စတာလင်အား ရောင်းထုတ်ခဲ့သည့် မန်စီးတီးအသင်း၏လုပ်ရပ်ကို အဂွဲရိုး မေးခွန်းထုတ်

စတာလင်အား ရောင်းထုတ်ခဲ့သည့် မန်စီးတီးအသင်း၏လုပ်ရပ်ကို အဂွဲရိုး မေးခွန်းထုတ်
Photo: Getty Images
Photo: Getty Images
Published 4 August 2022

မန်စီးတီးဂန္ထဝင်တိုက်စစ်မှူး အဂွဲရိုးက အင်္ဂလန်တောင်ပံကစားသမား စတာလင်အား ရောင်းထုတ်ခဲ့သည့် မန်စီးတီးအသင်း၏ လုပ်ရပ်ကို နားမလည်နိုင်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် အသင်းတွင် ၂၀၁၅ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ (၇) ရာသီကြာ ကစားခဲ့သည့် အသက် (၂၇)နှစ်အရွယ်ရှိ စတာလင်ကို ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ပရီးမီးယားလိဂ်ပြိုင်ဘက် ချယ်လ်ဆီးအသင်းထံသို့ ပေါင်သန်း (၅၀) ဖြင့် ရောင်းထုတ်ခဲ့ခြင်းဖြစ်သည်။

စတာလင်သည် မန်စီးတီးအသင်းတွင် ကစားခဲ့သည့် (၇) ရာသီအတွင်း ပြိုင်ပွဲစုံ (၃၃၉) ပွဲတွင် (၁၃၁) ဂိုး သွင်းယူခဲ့သူဖြစ်သည်။

အဂွဲရိုးက ''စတာလင်ကို ရောင်းထုတ်လိုက်တဲ့ မန်စီးတီးအသင်းရဲဲ့ လုပ်ရပ်အပေါ် ကျွန်တော် နားမလည်နိုင်ပါဘူး။ မန်စီးတီးအသင်းဟာ အခုလို ထူးဆန်းတဲ့ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့ အကြိမ်တွေ ရှိပါတယ်''ဟု ဝေဖန်ခဲ့သည်။

မန်စီးတီးအသင်းအနေဖြင့် စတာလင်အားရောင်းချခဲ့ခြင်းမှာ ရေဗားပလိတ်အသင်းမှ အာဂျင်တီးနားလူငယ်တိုက်စစ်မှူး အယ်လ်ဗာရက်ဇ်(၂၂ နှစ်)ကို ခေါ်ယူထားခြင်းကြောင့်ဖြစ်သည်ဟု သုံးသပ်မှုများလည်းရှိနေသည်။

အဂွဲရိုးက လီဗာပူးလ်အသင်းအား (၁-၃) ဂိုးဖြင့်ရှုံးနိမ့်သည့် ကွန်မြူနတီဒိုင်းတွင် မန်စီးတီးအတွက် တစ်လုံးတည်းသောဂိုးကို သွင်းယူခဲ့သည့် အယ်လ်ဗာရက်ဇ်မှာ မန်စီးတီးအသင်းတွင် တောက်ပလာမည်ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။ 

Most Read

Most Recent