ပင်လောင်း မြို့နယ်တွင် ကျပ်သိန်း ၇၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွ ဆေးပြား ၁ ဒသမ ၄ သန်းကျော် ဖမ်းဆီးရမိ

ပင်လောင်း မြို့နယ်တွင် ကျပ်သိန်း ၇၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွ ဆေးပြား ၁ ဒသမ ၄ သန်းကျော် ဖမ်းဆီးရမိ
Published 11 November 2022

ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်း မြို့နယ်တွင် ကျပ်သိန်း ၇၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၁ ဒသမ ၄ သန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးနှင့် စိတ် ကိုပြောင်းလဲ စေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ - CCDAC Myanmar ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် နိုဝင်ဘာ ၈ ရက် ညနေ ၃ နာရီက ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်းမြို့ နယ် ပင်လောင်း-တပ်ကုန်းသွားကားလမ်း လိန်းလီကြိုးတံတားအနီးတွင် ပင်လောင်းဘက် မှ တပ်ကုန်းဘက်သို့ ဇော်မင်း မောင်းနှင်လာ သည့်  ၁၂ ဘီးယာဉ်ကို သတင်းအရရှာဖွေရာ  ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ကျပ်သိန်း ၇၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၄၃၈ သန်း သိမ်းဆည်းရမိခဲ့ပြီး စစ် ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ် ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ် (တောင်ပိုင်း)မှ ကရင်ပြည်နယ်သို့ သယ်ဆောင် ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းင်းအား ဥပဒေ အရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူး လွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း သိရသည်။