AFF Cup 2022 ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ကျင်းပမည့်ကွင်းနှင့် အချိန်များကို ခြေစစ်ပွဲပြီးဆုံးမှသာ AFF အတည်ပြုထုတ်ပြန်မည်

AFF Cup 2022 ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ကျင်းပမည့်ကွင်းနှင့် အချိန်များကို ခြေစစ်ပွဲပြီးဆုံးမှသာ AFF အတည်ပြုထုတ်ပြန်မည်
Photo: MFF
Photo: MFF
Published 12 October 2022

 

အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) သည် ယခုနှစ်ကုန်ပိုင်းကျင်းပမည် ့AFF Cup 2022 ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ကျင်းပမည့် ကွင်းနှင့် အချိန်များကို ခြေစစ်ပွဲပြီးဆုံးမှသာ အတည်ပြုထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

AFF ၏ ပွဲစဉ်ရေးဆွဲထားမှုအရ ခြေစစ်ပွဲဖြစ်သည့် ဘရူနိုင်းနှင့် တီမောအသင်းတို့၏ အိမ်ကွင်း၊ အဝေးကွင်းပွဲစဉ်များကို နိုဝင်ဘာ  ၅၊ ၁၅ ရက်တွင်ကျင်းပမည်ဖြစ်ပြီး ယင်းနောက်ပိုင်းမှသာ နောက်ဆုံးအဆင့် အုပ်စုပွဲစဉ်များ ကျင်းပမည့်ကွင်းနှင့် အချိန်များကို သက်ဆိုင်ရာဘောလုံးအဖွဲ့ချုပ်များနှင့် ညှိနှိုင်းအတည် ပြုမည်ဖြစ်သည်။ 

ပြိုင်ပွဲဝင်အသင်းများအနေဖြင့် အုပ်စုလေးပွဲကို အိမ်ကွင်း နှစ်ပွဲ၊ အဝေးကွင်းနှစ်ပွဲ ကစားရမည်ဖြစ်ပြီး အိမ်ကွင်းလက်ခံကျင်းပလိုသည့်ကွင်းများကို AFF ထံ ပေးပို့ ထားပြီးဖြစ်သည်။ သို့သော် အိမ်ကွင်းလက်ခံကျင်းပမည့်ကွင်းများမှာ သက်ဆိုင်ရာဘောလုံး အဖွဲ့ချုပ်အနေဖြင့် အပြောင်းအလဲပြုလုပ်နိုင်သောကြောင့် ကွင်းနှင့် ကစားမည့်အချိန်များကို ခြေစစ်ပွဲအောင်အသင်း ထွက်ပေါ်ပြီးမှသာ နောက်ဆုံးအတည်ပြုမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲကို ငါးသင်း နှစ်အုပ်စုခွဲ၍ ကျင်းပမည်ဖြစ်ပြီး နောက်ဆုံးအဆင့်တွင် တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရထားသည့် ကိုးသင်းထွက်ပေါ် ပြီးဖြစ်ကာ ခြေစစ်ပွဲကစားရမည့် ဘရူနိုင်းနှင့် တီမောပွဲ အနိုင်ရသည့်တစ်သင်းမှာ ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။ 

နောက်ဆုံးအဆင့် တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရထားသည့် အသင်းများအနက် အုပ်စု (A) တွင်ပါဝင်သော ထိုင်း အသင်းက သာမာဆတ်ကွင်း၊ ဖိလစ်ပိုင်အ သင်းက ရီဇယ်လ်မန်မိုရီရယ်လ်ကွင်း၊ အင်ဒိုနီးရှားအသင်းက ဘန်ကာနိုကွင်း၊ ကမ္ဘောဒီးယားအသင်းက ပြီးခဲ့သည့်နှစ်ကမှ တည်ဆောက်ပြီးစီးသွားသည့် မိုရိုဒေ့ါတီချိုကွင်း၊ အုပ်စု (B) တွင် ပါဝင်သော ဗီယက်နမ်အသင်းက မိုင်ဒင်းကွင်း၊ မလေးရှားအသင်းက ဘူကစ်ဂျာလီကွင်း၊ စင်ကာပူအသင်းက အမျိုးသားဘောလုံးကွင်း၊ မြန်မာအသင်းက သုဝဏ္ဏကွင်း နှင့် လာအိုအသင်းက New Laos National ကွင်းတို့တွင် လက်ခံကစားရန် စီစဉ်ထားကြောင်း သိရသည်။

Most Read

Most Recent