တရုတ်ကိုကျော်တက်ပြီး အဓိကကုန်သွယ်ဖက်ဖြစ်လာသည့် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေး

တရုတ်ကိုကျော်တက်ပြီး အဓိကကုန်သွယ်ဖက်ဖြစ်လာသည့် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေး
Published 27 November 2022

၂၀၂၂-၂၀၂၂ ဘဏ္ဍာနှစ် ဧပြီမှ နိုဝင် ဘာလလယ်အထိ ခုနစ်လခွဲအတွင်း မြန်မာ နိုင်ငံ၏ ပြည်ပကုန်သွယ်မှုတွင် ပို့ကုန်တင်ပို့ မှုမှ ဒေါ်လာ ၁၀၄၂၇ ဒသမ ၂၆ရသန်း (၁၀ ဒသမ ၄၂၇ ဘီလျံကျော်)၊ သွင်းကုန်တင်သွင်း မှုမှ ဒေါ်လာ ၁၁၀၄၀ ဒသမ ၉၄၈ သန်း (၁၁ ဒသမ ၀၄၀ ဘီလျံကျော်) ရရှိပြီး ပြည်ပကုန် သွယ်မှုဒေါ်လာ၂၁၄၆၈ ဒသမ ၂၁၅ သန်း (၂၁ ဒသမ ၄၆၈ ဘီလျံကျော်) ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန် ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းအနက် ပင်လယ်ရေကြောင်းကုန် သွယ်မှုမှ ဒေါ်လာ၁၆၅၃၃ ဒသမ ၂၀၅ သန်း နှင့် နယ်စပ်ကုန်သွယ်မှုမှ ဒေါ်လာ ၄၉၃၅ ဒသမ ၀၁၀ သန်း ပါဝင်ခဲ့သည်။

မြန်မာနိုင်ငံ၏နယ်စပ်ကုန်သွယ်ရေး အခြေအနေကို လေ့လာကြည့်ပါက ယခင် က တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ် ကုန် သွယ်ရေးစခန်းမှာ နယ်စပ်ကုန်သွယ်မှု အများဆုံး ပြုလုပ်နေသည့် စခန်းတစ်ခုဖြစ် သည်။ မူဆယ်၊ လွယ်ဂျယ်၊ ကန်ပိုက်တီး၊ ချင်း ရွှေဟော် စသည်ဖြင့် နယ်စပ်စခန်းလေးခုမှ ကုန်သွယ်မှုဖြင့် မြန်မာ-တရုတ်နယ်စပ် ကုန် သွယ်မှုမှာ အများဆုံးဖြစ်ခဲ့သည်။

လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခုနစ် လခွဲအတွင်းတွင်မူ မြန်မာ-တရုတ်နယ်စပ် စခန်းများ၏ ကုန်သွယ်မှုပမာဏကို ကျော် လွန်ကာ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်မှု မှာ အများဆုံးဖြစ်လာခဲ့သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ လက်ရှိ ဘဏ္ဍာနှစ် ခုနစ်လအတွင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၁၅၇၅ ဒသမ ၈၅၃ သန်း ရရှိခဲ့ပြီး ယခင်နှစ်ကာလ တူထက် ဒေါ်လာ ၅၁ ဒသမ ၀၁၅သန်းလျော့ ကျခဲ့သည်။

မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်မှုပမာ ဏ ဒေါ်လာ၃၂၃၉ ဒသမ ၇၈၉ သန်းရရှိခဲ့ ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ၂၉၅ ဒသမ ၉၃၂ သန်း ပိုမိုရရှိခဲ့သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန် သွယ် မှု ခုနစ်လခွဲအတွင်း ဒေါ်လာ ၁၈ ဒသမ ၄၂၅  သန်းရရှိခဲ့ပြီး ယခင်နှစ်ကာလတူ ထက် ဒေါ် လာ၄ ဒသမ ၀၂၈ သန်းရရှိခဲ့ သည်။

မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်မှုအ နေဖြင့် ခုနစ်လခွဲအတွင်း ဒေါ်လာ ၁၀ ဒသမ ၈၈၀ သန်းရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၃၃ ဒသမ ၂၁၃ သန်း လျော့ကျခဲ့ သည်။

 

မြန်မာ-တရုတ်နယ်စပ ်ကုန်သွယ်မှုအခြေအနေ

မြန်မာ-တရုတ်နယ်စပ်တွင် မူဆယ်နယ် စပ်၊ လွယ်ဂျယ်နယ်စပ်၊ ကန်ပိုက်တီးနှင့် ချင်း ရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းတို့ဖြင့် ကုန်သွယ်မှုပြုလုပ်နေပြီး မူဆယ်နယ်စပ်မှာ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးစခန်းဖြစ် သည်။

နယ်စပ်ကုန်သွယ်ရေးစခန်းအသီးသီး၏ ကုန်သွယ်မှုအခြေအနေအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ နိုဝင်ဘာ ၁၈ ရက်အ ထိ မူဆယ်နယ်စပ်တွင် ပို့ကုန်ဒေါ်လာ ၁၁၅၆ ဒသမ ၂၄၀ သန်း၊ သွင်းကုန်ဒေါ်လာ ၁၆၁ ဒသမ ၀၀၁ သန်းဖြင့် ကုန်သွယ်မှုဒေါ်လာ ၁၃၁၇ ဒသမ ၂၄၁ သန်းရရှိခဲ့ကာ ယခင်နှစ် ကာလတူထက် နယ်စပ်ကုန်သွယ်မှုဒေါ်လာ ၇၂ ဒသမ ၁၇၃ သန်းလျော့ကျနေသည်။       ယခင်နှစ်ကာလတူထက် အဓိကအားဖြင့် ပို့ကုန်တင်ပို့မှုတွင် ဒေါ်လာ ၃၈ သန်းနီးပါး ပိုမိုတင်ပို့နိုင်ခဲ့သော်လည်း သွင်းကုန်ပိုင်းတွင် ဒေါ် လာ သန်း ၁၁၀ ကျော်လျော့ကျခဲ့ခြင်းဖြစ် သည်။

ကန်ပိုက်တီးကုန်သွယ်ရေးစခန်း၏ အဓိ ကပို့ကုန်ဖြစ်သော တစ်ရှူးငှက်ပျော တင်ပို့မှု တွင်နိုဝင်ဘာလ ပထမပတ် အတွင်း တန်ချိန် ၁၉၀၀၊ ယာဉ်စီးရေ ၇၆ စီး အမှန်တင်ပို့နိုင် ခဲ့ကြောင်း တွေ့ရှိရပြီး အောက်တိုဘာလ တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ငှက်ပျော တင်ပို့မှု ပိုမိုလာကြောင်း ကန်ပိုက်တီးကုန်သွယ်ရေး စခန်းမှ သိရသည်။ငှက်ပျောစိုက်ပျိုးသော ကုမ္ပဏီများထံ မေးမြန်းစုံစမ်းမှုအရ နိုဝင် ဘာလမှစ၍ တစ်ရှူးငှက်ပျော ထွက်ရှိသည့် ကာလသို့ ရောက်ရှိလာပြီဖြစ် သော ကြောင့် လာမည့်ကာလများတွင် တစ်ရှူးငှက်ပျော တင်ပို့မှု ပိုမိုများပြားလာနိုင်ကြောင်း သိရှိ ရသည်။

ကန်ပိုက်တီးကုန်သွယ်ရေးစခန်း၏ နိုဝင်ဘာလ ဒုတိယပတ်အတွင်း လုပ်ငန်း ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် ၁ ဒသမ ၅၇၅ ဒေါ်လာ သန်း၊ သွင်းကုန် သုည ဒသမ ၃၀၆ ဒေါ်လာ သန်း၊ ကုန်သွယ်မှုပမာဏအနေဖြင့် ၁ ဒသမ ၈၈၁ ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ သည်။ ယခုတစ်ပတ်အတွင်း ပို့ကုန်ပိုင်းတွင် အဓိက ပို့ကုန်ဖြစ်သော တစ်ရှူးငှက်ပျော ပိုမို တင်ပို့နိုင်ခဲ့ပြီး သွင်းကုန်ပိုင်းတွင် သံခြင်း ကွန် တိန်နာများ၊ အင်ဂျင်များ၊ စက်နှင့်စက်ပစ္စည်း များ၊ သံနှင့် သံမဏိဆောက်လုပ်ရေးသုံးပစ္စည်း များ၊ ၀ိုင်ယာကြိုးများ၊ ပလတ်စတစ် ကုန်ကြမ်း များ၊ ချည်ထည်များ၊ ချုပ်ပြီး အဝတ်အထည် များနှင့် အခြားလူသုံးကုန်ပစ္စည်းများ တင် သွင်းနိုင်ခဲ့ကြောင်း ကန်ပိုက်တီး နယ်စပ်ကုန် သွယ်ရေးစခန်းမှ သိရသည်။

လက်ရှိဘဏ္ဍာနှစ် ခုနစ်လအတွင်း လွယ် ဂျယ်နယ်စပ်ကုန်သွယ်မှု ဒေါ်လာ ၇၈ သန်း နီးပါးရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ် လာ ရှစ်သန်းနီးပါး ပိုမိုရရှိခဲ့သည်။ ချင်းရွှေ ဟော် နယ်စပ်ကုန်သွယ်မှုဒေါ်လာ ၁၂၆ သန်းကျော် ရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ လေးသန်းကျော် ပိုမိုရရှိခဲ့သည်။ ကျိုင်းတုံနယ်စပ်မှ ကုန်သွယ်မှု ဒေါ်လာငါး သန်းကျော်ရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာခုနစ်သန်းကျော် လျော့ကျခဲ့သည်။

 

မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်မှုအခြေအနေ

မြန်မာ-ထိုင်းနယ်စပ်တွင် မြဝတီ၊ တာ ချီလိတ်၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မော တောင်၊ မယ်စဲ့ကုန်သွယ်ရေးစခန်းများဖြင့် ကုန်သွယ်မှုပြုလုပ်လျက်ရှိသည်။

လက်ရှိဘဏ္ဍာနှစ် ခုနစ်လခွဲအတွင်း မြန် မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုဒေါ်လာ ၃၂၃၉ သန်းကျော်ရရှိပြီး ယခင်နှစ်ကာလတူ ထက် ဒေါ်လာ၂၉၆ သန်းနီးပါး ပိုမိုရရှိခဲ့သည်။

မြဝတီကုန်သွယ်ရေးဇုန်မှ အောက်တို ဘာလအတွင်း ပို့ကုန်ဒေါ်လာ ၄၀ ဒသမ ၇၀၁ သန်း၊ သွင်းကုန်ဒေါ်လာ ၁၂၁ ဒသမ ၅၇၀ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၆၂ ဒသမ ၂၇၁သန်းဖြစ်သည်။ ယခင်ဘဏ္ဍာနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး ဒေါ် လာ ၄၅ ဒသမ ၀၅၂သန်း လျော့နည်းခဲ့ပြီး သွင်းကုန်တန်ဖိုးဒေါ်လာ ၃ဒသမ ၄၃၀ သန်း ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေ ဖြင့် ဒေါ်လာ ၄၁ဒသမ ၆၂၂ သန်း လျော့နည်း ခဲ့သည်။

ယခင်နှစ်ကာလတူထက် ပို့ကုန်တင် ပို့မှုလျော့နည်းရခြင်းမှာ လယ်ယာထွက်ကုန် ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ တိရစ္ဆာန် ထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ စက်မှု ကုန်ချောပစ္စည်းများနှင့် အခြားပစ္စည်းများ တင်ပို့မှု လျော့ကျခဲ့ခြင်းကြောင့်ဖြစ်သည်။ ကာလတူထက် သွင်းကုန်တန်ဖိုး ပိုမိုရခြင်းမှာ ရင်းနှီးမြှုပ်နှံမှုပစ္စည်းနှင့် လူသုံးပစ္စည်းများ၊ ပိုမိုတင်သွင်းခဲ့သောကြောင့်ဖြစ်သည်။

အောက်တိုဘာလအတွင်း မြဝတီကုန် သွယ်ရေးဇုန်မှ ဆန်ကွဲ၊ မတ်ပဲ၊ ပဲတီစိမ်း၊ မြေပဲ ဆန်၊ နှမ်းဖြူ၊ နနွင်းတက်၊ ဝဥ (အစို) အ ခြောက်၊ ကြက်သွန်နီ၊ ရော်ဘာ၊ ငရုတ်သီး ခြောက်၊ ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်၊ ငါးရှဥ့်နှင့် အခြားရေထွက်ပစ္စည်းများ၊ သတ္တု တွင်းထွက်၊ ချုပ်ပြီးအထည်များ၊ အခြားစက်မှု ကုန်ချောများ အများဆုံးတင်ပို့ခဲ့သည်။ သွင်း ကုန်တင်သွင်းမှုတွင် ရင်းနှီးမြှုပ်နှံမှု ပစ္စည်းများ၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်များ၊ လူသုံးကုန် ပစ္စည်းများ တင်သွင်းခဲ့ကြောင်း မြဝတီ ကုန်သွယ်ရေးဇုန်မှ သိရသည်။

သို့သော်လည်း မြန်မာ-ထိုင်းနယ်စပ် မြ ဝတီကုန်သွယ်လမ်းတွင် အောက်တိုဘာ တတိယပတ်ခန့်က ငါးရက်ခန့် ပိတ်မိနေခဲ့ သည့်အတွက် မြန်မာ့လယ်ယာထွက်ကုန်များ ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

နယ်စပ်မြဝတီမြို့သို့ ပို့ဆောင်မည့် မြန် မာ့လယ်ယာထွက်ကုန်များ၊ ရေသယံဇာတ များဖြစ်သော ငါးပုစွန်များသည် အအေးခန်း ကားဖြင့် သယ်ယူလာသော်လည်း တိုက်ပွဲ များကြောင့် ရက်ရှည်စောင့်ဆိုင်းလာရသော အခါ ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည်ဟု ဆို သည်။

“နယ်စပ်ကိုသယ်တဲ့အခါ ငရုတ်စိမ်းနဲ့ ငါးပုစွန်တွေက အအေးခန်းကားနဲ့လာတာပါ။  ရက်ရှည်စောင့်ဆိုင်းရတော့အဆင်မပြေဘူး၊ အရင်တစ်ခါလို အပုပ်အသိုးမဖြစ်အောင်လို့ နီးစပ်ရာမြို့ကို ပြန်လှည့်ပြီး ရတဲ့စျေးနဲ့ရောင်း ချကြရပါတယ်။ ရှုံးတာတော့ ရှုံးတာပေါ့” ဟု  ကုန်တင်ယာဉ်မောင်းတစ်ဦးက အောက်တို ဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့်အခြေအနေ ကို ပြောပြခဲ့သည်။

ကုန်ခြောက်များ တင်ဆောင်လာသူတစ်ဦးကလည်း “ကျွန်တော်တို့က ကုန်ခြောက် တင်လာတာပါ။ ဒါပေမဲ့ ကန်ကျစရိတ်တွေ ဆွဲလာပြီ။ ကားတွေကလည်း ကော့ကရိတ်က နေ ကျူဒိုးအထိအပြည့်၊ အမြန်အေးချမ်း၊ အမြန် သွားလာရစေချင်ပါပြီ။ ကားသမားတွေ ရော ၊ ခရီးသည်တွေပါအကုန်လုံးအခက်အခဲနဲ့ ရင် ဆိုင်ခဲ့ရတာပါ” ဟု ပြောပြခဲ့သည်။

အောက်တိုဘာ တတိယပတ်အတွင်းက မြဝတီ၊ ကော့ ကရိတ်၊ ဒေါနတောင်ကျော်လမ်း တွင် ဖြစ်ပွား ခဲ့သည့် တိုက်ပွဲ၊ ကော့ကရိတ်မြို့ တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် မြဝတီ နယ်စပ် ကုန်သွယ်လမ်းကို အောက်တိုဘာ ၂၂ ရက်အထိ  အသွားအလာပိတ်ထားခဲ့စဉ် ယင်းသို့ကြုံတွေ့ခဲ့ရခြင်းဖြစ်ကြောင်း သိရ သည်။

တာချီလိတ်နယ်စပ်ကုန်သွယ်မှုအနေ ဖြင့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း တာချီလိတ် ကုန်သွယ် ရေးစခန်းမှ ပို့ကုန်ဒေါ်လာ ၁ဒသမ ၁၆၆ သန်း၊ သွင်းကုန်ဒေါ်လာ ၈ ဒသမ ၇၂၆ သန်း ရှိပြီး ကုန်သွယ်မှုပမာဏ ၉ ဒသမ ၈၉၂သန်းဖြစ်၍ ကာလတူ ဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုး ဒေါ်လာ သုည ဒသမ ၅၇၉ သန်းလျော့နည်းခဲ့သော် လည်း သွင်းကုန် ဒေါ်လာ၂ဒသမ ၄၈၇ သန်း ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁ ဒသမ ၉၀၈ သန်း ပိုမိုဆောင်ရွက် ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ သိရ သည်။

ကာလတူထက် ပို့ကုန်ပိုင်းတွင် လျော့ နည်းရခြင်းမှာ ရေထွက်ပစ္စည်းအုပ်စုတွင် တန်ဖိုး ဒေါ်လာ သုည ဒသမ ၉၀၉ သန်း၊ သတ္တု တွင်းထွက်ပစ္စည်းအုပ်စုတွင် တန်ဖိုးဒေါ်လာ သုည ဒသမ ၀၆၄ သန်းနှင့် အခြားပစ္စည်း အုပ်စုတွင် တန်ဖိုး ဒေါ်လာ သုည ဒသမ ၀၀၃ သန်း ပိုမိုခဲ့သော်လည်း လယ်ယာထွက် ပစ္စည်း အုပ်စုတွင် တန်ဖိုးဒေါ် လာ ၁ ဒသမ ၅၅၀ သန်း၊ စက်မှုကုန်ချော ပစ္စည်းအုပ်စုတွင် တန်ဖိုး ဒေါ်လာ သုည ဒသမ ၀၀၆ သန်း တင်ပို့မှု လျော့နည်းခဲ့သော ကြောင့်ဖြစ်သည်။

သွင်းကုန်ပိုင်းတွင် ပိုမိုရခြင်းမှာ လူ သုံးကုန်ပစ္စည်းအုပ်စုတွင်တန်ဖိုး ဒေါ်လာ သု ည ဒသမ ၅၉၂ သန်း လျော့နည်းခဲ့သော် လည်း ရင်းနှီးမြှုပ်နှံမှုပစ္စည်း အုပ်စုတွင် တန်ဖိုးဒေါ် လာ ၁ဒသမ ၈၅၇ သန်းနှင့် လုပ်ငန်းသုံးကုန် ပစ္စည်းအုပ်စုတွင် တန်ဖိုး ဒေါ်လာ ၁ ဒသမ ၂၂၂သန်း တင်သွင်းမှု ပိုမို ခဲ့သောကြောင့်ဖြစ်သည်။

ပြီးခဲ့သည့်အောက်တိုဘာလအတွင်း  ပြောင်းတင်ပို့မှုအနေဖြင့် မြန်မာ-တရုတ် နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ဒေါ် လာ သုည ဒသမ ၈၅၅ သန်းတန်ဖိုးရှိ ပြောင်းတန် ချိန် ၂၈ရဝကျော် တင်ပို့ခဲ့သည်။ ရော်ဘာ တင် ပို့မှုအနေဖြင့် မြန်မာ-တရုတ်နှင့် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးစခန်းများမှ အောက်တိုဘာအတွင်း ဒေါ်လာ ၁၃ ဒသမ ၉၃၅ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၀၃၂၀ ကျော်တင်ပို့ခဲ့သည်။ မြန်မာ-တရုတ်နယ်စပ်မှ တန်ချိန် ၉၂၆၀ ကျော်တင်ပို့ခဲ့သည်။ မြန်မာ-ထိုင်းနယ်စပ်မှ ရော်ဘာတန်ချိန် ၁၀၆၀ ကျော်တင်ပို့ခဲ့ပြီး အောက်တိုဘာလအတွင်း ကုန် သွယ်မှုနည်းလမ်းနှစ်သွယ်မှရော်ဘာတင် ပို့မှု စုစုပေါင်း တန်ချိန် ၁၂၆၈၀ ဖြစ်ကြောင်း သိရသည်။

 

ပထမသုံးလပတ်အတွင်း မြန်မာမှ

ပို့ကုန်အများဆုံးတင်ပို့ခဲ့သည့် ထိုင်း နိုင်ငံအလိုက် ကုန်သွယ်မှုအခြေအနေ တွင်လည်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ စက်တင်ဘာလကုန်အထိ ခြောက်လအတွင်း မြန်မာ-တရုတ် ကုန်သွယ်မှုတွင် မြန်မာဘက် မှ ပို့ကုန်တန်ဖိုး ဒေါ်လာ ၁၇၃၀ ဒသမ၂၈၆ သန်း၊ တရုတ်ဘက်မှ သွင်းကုန်တန်ဖိုးဒေါ်လာ ၂၇၄၂ ဒသမ ၃၂၀ သန်းဖြင့် နှစ်နိုင်ငံကုန် သွယ်မှု ဒေါ်လာ ၄၄၇၂ ဒသမ ၆၀၆ သန်းရရှိ ခဲ့သည်။

ခြောက်လအတွင်း မြန်မာ-ထိုင်းကုန် သွယ်မှုအနေဖြင့် မြန်မာဘက်မှပို့ကုန်တန်ဖိုး ဒေါ်လာ ၁၈၈၆ ဒသမ ၃၈၅ သန်း၊ ထိုင်းဘက် မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၀၇၁ ဒသမ ၄၃၀ သန်းဖြင့် နှစ်နိုင်ငံကုန်သွယ်မှု ဒေါ်လာ ၂၉၅၇ ဒသမ ၈၁၅ သန်းရရှိခဲ့ကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ သိရသည်။

ဘဏ္ဍာနှစ်အလိုက် မြန်မာ-ထိုင်းကုန် သွယ်မှုအခြေအနေကိုလေ့လာကြည့်ပါက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန်မာဘက် မှ ပို့ကုန်တင်ပို့မှုတန်ဖိုးဒေါ်လာ ၃၀၉၅ ဒသမ ၉၈၈ သန်းရှိသည်။ ထိုင်းဘက်မှ သွင်းကုန် တန်ဖိုးဒေါ်လာ ၂၀၂၁ ဒသမ ၉၂၅ သန်းဖြင့် ကုန်သွယ်မှုဒေါ်လာ ၅၁၁၇ ဒသမ ၉၁၃ သန်း ရရှိထားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မြန်မာ -ထိုင်း နှစ်နိုင်ငံကုန်သွယ်မှုဒေါ်လာ ၅၄၆၅ ဒသမ ၁၇၃ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန် တန်ဖိုးဒေါ်လာ ၃၂၇၇ ဒသမ ၅၇၅ သန်းတင် ပို့ထားပြီး ထိုင်းဘက်မှ သွင်းကုန်ဒေါ်လာ ၂၁၈၇ ဒသမ ၅၉၈ သန်းတင်သွင်းထားသည်။

၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှစက်တင်ဘာ လကုန်အထိ မြန်မာ-ထိုင်းနှစ်နိုင်ငံကုန်သွယ် မှု ဒေါ်လာ ၂၉၅၈ ဒသမ ၀၃၉ သန်းရှိပြီး မြန် မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၁၅၅၉ ဒသမ ၄၅၄သန်းတင်ပို့ထားပြီး ထိုင်းဘက်မှ သွင်း ကုန်တန်ဖိုးဒေါ်လာ ၁၃၉၈ ဒသမ ၅၈၅ သန်းတင်သွင်းထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာ -ထိုင်းနှစ်နိုင်ငံကုန်သွယ်မှုဒေါ်လာ ၅၀၇၄ ဒသမ ၇၀၇ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန် တန်ဖိုးဒေါ်လာ ၂၈၄၆ ဒသမ ၀၆၆ သန်းတင် ပို့ထားပြီး ထိုင်းဘက်မှသွင်းကုန်တန်ဖိုးဒေါ် လာ ၂၂၂၈ ဒသမ ၆၄၁ သန်းတင်သွင်းသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် မြန်မာ -ထိုင်းနှစ်နိုင်ငံကုန်သွယ်မှုဒေါ်လာ ၄၂၈၈ ဒသမ ၁၇၂ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန် တန်ဖိုးဒေါ်လာ ၂၂၁၂ ဒသမ၂၃၄ သန်း တင် ပို့ထားပြီး ထိုင်းဘက်မှသွင်းကုန်တန်ဖိုး ဒေါ် လာ ၂၀၈၅ ဒသမ ၉၃၈ သန်းတင်သွင်းထား သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်   ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ ထိုင်း  နိုင်ငံသို့ ပို့ကုန်တင်ပို့မှု ဒေါ်လာ၉၅ ဒသမ ၇၂ သန်းဖြင့် အများဆုံးဖြစ်ပြီး တရုတ်နိုင်ငံသို့ ဒေါ်လာ ၉၄၈ ဒသမ ၁၅သန်းဖြင့် ဒုတိယ အများဆုံးဖြစ်သည်။ သို့သော်လည်း သွင်းကုန် တင်သွင်းမှုတွင် တရုတ်နိုင်ငံက အများဆုံး ဖြစ်ပြီး စင်ကာပူက ဒုတိယနှင့် ထိုင်းနိုင်ငံက တတိယအများဆုံးဖြစ်သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလ ပတ်အတွင်း မြန်မာနိုင်ငံမှ ပို့ကုန်အများဆုံး  တင်ပို့ခဲ့သည့်နိုင်ငံမှာ ထိုင်းဖြစ်ပြီး စုစုပေါင်း ပို့ကုန်၏ ၂၂ ဒသမ ၇ ရာခိုင်နှုန်းရှိသည်။ ထိုင်းနိုင်ငံသို့ ပို့ကုန်တင်ပို့မှုအခြေအနေမှာ ယခင်ဘဏ္ဍာနှစ် ပထမသုံးလပတ်နှင့်နှိုင်း ယှဉ်ပါက ၆ ဒသမ ၆ ရာခိုင်နှုန်းတိုးတက်ခဲ့ ကြောင်း သိရသည်။

လက်ရှိဘဏ္ဍာနှစ် ခုနစ်လခွဲအတွင်းတွင် မူ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးစခန်း များအနက် မြဝတီနယ်စပ်ကုန်သွယ်ရေးစ ခန်းများမှအပ ကျန်နယ်စပ်ကုန်သွယ်ရေးစ ခန်းများမှာ ယခင်နှစ်ကာလတူထက် ကုန် သွယ်မှုပိုမိုပြုလုပ်နိုင်ခဲ့သည်။ မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းတွင်မူ ယခင်နှစ်ကာလ တူထက် ဒေါ်လာ ၁၄၅ သန်းကျော်လျော့ကျ ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent