၂၀၂၂ ခုနှစ် ခုနစ်လအတွင်း ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင်သင်္ဘော ၃၅၅ စင်း ဝင်ရောက်ခဲ့ပြီး ဆိပ်ကမ်းလုပ်ငန်းများဆောင်ရွက်ခဲ့

၂၀၂၂ ခုနှစ် ခုနစ်လအတွင်း ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင်သင်္ဘော ၃၅၅ စင်း ဝင်ရောက်ခဲ့ပြီး ဆိပ်ကမ်းလုပ်ငန်းများဆောင်ရွက်ခဲ့
Published 12 August 2022

၂၀၂၂ခုနှစ်၊ ဇန်နဝါရီမှ ဇူလိုင်လကုန်လအထိ ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင် သင်္ဘော ၃၅၅ စင်း ဝင်ရောက်ခဲ့ကြောင်း  မြန်မာ့ဆိပ်ကမ်းအာဏာမှ ထုတ်ပြန်သော သတင်း အချက်များအရ သိရသည်။                  

ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန် များတိုးမြှင့်တင်သွင်းရန် ရန်ကုန်ဆိပ်ကမ်း များ၌  ၂၀၂၂ ဇန်နဝါရီတွင် သင်္ဘောလိုင်း ၁၃ ခု၏ ကုန်သေတ္တာတင်သင်္ဘော ၄၉ စင်း၊ ဖေဖော်ဝါရီတွင် သင်္ဘောလိုင်း ၁၃ ခု၏ ကုန်သေတ္တာတင်သင်္ဘော ၄၈ စင်း ၊ မတ်လတွင် ကုန်သေတ္တာတင်သင်္ဘော ၅၀ စင်း၊ ဧပြီလတွင် သင်္ဘောလိုင်း ၁၄ ခု၏ ကုန်သေတ္တာတင်သင်္ဘော ၅၂ စင်း၊ မေလတွင် နိုင်ငံတကာ သင်္ဘောလိုင်း ၁၂ ခု၏ ကုန်သေတ္တာတင် သင်္ဘော ၅၄ စင်း၊ ဇွန်လတွင် ကုန်သေတ္တာ တင်သင်္ဘော ၅၃ စင်း၊ ဇူလိုင်လတွင် ကုန်သေတ္တာတင်သင်္ဘော ၄၉ စင်း  ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

ပွင့်လင်းရာသီပို့ကုန်များ တိုးမြှင့်တင်ပို့ နိုင်ရန်နှင့် ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့်တင်သွင်းနိုင်ရန်အတွက် လည်းကောင်း ကုန်သေတ္တာတင် သင်္ဘောလိုင်းအသီးသီးမှ ခရီးစဉ်များ ပြန်လည်တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားခြင်း ဖြစ် ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

ရန်ကုန်ဆိပ်ကမ်းများသို့ ၂၀၂၁ ခုနှစ် မေလမှစတင်ကာ နိုင်ငံတကာ ကုန်သေတ္တာနှင့် အထွေထွေကုန်စည်သင်္ဘောများ ပိုမိုဝင်ရောက်ခဲ့ ပြီး ကုန်သေတ္တာ ၁၁၀၀၀ ကျော်နှင့် အထွေထွေ ကုန်စည် ၁၁၅၀၀၀ မက်ထရစ်တန် ပိုမိုကိုင်တွယ်နိုင်ခဲ့ကြောင်း မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်မှ ထုတ်ပြန်သော သတင်းအချက်အလက်များအရ သိရသည်။

ပင်လယ်ရေကြောင်းကုန်သွယ်မှု လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန် ၂၀၂၁ ခုနှစ်မှ စတင်ကာ  Maersk Line Myanmar (Sealand Maersk) သင်္ဘောလိုင်းက ကုန်သေတ္တာတင် သင်္ဘောသစ်သုံးစင်းအား စတင်ပြေးဆွဲခဲ့သည်။

အဆိုပါ သင်္ဘောသုံးစင်းအနက် Maersk Norberg သည် MITT နှင့် MIP ဆိပ်ကမ်း တံတားများတွင် ဆိုက်ကပ်ကုန်တင် ကုန်ချပြုလုပ်မည်ဖြစ်ကာ ၂၀၂၁ ဇွန် ၁၀ ရက်က MIP ဆိပ်ကမ်းတွင် စတင် ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်္ဘောသစ်သုံးစီးမှာ ကုန်သေတ္တာ ၁၇၅၀ TEU 21000 မက်ထရစ်တန် (ရေစူး ၉.၅ မီတာ) တင်ဆောင်နိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံစျေးကွက်အတွက် သီးသန့်ရည် ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ကုန်သေတ္တာတင်သင်္ဘော သစ်များ တိုးချဲ့ပြေးဆွဲခြင်းဖြင့် ပို့ကုန်များအတွက် Space & Equipmetn လုံလောက် စွာရရှိနိုင်မည်ဖြစ်ပြီး ပို့ကုန်များအတွက် ဘိုကင်ရရှိရန် စောင့်ဆိုင်းရန်မလိုတော့ဘဲ တင်ပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်မြစ်အတွင်း ရေလမ်းကြောင်း အသစ်ရှာဖွေတွေ့ရှိမှုကြောင့် ရေစူးကန့်သတ်  ချက်တိုးမြှင့်ခွင့်ပြုခဲ့သည့် သီလဝါဆိပ်ကမ်းသို့ ရေစူး ၁ဝမီတာရှိသော နိုင်ငံတကာ ပင် လယ်ကူးသင်္ဘောများ ဝင်ထွက်သွားလာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြစ်အတွင်း ရေလမ်းကြောင်း အသစ်ရှာဖွေတွေ့ရှိမှုကြောင့် ရေစူးကန့်သတ် ချက်တိုးမြှင့်ခွင့်ပြုခဲ့သည့် ငါးလတာအတွင်း ရန်ကုန်အတွင်းဆိပ်ကမ်းနှင့် သီလဝါ ဆိပ်ကမ်းများသို့တန်ချိန်သုံးသောင်းအထက်  သင်္ဘော ၁၅၂ စီး ဝင်ရောက်ခဲ့ကြောင်း မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent