မြန်မာ ယူ-၁၉ အမျိုးသားအသင်း ဝင်ရောက်ယှဉ်ပြိုင်နေသည့် ဗီယက်နမ်ဖိတ်ခေါ် ယူ-၁၉ ပြိုင်ပွဲတွင်  ပထမ၊ ဒုတိယ၊ တတိယရရှိသည့် အသင်းသုံးသင်းကို ဆုကြေးချီးမြှင့်မည်

မြန်မာ ယူ-၁၉ အမျိုးသားအသင်း ဝင်ရောက်ယှဉ်ပြိုင်နေသည့် ဗီယက်နမ်ဖိတ်ခေါ် ယူ-၁၉ ပြိုင်ပွဲတွင်  ပထမ၊ ဒုတိယ၊ တတိယရရှိသည့် အသင်းသုံးသင်းကို ဆုကြေးချီးမြှင့်မည်
Photo: VFF
Photo: VFF
Published 9 August 2022

ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်(VFF)သည် မြန်မာ ယူ-၁၉ အမျိုးသားအသင်း ဝင်ရောက်ယှဉ်ပြိုင်နေသည့် ၂၀၂၂ ဗီယက်နမ် ယူ- ၁၉ ဖိတ်ခေါ်ပြိုင်ပွဲ(International U-19 Football Tournament)တွင် ပထမ၊ ဒုတိယ၊ တတိယရရှိသည့် အသင်းသုံးသင်းကို ဆုကြေးချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်(VFF)သည် ယခုပြိုင်ပွဲကို ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ မြန်မာ ယူ-၁၉ အသင်းလေးသင်းဖြင့် အုပ်စုပတ်လည်ပုံစံ ယှဉ်ပြိုင်ကစားစေပြီး ထိပ်ဆုံးရပ်တည်နိုင်သည့် နှစ်သင်းမှာ ဗိုလ်လုပွဲ၊ အဆင့် ၃-၄ နေရာ ရပ်တည်နိုင်သည့် နှစ်သင်းမှာ တတိယနေရာလုပွဲ ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်(VFF) သည် ဗိုလ်စွဲသည့်အသင်းကို ဆုကြေး ဒေါ်လာ ၁၀၀၀၀ နှင့် ဆုဖလား၊ ဒုတိယဆုရအသင်းကို ဆုကြေး ဒေါ်လာ ၆၀၀၀၊ တတိယဆုရအသင်းကို ဆုကြေး ဒေါ်လာ ၄၀၀၀၊ ပွဲစဉ်တစ်လျှောက် အသင်းလိုက်ကစားပုံ အကောင်းဆုံးဆုကို ဆုကြေး ဒေါ်လာ ၅၀၀၀၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုကို ဒေါ်လာ ၅၀၀၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဂိုးသမားဆုကို ဒေါ်လာ ၅၀၀၊ ဂိုးအများဆုံးဆုကို ဒေါ်လာ ၅၀၀ နှင့် အကောင်းဆုံးကွင်းလယ်ဒိုင်လူကြီးဆုကို ဒေါ်လာ ၅၀၀ ချီးမြှင့်မည်ဖြစ်သည်။

အုပ်စုနောက်ဆုံးပွဲများအဖြစ် ယနေ့ မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲတွင်  မြန်မာ ယူ-၁၉ အသင်းနှင့် မလေးရှား ယူ-၁၉ အသင်း၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီတွင် အိမ်ရှင်ဗီယက်နမ် ယူ-၁၉ အသင်းနှင့် ထိုင်း ယူ-၁၉ အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်(VFF) သည် တတိယနေရာလုပွဲကို သြဂုတ် ၁၁ ရက် မြန်မာစံတော်ချိန် ညနေ ၃ နာရီတွင်လည်းကောင်း၊ ဗိုလ်လုပွဲကို မြန်မာစံတော်ချိန် ညနေ ၆ နာရီတွင်လည်းကောင်း ဆက်လက်ကျင်းပမည်ဖြစ်သည်။

ယင်းပြိုင်ပွဲကို အာရှထိပ်သီးအသင်းများဖြစ်သည့် ဂျပန်နှင့် ဆော်ဒီအာရေဗျအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသော်လည်း နုတ်ထွက်ခဲ့သဖြင့် မလေးရှား၊ ထိုင်းအသင်းတို့နှင့် အစားထိုးခဲ့ရခြင်းဖြစ်သည်။

ယင်းပြိုင်ပွဲကို နှစ်စဉ်ကျင်းပလေ့ရှိသော်လည်း ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်တွင် ကျင်းပနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။ 

Most Read

Most Recent