မက်ဆီနှင့် အသင်းဖော်ဖြစ်ခွင့်ရခြင်းမှာ အထူးအခွင့်အရေးဟု ရာမို့စ် ပြောကြား

မက်ဆီနှင့် အသင်းဖော်ဖြစ်ခွင့်ရခြင်းမှာ အထူးအခွင့်အရေးဟု ရာမို့စ် ပြောကြား
Photo: PSG Twitter
Photo: PSG Twitter
Published 4 August 2022

PSG နောက်ခံလူ ရာမို့စ်က နာမည်ကျော် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီနှင့်အသင်းဖော်ဖြစ်ခွင့်ရခြင်းမှာ မိမိအတွက် အထူးအခွင့်အရေးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရာမို့စ်နှင့် မက်ဆီတို့သည် စပိန်၏ အခါးသီးဆုံးပြိုင်ဘက်များဖြစ်သည့် ရီးယဲလ်နှင့် ဘာစီလိုနာအသင်းတို့တွင် နှစ်ပေါင်းများစွာကစားခဲ့ကြပြီး ကွင်းအတွင်း ပြိုင်ဘက်အဖြစ်သာ ရင်ဆိုင်ခဲ့ကြရသည်။

သို့သော် ပြီးခဲ့သည့် ၂၀၂၁ နွေရာသီတွင် ၎င်းတို့ (၂) ဦးစလုံးသည် PSG အသင်းသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။

ရာမို့စ်က ''မက်ဆီနဲ့ အသင်းဖော်ဖြစ်ခွင့်ရတာ ကျွန်တော့်အတွက်တော့ အထူးအခွင့်အရေးပါပဲ။ သူ ဘယ်လိုကစားသမားလဲဆိုတာ လူတိုင်း သိပါတယ်။ သူ့ကို အထူးတလည်ချီးကျူးနေစရာမလိုပါဘူး''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent