မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားမှတ်တိုင်တွင် အိမ်ခြေယာမဲ့ အမျိုးသားတစ်ဦး သွေးအန်သေဆုံး

မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားမှတ်တိုင်တွင် အိမ်ခြေယာမဲ့ အမျိုးသားတစ်ဦး သွေးအန်သေဆုံး
ဓာတ်ပုံ - ရွှေရောင်သမိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း
ဓာတ်ပုံ - ရွှေရောင်သမိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း
Published 27 September 2022

မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားမှတ်တိုင်တွင် အိမ်ခြေယာမဲ့ အမျိုးသားတစ်ဦး သွေးအန်သေဆုံးမှု စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂၇ ရက်၊ နံနက် ၉ နာရီခန့်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ ကျိုက်ဝိုင်းဘုရားလမ်း၊ ကျိုက်ဝိုင်းဘုရားမှတ်တိုင်တွင် အမျိုးသားတစ်ဦး သွေးအန်ပြီး လဲကျနေကြောင်း သတင်းရသဖြင့် ပရဟိတအဖွဲ့မှ သွားရောက်ခဲ့ကြောင်း သိရသည်။

“မနက်ပိုင်း ကျိုက်ဝိုင်းမှတ်တိုင်မှာ အမျိုးသားတစ်ဦး သွေးအန်ပြီး လဲကျနေတယ်ဆိုပြီး သတင်းရလို့ သွားရောက်ခဲ့တာပါ။ ရောက်တဲ့အချိန်မှာ အဲ့အမျိုးသားက သေဆုံးနေပါပြီ” ဟု အခင်းဖြစ်နေရာသို့ သွားရောက်ခဲ့သည့် ရွှေရောင်သမိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သေဆုံးခဲ့သည့် အမျိုးသားမှာ အသက် ငါးဆယ်ဝန်းကျင်အရွယ်ဖြစ်ပြီး အိမ်ခြေယာမဲ့ အမျိုးသားတစ်ဦးဖြစ်သည်ဟု ယူဆရကြောင်း သိရသည်။

“သေဆုံးသူက အသက်ငါးဆယ်ဝန်းကျင်အရွယ်ပါ။သူ့နားမှာ အိတ်တွေအထုပ်တွေလည်းတွေ့တယ်။ နေစရာမရှိဘဲ လျှောက်သွားနေတယ်လို့ သိရပါတယ်။ သေဆုံးသူရဲ့ Dead Body ကို အခြားနာရေးယာဉ်တစ်စီးနဲ့ ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်” ဟု အခင်းဖြစ်နေရာသို့ သွားရောက်ခဲ့သည့် ရွှေရောင်သမိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါအမျိုးသားမှာ ရောဂါအခံရှိသဖြင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး အခြားပြင်ပဒဏ်ရာများမရှိကြောင်း သိရသည်။

 

Most Read

Most Recent