၂၀၂၂ ခုနှစ်အတွင်း ပုံမမှန်သည့် မိုးရွာ သွန်းမှုများကြောင့် မိုးညှင်းမြို့နယ်က တောင် သူများ နွေသီးနှံ၊မိုးသီးနှံပါ ဆက်တိုက်အထိ နာခဲ့ကြောင်း ဒေသခံ တောင်သူများနှင့် အစိုး ရရုံးမှတ်တမ်းများအရ သိရသည်။
နွေးသီးနှံတွင် ပဲပုတ်၊ မြေပဲ သီးနှံများ ဧကရာချီ ပျက်စီးခဲ့ပြီး မိုးရာသီးတွင် တောင် ကျ ချောင်းရေများကြောင့် လယ်ဧက ၂၂၉ ဧက ပျက်စီးခဲ့ကြောင်း သိရသည်။ နွေရာသီ တွင် မတ်လအတွင်း ရိပ်သိမ်းသည့် ပဲပုတ်၊ မြေပဲ သီးနှံများမှာ သုံးပုံ နှစ်ပုံ ပျက်စီးခဲ့ ကြောင်း ၊ ရရှိခဲ့သည့် သီးနှံများမှာလည်း မိုးထိ သဖြင့် စျေးကောင်းမရကြောင်း တောင်သူ များက ဆိုပါသည်။
အင်းတော်ကြီးဒေသ နန့်မွန်းမြို့မှ တောင်သူကိုစိုင်းလင်းက လွန်ခဲ့သည် ပဲပုတ် ရာသီတွင် ဧက ၁၇ ဧကစိုက်ပျိုးခဲ့ပြီး ရိတ် သိမ်းချိန်တွင် မိုးများခဲ့မှုကြောင့် ရေထဲတွင် လုပ်ငန်းလုပ်ကိုင်ခဲ့ရပြီး ဆုံးရှုံးမှုများဖြစ်ခဲ့ ကြောင်း၊ရရှိသည့် ပဲပုတ်များလည်း အရည် အသွေးတွင် ထိခိုက်ခဲ့ကြောင်း၊ တောင်သူ တိုင်းနီးပါး ရှုံးခဲ့ရကြောင်း ၊ ကုန်ထုတ်လမ်း မရှိခြင်းနှင့် လယ်ကွင်းအနီးတွင် သီးနှံ အတွက် သီးခြားဂိုထောင်များ မထားရှိခြင်း တို့ကြောင့်လည်း သီးနှံများ အရည်အသွေး ကျဆင်းခဲ့ရကြောင်း၊ ဒေသစျေးနှင့် မြို့ပေါ် ဒိုင်စျေးများ ကွာဟနေခြင်းများကြောင့် လည်း တောင်သူများ နစ်နာခဲ့ရကြောင်း ၄င်းက ဆိုသည်။
ယင်းက “ကျွန်တော်ထက် ဆုံးရှုံးတဲ့သူ တွေလည်း များပါတယ်။ မေလဒုတိယအပတ် ကနေ မိုးကျသည်အထိ မပြတ်တော့ မိုးထဲရေ ထဲ သိမ်းရင်းနဲ့ ပဲတွေကပုတ်ကုန်တာ။ သယ် စရိတ်၊လုပ်အားခတွေက ထပ်ထပ်ရှုံးတဲ့အဖြစ် ရောက်ကုန်တာပေါ့လေ ။ လာမယ့်နှစ်တော့ ဆီစျေးတွေနဲ့ ရာသီအခြေအနေနဲ့ဆိုရင် စိုက်ဧက နည်းနည်းပဲလုပ်နိုင်မယ် ” ဟု ဆို သည်။
မိုးညှင်းမြို့နယ်တွင် ဇွန်လ ၁၆ ရက်မှ သြဂုတ် ၂၇ ရက်တွင် နေရာကွက် ထူးခြား မိုးရွာသွန်းမှု ၆ ကြိမ်ဖြစ်ပွားခဲ့ပြီး သြဂုတ်လ ၂၇ ရက်တွင် စခန်းစဖွင့်သည့်နှစ်မှစ၍ ၄၉ နှစ်အတွင်း၁၉၀ မီလီမီတာ (ရဒသမ ၄၈ လက်မ) အထိ စံချိန်တင် ရွာသွန်းခဲ့သည်။ဇူလိုင်လ ၂၃ ရက် နံနက်ပိုင်း ၃ နာရီမှမနက် ၄ နာရီခွဲဝန်းကျင်အထိ ရွာသွန်းခဲ့သည့် မိုး ကြောင့် အင်းတော်ကြီးဒေသ ဟဲပုကျေးရွာ တွင် မကြုံဖူးသော တောင်ကျချောင်းရေ ကြောင့် လယ်ဧက ၈၁ ဧက ပျက်စီးခြင်း၊ တံ တား၊ နေအိမ်၊အိမ်မွေးတိရစ္ဆာန်များ ရေ မျောခြင်း သာဓနိက အဆောက်အအုံများ ပျက်စီးခြင်း ကြုံတွေ့ခဲ့ရသည်။
လယ် ၁၃ ဧက တောင်ပြိုကာ ဆုံးရှုံးခဲ့ သည့် တောင်သူ ကိုတင်ထွန်းက“တောင်စွယ် က ချောင်းကို ပြိုပိတ်လိုက်တော့ ရှိသမျှ ရေ တွေ၊ ဒိုက်တွေ ၊ သစ်ပင်တွေက ဘေးလယ် တွေကို ထိုးဖို့လိုက်တယ်။တောင်ပြို မြေဖုံး သွားတာလယ်ဧက နှစ်ဆယ်ကျော်ပါတယ်။ ကျွန်တော်အထင်တော့ တောင်ပေါ်မှာ သစ် ပင်တွေ မကျန်အောင် ခုတ်လို့ပါ။ကိုယ့်လယ် ပြန်လုပ်နိုင်ဖို့ဆိုတာ မလွယ်တော့ပါဘူး။အစိုးရဘက်က အကူအညီရရင်တော့ လယ် ပြန်လုပ်ဖို့မြေတွေ ဆယ်ပေးစေချင်တယ် ” ဟု ပြောကြားသည်။
မိုးညှင်းမြို့ မိုးလေဝသနှင့် ဇလဗေဒ မှတ်တမ်းများအရ ၁၉၉၁ ခုနှစ်မှ ၂၀၂၀ ခု နှစ် အထိ နှစ်ပေါင်း၃၀ ပျမ်းမျှ မိုးရွာသွန်းမှု မှာ ဇန်နဝါရီမှမတ်လကုန်အထိ ပျမ်းမျှ မိုးရွာရက် ၂၄ ရက်၊ မိုးရေချိန် ၁၁ ဒသမ ၈၇ လက်သာရှိသော်လည်း ၂၀၂၂ ခုနှစ်တွင် မိုး ရွာရက် ၃၇ ရက်၊ မိုးရေချိန် ၁၅ ဒသမ ၁၂ လက်မ ရွာသွန်းခဲ့ကြောင်း ၊ ယခုနှစ်တွင် မိုး ရေချိန် ၄၀ ရာခိုင်နှုန်းကျော် ပိုမိုနေကြောင်း သိရသည်။
မိုးညှင်းမြို့၊မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနရုံးတာဝန်ခံ ဦးသောင်းဝင်းက “နွေသီးနှံပျက်တာက မေလမှာ တစ် လကျော် သုံးရက်ရွာတာက အဓိကပါ။ တစ် ပြည်နယ်လုံးလည်း စိုက်ပျိုးရေးမှာ ထိတယ်။ကချင်မှာက ဒီနှစ်နွေပျောက်သလို ဖြစ်သွား တယ်လေ။မနှစ်ကအောက်တိုဘာမှာ စံချိန် တင် ပူခဲ့တဲ့အကျိုးဆက်တွေလိုပဲပြောရမှာ။ နေရာကွက်မိုးကြီးတာ ခြောက်ကြိမ်ဖြစ်တယ်။ဆုံးရှုံးမှုတွေလည်း ဖြစ်သွားတယ်။တောင်သူ တွေက နှစ်အတော်ကြာ မိုးတွေ နည်းလာ တော့ ရေမြောင်းတွေ ၊ချောင်းတွေ ကျဉ်းပစ် တယ်။ လယ်ဘေးက မြေဆီထိန်းတဲ့ သစ်ပင် တွေခုတ်ပစ်လိုက်ကြတယ်။ Climate Change ကို တောင်သူတွေသာမကဆောက်လုပ်ရေး၊ စည်ပင်၊မြို့ပြ စီမံကိန်း၊ ကျန်းမာရေး ကဏ္ဍတွေမှာပါ ထည့်စဉ်းစားကြရမှာပါ” ဟု ပြော ကြားသည်။
ယခုနှစ်ဖြစ်စဉ်သည် Climate Change (ရာသီဥတု ပြောင်းလဲခြင်း)ခြင်းဖြစ်စဉ်တွင် လာနီညာ ဖြစ်စဉ်ကြောင့် သမုဒ္ဒရာတွင် ပုံမှန် ထက်ပိုအေးကာ ကုန်းတွင်းပိုင်းမှာ အလွန် ပူသည့် အခြေအနေကြောင့်ဖြစ်ကြောင်း ၄င်း က ဆိုသည်။
ကချင်ပြည်နယ်တွင် ယခုနှစ်အတွင်း မိုးကြီးမှုကြောင့် နွေစပါး ၁၁၉ ဧက ပျက်စီး ခဲ့ပြီး မိုးရာသီတွင် အစေ့ထုတ်ပြောင်း ၃၅၃၁ ဧက၊ မိုးစပါး ၃၇၅၉ ဧက ပျက်စီးခဲ့ကြောင်း ကချင်ပြည်နယ် စိုက်ပျိုးရေးဌာန မှတ်တမ်း များအရ သိရသည်။
ကချင်ပြည်နယ် စိုက်ပျိုးရေးဌာန ပြည် နယ်ညွှန်ကြားရေးမှူး ဦးဌေးလွင်က ပြောင်း လဲလာသည့်ရာသီဥတုနှင့်အညီ တောင်သူ အများစုမှာ မည်သည့်သီးနှံမဆို သက်တမ်း တိုမျိုးများကို ရွေးချယ် စိုက်ပျိုးလာကြောင်း၊ ဒေသနှင့်ကိုက်ညီပြီး ပိုးမွှားဒဏ်ခံသည့် မျိုး များကို ရွေးချယ်သင့်ကြောင်းအကြံပြုသည်။
ယင်းက“ပျက်စီးတာတွေ စုပေါင်းပြုပြင် စရာရှိရင်တော့ စိုက်ပျိုးရေး၊ဆည်မြောင်း ၊အ ထွေထွေအုပ်ချုပ်ရေး ဌာနတွေကိုစုပေါင်းပြီး တင်ပြတာမျိုးလုပ်စေချင်တယ်။ သို့ပေမယ့် နယ်မြေဒေသ အေးချမ်းတည်ငြိမ်မှ လုပ်နိုင် တဲ့ အခြေအနေဖြစ်ပါတယ်” ဟု ဆိုသည်။
ရာသီဥတု၏ ပြောင်းလဲမှု အကျိုးဆက် ကြောင့် မြန်မာနိုင်ငံ၏ ကုန်းတွင်းပိုင်းဒေသ တွင် ၁၉၈ဝမှ၂၀၁၀ ခုနှစ်အထိ ဆယ်စုနှစ် တစ်ခုတိုင်းတွင် ပျမ်းမျှအပူချိန် ၀ ဒသမ ၃၅ ဒီကရီ စင်တီဂရိတ်အထိ တိုးလာနေကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီး ဌာန၏ စာရင်းဇယားများအရသိရသည်။
အပူချိန်တိုးလာသည့် အကျိုးဆက် အ ပြင် မိုးရွာသွန်းမှုပုံစံ ပြောင်းလဲခြင်း၊ မိုးများ ခြင်း၊ နည်းခြင်း ၊မိုးမမှန်ခြင်း စသည့် အကျိုး ဆက်များကို မြန်မာ့တောင်သူများ ခံစားနေ ကြရသည်။
ထွန်းလင်းအောင်(မြစ်ကြီးနား)















