ကုမ္ပဏီများနှင့် ကုမ္ပဏီတွင် ပါဝင်သူများအနေဖြင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာမှုအားနည်းနေကြောင်း ထုတ်ပြန်

ကုမ္ပဏီများနှင့် ကုမ္ပဏီတွင် ပါဝင်သူများအနေဖြင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာမှုအားနည်းနေကြောင်း ထုတ်ပြန်
ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရုံးကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရုံးကို တွေ့ရစဉ်
Published 7 November 2022

ကုမ္ပဏီများနှင့် ကုမ္ပဏီတွင် ပါဝင်သူ များသည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာမှုအားနည်းနေ ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန် ကြားမှုဦးစီးဌာန DICA  က ထုတ်ပြန်ထား သည်။

မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ၂၀၁၇ စတင်အာဏာတည်ပြီးနောက် ဥပဒေပြဋ္ဌာန်း ချက်များနှင့်အညီ အီလက်ထရွန်နစ်မှတ်ပုံ တင်စနစ် Myco ကို ၂၀၁၈ ခုနှစ် သြဂုတ် ၁ ရက်မှ စတင်အသုံးပြုလျက်ရှိပြီး မှတ်ပုံ တင်ရန် တင်ပြလာသော ကုမ္ပဏီများအား သတ်မှတ်ချက်များနှင့်အညီ စိစစ်ဖွဲ့စည်းခွင့် ပြုလျက်ရှိသကဲ့သို့  ဖွဲ့စည်းမှတ်ပုံတင်ပြီး   ဖြစ်သော ကုမ္ပဏီများကိုလည်း မြန်မာနိုင်ငံ ကုမ္ပ ဏီများဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ စိစစ်ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။

အီလက်ထရွန်နစ် မှတ်ပုံတင်စနစ် Myco ကို အများပြည်သူ အသုံးပြုရ လွယ်ကူစေရန်နှင့် နိုင်ငံတကာအဆင့်မီစေရန် တည်ဆောက်ထားသော်လည်း လက်ရှိအချိန်တွင် ကုမ္ပဏီများနှင့် ကုမ္ပဏီဒါရိုက်တာများ၊ ကုမ္ပဏီတွင် ပါဝင်သူများသည် မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာမှုအားနည်းနေကြောင်း  အောက်ဖော် ပြပါအချက်များအရ တွေ့ရှိရသည်ဟု ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းတို့မှာ ဥပဒေအရ လိုအပ်သည့် နှစ်စဉ် အစီရင်ခံစာတင်ပြရန် ပျက်ကွက် သည့်အတွက် ဆိုင်းငံ့ခြင်း-Suspended အခြေအနေတွင် အရေးယူခံထားရသော ကုမ္ပဏီအရေအတွက် များပြားလာခြင်း၊ နှစ်စဉ်အစီရင်ခံစာတင်ပြရန် ပျက်ကွက်သည့် အတွက် မှတ်ပုံ တင်စာရင်းမှ ပယ်ဖျက်ခြင်းstruck off အခြေအနေတွင် အရေးယူခံ ထားရသော ကုမ္ပဏီအရေအတွက်များပြား လာခြင်း၊ မှတ်ပုံတင်စာရင်းတင်သွင်းထားသော ကုမ္ပဏီ၏ မှတ်ပုံတင်ရုံးခန်းလိပ်စာ သည် မြေပြင်တွင် အမှတ်တကယ်တည်ရှိ မနေခြင်း၊ ဥပဒေအရ  ပြုစုထားရှိရန်လိုအပ် သော မှတ်ပုံတင်စာရင်းစာအုပ်နှင့် အခြား လိုအပ်သော အချက်အလက်များကို ပြုစု၍ သိမ်းဆည်းထားရှိရမည့် လိုအပ်ချက်ကို သိ လျက်နှင့်ဖြစ်စေ၊ မသိ၍ဖြစ်စေ လိုက်နာ ဆောင်ရွက်ရန် ပျက်ကွက်ခြင်း၊ အချို့သော ကုမ္ပဏီ/အဖွဲ့အစည်းများသည် ငွေကြေး ဆိုင်ရာကိစ္စများ ဆောင်ရွက်ရာတွင် ဘဏ် များ၌ သီးခြားငွေစာရင်းဖွင့်လှစ် ဆောင်ရွက် ရမည့်အစား လူပုဂ္ဂိုလ်ဆိုင်ရာ ဘဏ်စာရင်း များကိုအသုံးပြု၍ လုပ်ငန်းဆောင်ရွက်နေ ကြသည်ကို တွေ့ရှိရခြင်း၊ ကုမ္ပဏီများမှတ်ပုံ တင်ပြီးနောက် သက်ဆိုင်ရာဌာနများ၏ သီး ခြား လိုင်စင်/ခွင့်ပြုချက်များကို မရယူဘဲ လုပ်ငန်းများ ဆောင်ရွက်နေခြင်း၊ ကုမ္ပဏီဒါ ရိုက်တာများနှင့် ကုမ္ပဏီတွင် ပါဝင်သူများ (အချို့) သည် မြန်မာနိုင်ငံကုမ္ပဏီများ ဥပ ဒေတွင် ပြဋ္ဌာန်းပါရှိသည့် ဒါရိုက်များနှင့် ပါဝင်သူများ၏ တာဝန်များအား  လိုက်နာရန် ပျက်ကွက်ခြင်း စသည်တို့ဖြစ်သည်။

ကုမ္ပဏီများ မှတ်ပုံတင်ရာ၌  အီလက် ထရွန်နစ်မှတ်ပုံတင်စနစ် Myco ဖြင့် လွယ် ကူစွာမှတ်ပုံတင်နိုင်သကဲ့သို့ မှတ်ပုံတင် အရာရှိအနေဖြင့် ကုမ္ပဏီများလိုက်နာရန် အီလက်ထရွန်နစ်နည်းလမ်းဖြင့် စောင့်ကြည့် သည့်စနစ်များ၊အလိုအလျောက် သတိပေး မည့်စနစ်များ၊ မှားယွင်းမှုနှင့် ပျက်ကွက်မှုတို့ ကို သတိပေးအကြောင်းကြားခြင်းနှင့် အရေး ယူခြင်းတို့ကို Myco  မှတစ်ဆင့် ကြီးကြပ် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent