ်များအတွက် ယင်း ပညာရပ်နယ်ပယ်တစ်ခုချင်းအလိုက် အဆင့်မြင့်လေ့လာမှုပြုလုပ်နိုင်ရန် မဖြစ်မနေလိုအပ်သော နိုင်ငံတကာ အထူးပြု ပညာရပ်သုံး ဘာသာစကားများနှင့် အရေးကြီးဆော့ဖ်ဝဲ Software Applications များကို စာရင်းပြုစုသတ်မှတ်ရသည်။

“ဘဝသမားများအတွက် အကြံပြုချက်တစ်ခု“

 လက်ရှိ မိမိတစ်ဦးချင်း၏ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုက အလယ်အလတ်အဆင့် (Intermediate Level) ၏ အောက်အဆင့် တစ်ခုခု ဥပမာ - စတင်သင်ယူသူအဆင့် (Beginner Level) သို့မဟုတ် အခြေခံအုတ်မြစ်အဆင့် (Foundation Level) သို့မဟုတ် အခြေခံအဆင့် (Elementary Level) တစ်ခုခု အတွင်းမှာပဲ ရှိနေကာ အသက်အရွယ်အားဖြင့် အရွယ်ရောက်ပြီးနေသူဖြစ်နေသူ၊ အလုပ်အကိုင်၊ ဝင်ငွေ  နောက်ခံကျွမ်းကျင်မှုများနှင့် အားလပ်ချိန်ရရှိမှုများတွင် အခက်အခဲများ ရှိနေကြသော ဘဝသမားများအနေဖြင့် မိမိလေ့လာလိုက်စားလိုသော ပညာရပ်နယ်ပယ်အတွက် မြန်မာဘာသာစကားဖြင့် ရေးသားရှင်းပြထားသော၊ ပုံနှိပ် စာအုပ်စာ

တန်းများ၊ ပုံနှိပ်မိတ္တူများ၊ ကွန်ပျူတာ Soft Copies Files များ၊ Google သို့မဟုတ် အခြားသောအင်တာနက် Search Engines တစ်ခုခုဖြင့်ရယူနိုင်သော FreeDownload PDF Files များ၊ ပညာရပ်ဆိုင်ရာ ကွန်ပျူတာစီဒီအခွေများကို အရင်ဆုံး စတင်စုဆောင်းသင့်သည်။ ထိုကဲ့သို့ မြန်မာဘာသာဖြင့် ရေးသားထားသော စာအုပ်စာတန်းများနှင့် ကွန်ပျူတာဖိုင်များကို ကျေညက်နားလည်လာ‌သည်အထိ မိမိဘာသာ လေ့လာသင်ယူမှု (Self-Study) ကို ကြိုတင် ပြုလုပ်ထားသင့်သည်။

 မြန်မာဘာသာဖြင့် ရေးသားရှင်းပြထားသော စာအုပ်စာတန်းတစ်ခုချင်းကို အချိန်ယူကာ စနစ်တကျ၊ ဖတ်ရှု၊ လေ့လာ၊ မှတ်စုထုတ်၊ သုံးသပ်ထားရန်လိုအပ်သည်။

 မိမိတစ်ဦးချင်းက ဘဝသမားဖြစ်နေခြင်းမှန်လျှင် YouTube နှင့် Facebook များကဲ့သို့‌သော Online Social Media Applications များထံမှ တင်ပေးနေသော ရုပ်သံဗီဒီယိုဖိုင်များအထဲမှ သင်ခန်းစာပို့ချချက် အညံ့စားများအကြားတွင် ယောင်မှား၍ သွားအချိန်ဖြုန်းမိခြင်းမျိုးကို လုံးဝမလုပ်မိစေရန် အထူးဂရုစိုက်ပါ။ အဆိုပါ အွန်လိုင်းဆိုရှယ်မီဒီယာများမှ ရုပ်သံဖိုင်များသည် အချိန်နှင့် ငွေကြေး ပိုမိုကုန်ကျစရိတ်များပြီး ပေးနိုင်သောအချက်အလက်များက အလွန်နည်းပါးကာ ယင်းအချက်အရည်အသွေးများတွင် ပြဿနာများများစွာရှိနေကြသည် ။

ဘဝသမားတိုင်းအနေဖြင့် မိမိလေ့လာလိုသော ပညာရပ်နယ်ပယ်တစ်ခုချင်းနှင့် တိုက်ရိုက်သက်ဆိုင်နေသော နိုင်ငံတကာသုံး ဘာသာစကားတစ်ခုခု၏ အခြေခံ စတင်သင်ယူသူအဆင့် (Beginner Level) 4 Skills Self-Study Free Download Applications များကို Google Play Store သို့မဟုတ် အလားတူ အင်တာနက် ဆော့ဖ်ဝဲစတိုးတစ်ခုခုထံမှ Free Download ရယူပြီး စတင်လေ့လာထားရန်လည်းလိုအပ်သည်။

 မတူညီသော သဘာဝသိပ္ပံပညာများ၊ စက်မှုပညာများ၊ နည်းပညာများ၊ ဇီဝသိပ္ပံများ၊ ဇီဝနည်းပညာများ၊ လူမှုသိပ္ပံပညာများနှှင့် အနုပညာများ၏ နယ်ပယ်ပညာရပ် တစ်ခုချင်းအလိုက် ကမ္ဘာ့ထိပ်တန်းရောက်နေသော နိုင်ငံများ၏ အမည်စာရင်းများမှာ မတူညီကြပါ။ အဆိုပါပညာရပ်နယ်ပယ်အားလုံးတွင် အလုံးစုံ၊ ဘက်စုံ ထိပ်တန်းရောက်နေသော နိုင်ငံများဟူ၍ တကယ်မရှိပါ။

“အဓိက ဘာသာစကားများ“

 မတူညီသော အထူးပြုပညာရပ်တစ်ခုချင်းအလိုက် ထိပ်တန်းရောက်နေသော ကမ္ဘာ့နိုင်ငံအချို့၏ အဓိကဘာသာစကားအချို့၏ အမည်စာရင်းတစ်ခုကို ဖော်ပြလိုက်သည်။

(၁) အရပ်ဘက်သုံး ကွန်ပျူတာနည်းပညာများ - American English, Japanese and Russian

(၂)  အရပ်ဘက်သုံး Mechatronics နည်းပညာများ -

German, Swedish, Japanese, Russian, American English, British English and French

(၃) အရပ်ဘက်သုံး အီလက်ထရွန်နစ် - American English, Japanese and Russian

(၄) အရပ်ဘက်သုံး လေကြောင်းနည်းပညာများ - American English, Swedish, German, French and British English

(၅) အရပ်ဘက်သုံး ရေကြောင်းနည်းပညာများ - British English, Swedish, American English, French, German and Japanese

(၆)  အရပ်ဘက်သုံး ယန္တရားစက်မှု နည်းပညာများ - German, Swedish, Japanese, Russian, American English, British English, French and Italian

(၇) အရပ်ဘက်သုံး လျှပ်စစ်၊ သတ္တုဗေဒ နှင့် ဓာတုနည်းပညာများ - German, Swedish, Japanese, Russian, American English, British English, French & 

Italian

(၈) အရပ်ဘက်သုံး ဘူမိနည်းပညာများ၊ အခြေခံအဆောက်အအုံ၊ မြို့ပြ၊ ဆောက်လုပ်ရေး၊ သတ္တုတွင်းတူးဖော်ရေး၊ ရေနံတူးဖော်ရေး နည်းပညာများ - American 

English, Japanese, German, Swedish,  British English, Russian & Italian 

(၉) သမဝါယမ Cooperative Management  - Israeli, Norwegian and Swedish

(၁၀ ဇီဝနည်းပညာများ၊ ဆေးနည်းပညာများ၊ ဇီဝ သိပ္ပံများ၊ ဆေးသိပ္ပံများ - Austrian German, German, French, American English, British English, 

Japanese and Swedish

(၁၁) ဘောဂဗေဒများ၊ အသုံးချ စီးပွားရေးလုပ်ငန်းပညာများ - Japanese, Chinese (Mainland Chinese), South Korean, German, Swiss German and

Swiss French

(၁၂) ရုပ်ရှင်၊ တေးဂီတ၊ ဖက်ရှင်နှင့် မော်ဒယ်လင်းဆိုင်ရာ အနုပညာများနှင့် နည်းပညာများ - American English , Spanish, French and Italian 

(၁၃) ဗိသုကာပညာ Architecture – French, Italian and Japanese

(၁၄)  စိုက်ပျိုးရေး၊ မွေးမြူရေး၊ လယ်ယာဘောဂဗေဒ - Agro-economy – Japanese, Israeli & British/Australian English

       အထက်ပါအတိုင်း ပညာရပ်တစ်ခုချင်းအလိုက် ကမ္ဘာ့ထိပ်တန်းရောက်နေသော၊ ဦးစားပေးသင့်သော နိုင်ငံတကာသုံး အဓိကဘာသာစကားများ 

မတူညီကြပါ။

“ရေရှည်အတွက် ကြိုတင်ပြင်ဆင်ရန်“

မည်သည့်လမ်းကြောင်း၊ မည်သည့် ဘာသာရပ်နယ်ပယ်ကို ရွေးချယ်သည်ပင်ဖြစ်စေ၊ မြန်မာပြည်အတွင်း နေထိုင်‌နေသူဖြစ်နေလျှင်၊ လတ်‌တလောကာလ အတွင်း Google, Yahoo, Microsoft အစရှိသော အရပ်ဘက်အသုံးများ အဓိကအင်တာနက် Search Engines များကို ကျွမ်းကျင်စွာ အသုံးပြုတတ်ရန် မဖြစ်မနေ လိုအပ်သည်။

ရှေ့လာမည့်အနာဂတ်ကာလများတွင်လည်း မြန်မာပြည်အတွင်း၌သာ ဆက်လက်နေထိုင်မည့်သူများအနေဖြင့်လည်း ရေရှည်ကာလ၌ မြန်မာပြည်အတွင်း ဆက်လက်အသုံးပြုခွင့်တရားဝင်ခွင့်ပြုပေးလာမည့် သက်ဆိုင်ရာအင်တာနက် Search Engines များနှင့် ယင်းတို့၏သက်ဆိုင်ရာ Tools များကို ကျွမ်းကျင်စွာ အသုံးပြုတတ်ရန် လိုအပ်လာမည်ဖြစ်သည်။  

 ယခုအကြံပြုချက်များသည် မိမိ၏တစ်ဦးချင်း ကိုယ်ပိုင်အစီအစဉ်များဖြင့် ပညာရပ်များကို မိမိဘာသာ လေ့လာဖြည့်ဆည်းလိုသူများအတွက်ဖြစ်သည် ။

 ပုံမှန်ကျောင်းများ၊ သင်တန်းကျောင်းများ၊ ဌာနများ၊ အဖွဲ့အစည်းများနှင့် အခြားသောလက်တွေ့လုပ်ငန်းခွင် အလုပ်သင်လေ့ကျင့်ရေးအစီအစဉ်များအနက် တစ်ခုခုဖြင့် ချိတ်ဆက်ထားသူများအတွက် သူတို့၏ သက်ဆိုင်ရာကျောင်း၊ သင်တန်း၊ ဌာန၊ အဖွဲ့အစည်းနှင့် အစီအစဉ်အလိုက် အခြားသောအခွင့်အလမ်းများ ရှိနေကြမည်ဖြစ်သည်။ 

 မည်သည့်ရည်ရွယ်ချက်များအတွက်၊ မည်သည့်အဆင့်အလွှာအထိ၊ မည်ကဲ့သို့သောပညာရပ်ကိုပင် ရွေးချယ်သည် ဖြစ်စေ ပင်ကိုအတွင်းသဘောထား၊ စိတ်ရင်းစိတ်ထားကောင်းမွန်မှန်ကန်သူများအနေဖြင့် မည်ကဲ့သို့သောနေရာသို့ ရောက်သည်ဖြစ်စေ ကောင်းမွန်သောပတ်ဝန်းကျင်များနှင့် နီးကပ်ဆက်စပ်မိစေရန် အခွင့်အလမ်းကောင်းများကို  ပိုမိုများပြားစွာရရှိတတ်သည်။

ရဲကျော်စွာ

Most Read

Most Recent