■ ပရီးမီးယားလိဂ်ပွဲစဉ် (၁၃) ပွဲကြိုသုံးသပ်ချက်

■ ပရီးမီးယားလိဂ်ပွဲစဉ် (၁၃) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 21 October 2022

နော်တင်ဟမ်ဖောရက်စ် - လီဗာပူးလ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၂ ရက် ည ၆:၀၀ နာရီ)

နော်တင်ဟမ်ဖောရက်စ်က အပြောင်းအရွှေ့အသုံးစရိတ်အများကြီးသုံးပြီး အသင်းကို စိတ်ကြိုက်ပြုပြင်တည်ဆောက်ခဲ့ပေမဲ့ အသင်းက ဘာမှဖြစ်မလာဘူး။ ရလဒ်တွေကလည်း သရေကျလိုက်၊ ရှုံးလိုက်ပဲ။ လီဗာပူးလ်အသင်းရဲ့ လမ်းကြောင်းမှန်ပေါ် ပြန်တက် ဖို့ ကြိုးစားနေတဲ့လမ်းမှာ ဒီပွဲက အလွယ်တကူ၊ ပေါ့ပေါ့းပါးပါး အနိုင်ယူသွားမယ့်ပွဲပါ။ လီဗာပူးလ်ကို ကြိုက်တယ်။ 



အဲဗာတန် - ခရစ္စတယ်ပဲလေ့စ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၂ ရက် ည ၈:၃၀ နာရီ)

လမ်းပတ်နဲ့ ဗီယာရာတို့က ပရီးမီးယားလိဂ်မှာ အပြိုင်ကြဲခဲ့ကြဖူးတဲ့ ခေတ်ပြိုင်တွေပါပဲ။ လက်ရှိ အခြေအနေမှာ လမ်းပတ်ရဲ့ အဲဗာတန်ထက် ဗီအာရာ ပဲလေ့စ်က ပိုမာကြောတယ်။ တစ်ဦးချင်း အရည်အသွေးပိုမြင့်တယ်။ အဲဗာတန်ကတော့ ရလဒ်တွေ ပြန်တက်လာပြီးနောက် ပွဲကျပ်တွေကြောင့် ရလဒ်နည်းနည်းပြန်ကျလာတယ်။ အိမ်ကွင်းမှာ ရလဒ်ပြန်ကောင်းဖို့ ကြိုးစားပေမဲ့ သရေလောက်ပဲ ဖြစ်လိမ့်မယ်။ 



မန်စီးတီး - ဘရိုက်တန် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၂ ရက် ည ၈:၃၀ နာရီ)

ဘရိုက်တန်အသင်းက နည်းပြသစ် ဒစ်ဇယ်ဘီလက်ထက်မှာ ရလဒ်ပိုင်း ကျဆင်းလာတယ်။ ခြေစွမ်းပိုင်းက အခုအချိန်အထိ မဆိုးပါဘူး။ ဒါပေမဲ့ ကစားတာ ပျော့လာပြီး တိုက်စစ်ပိုင်းကလည်း အခွင့်အရေးတွေကို ဖြုန်းတီးလွန်းတာ တွေ့ရတယ်။ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ပွဲမှာ ရခဲ့တဲ့ အခွင့်အရေးတွေကို အသုံးချခဲ့ပုံ အရမ်းညံ့လို့လည်း သရေကျခဲ့ခြင်းဖြစ်တယ်။ မန်ချက်စတာစီးတီးအသင်းက နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ လီဗာပူးလ်ကို ရှုံးခဲ့တယ်။ ကြားပွဲမှာ အာဆင်နယ်နဲ့ကစားရဖို့ရှိပေမဲ့ အာဆင်နယ်အသင်း ယူရိုပါလိဂ်ပွဲကစားခဲ့ရလို့ ရွှေ့ဆိုင်းခဲ့ရတယ်။ အခု ဒီပွဲက ရှုံးပွဲအပြီး မန်စီးတီးပထမဆုံးပြန်ကစားရမယ့် ပွဲဖြစ်သွားပြီး အကောင်းဆုံးပုံစံနဲ့ ပြန်တုံ့ပြန်မယ်လို့ မျှော်လင့်ရပြီး ဟော်လန်းရဲ့ ပေါက်ကွဲအားကိုလည်း စောင့်ကြည့်ရမှာ ဖြစ်တယ်။ မန်စီးတီးကို ကြိုက်တယ်။ 



ချယ်လ်ဆီး - မန်ယူ (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၂ ရက် ည ၁၁:၀၀ နာရီ)

စာရွက်ပေါ်က လူစာရင်းအရတော့ မန်ချက်စတာယူနိုက်တက်ကအသင်းတိုင်းကို ယှဉ်ကစားနိုင်ပြီး၊ ဒုက္ခလည်း ပေးနိုင်ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ ချယ်လ်ဆီးက မန်ချက်စတာယူနိုက်တက်ထက် ပိုတည်ငြိမ်ပြီး၊ သန်မာပါတယ်။ ချယ်လ်ဆီးမှာ အဓိက ကစားသမား (၃)ဦးလို့ ပြောလို့ရတဲ့ ဖိုဖာနာ၊ ကွန်တေနဲ့ ရီးစ်ဂျိမ်းစ်တို့ ဒဏ်ရာရနေပေမဲ့ ဒီကစားသမားတွေထဲမှာ ရီးဂျိမ်းစ်ရဲ့ နေရာကလွဲရင် ကျန်တဲ့နေရာတွေက ဖြည့်လို့ရတယ်။ ရီးစ်ဂျိမ်းစ်နေရာအတွက်ကတော့ ချယ်လ်ဆီးမှာလည်း ပြဿနာတွေရှိတယ်။ ကစားကွက် ပြောင်းမလား၊ လူတွေကို နေရာရွှေ့မလားဆိုတာကို ဂရေဟမ်ပေါ်တာ စဉ်းစားရမယ်။ လက်ရှိအချိန်အထိကတော့ ချယ်လ်ဆီးက ပိုတည်ငြိမ်သလို၊ ပွဲကိုလည်း စိုးမိုးထားဖို့ များတယ်။ ကစားရမှာကလည်း အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်ဖြစ်နေလို့ ချယ်လ်ဆီးကို ကြိုက်တယ်။ 

Most Read

Most Recent