မျောက်ကျောက်ရောဂါက ကမ္ဘာ့ကပ်ရောဂါလား

မျောက်ကျောက်ရောဂါက ကမ္ဘာ့ကပ်ရောဂါလား
မျောက်ကျောက်ရောဂါကို စစ်ဆေးရန် ဖွင့်လှစ်ထားသည့် ဓာတ်ခွဲခန်းတွင် PPE ဝတ်စုံဝတ် အိန္ဒိယကျန်းမာရေးဝန်ထမ်းတစ်ဦးကို ဇူလိုင် ၂၈ ရက်က တွေ့ရစဉ်
မျောက်ကျောက်ရောဂါကို စစ်ဆေးရန် ဖွင့်လှစ်ထားသည့် ဓာတ်ခွဲခန်းတွင် PPE ဝတ်စုံဝတ် အိန္ဒိယကျန်းမာရေးဝန်ထမ်းတစ်ဦးကို ဇူလိုင် ၂၈ ရက်က တွေ့ရစဉ်
Published 1 August 2022
ဒေါက်တာလွင်သန့်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကမျောက်ကျောက်ဗိုင်းရပ်ရောဂါ (Monkey Pox) ကို တစ်ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးအရေးပေါ်ပြဿနာအဖြစ် ဇူလိုင် ၂၃ ရက်မှာ သတ်မှတ်ကြေညာခဲ့ပါတယ်။  WHO ရဲ့ကြေညာချက်ကြောင့် မျောက်ကျောက်ရောဂါဟာ နိုင်ငံတကာအနေနဲ့ညှိနှိုင်းပေါင်းစပ်တုံ့ပြန်ဖို့လိုအပ်မယ့် ကမ္ဘာ့ကျန်းမာရေးပြဿနာတစ်ရပ်ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ မျောက်ကျောက် ဗိုင်းရပ်ကူးစက်ရောဂါကို တစ်ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးအရေးပေါ် ပြဿနာအဖြစ် မကြေညာမီ  WHO ကျွမ်းကျင်သူများအစည်းအဝေးမှာ မျောက်ကျောက် (Monkey Pox) ဗိုင်းရပ်ကို အရေးပေါ်ကျန်းမာရေးပြဿနာအဖြစ် သတ်မှတ်ဖို့သင့်၊ မသင့် ပတ်သက်ပြီး သဘောတူညီချက်မရယူနိုင်ခဲ့ပါဘူး။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ ‘ဘီစရောစ် အက်ကာရှယ်ဂျီဘာရီဂေဆတ်’ က  WHO အကြီးအကဲတစ်ဦးအဖြစ် မျောက်ကျောက်ဗိုင်းရပ်ကူးစက် ရောဂါကို တစ်ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးအရေးပေါ်ပြဿနာအဖြစ် သတ်မှတ်ကြေညာဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါကြေညာချက်အရ ကမ္ဘာ့ကပ်ရောဂါအဖြစ် မျောက်ကျောက်ဗိုင်းရပ်ကူးစက်ရောဂါ ပြောင်းလဲသွားနိုင်မှုကို တားဆီးရေးအတွက် နိုင်ငံတကာညှိနှိုင်းတုံ့ပြန်ဖို့လိုအပ်မှာဖြစ်ပြီး  WHO က အဖွဲ့ဝင်နိုင်ငံများအတွက် လမ်းညွှန်ချက်များနဲ့ အကြံပြုချက်များဖြည့်ဆည်း ပေးရမှာဖြစ်ပါတယ်။ မျောက်ကျောက်ရောဂါကူးစက်မှုဟာ လူတို့ နားမလည်နိုင်သေးတဲ့ ကူးစက်မှုပုံစံသစ်နဲ့ လျင်မြန်စွာကူးစက်နေတာကြောင့် အဆိုပါရောဂါကိုတစ်ကမ္ဘာလုံးဆိုင်ရာ ပြည်သူများကျန်းမာရေးပြဿနာအဖြစ်ကြေညာဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း  WHO က ဆိုပါတယ်။

လက်ရှိအချိန်ကမ္ဘာ့နိုင်ငံပေါင်း ၇၀ ကျော် မျောက်ကျောက်‌ဗိုင်းရပ်ကူးစက်မှုပေါင်း ၁၆၀၀၀ ကျော် ရှိလာပြီဖြစ်ပါတယ်။ ရောဂါကူးစက်မှုမှာ ဇွန်လကုန်မှ ဇူလိုင်လဆန်းပိုင်းကြား ၇၅ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ကြောင်း WHO ကဆိုပါတယ်။ လက်ရှိမျောက်ကျောက်ရောဂါ ကူးစက်မှုရဲ့ထူးခြားချက်မှာ အဆိုပါ ဗိုင်းရပ်မရှိခဲ့တဲ့ နေရာများဖြစ်ကြတဲ့ မြောက်အာဖရိက၊ မြောက်အမေရိက၊ ဥရောပနိုင်ငံတွေမှာ ကူးစက်မှုနှုန်းမြင့်မားနေဆဲဖြစ်တယ်လို့ဆိုပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဟာ ကိုဗစ်ကပ်ရောဂါ (Pandemic disease) အဖြစ် ၂၀၂၀ ပြည့်နှစ်ဇန်နဝါရီ ၁၁ ရက်က ကြေညာခဲ့ပြီး တစ်ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ် ကြေညာခဲ့ပြီးနောက်နှစ်လအကြာ‌ ကမ္ဘာ့ကပ်ရောဂါအဖြစ်ကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာတော့ ၂၀၂၀ ပြည့်နှစ် မတ် ၂၃ ရက်က ကိုဗစ် ကူးစက်ခံရသူ နှစ်ဦးတွေ့ရှိကာ ကိုဗစ်ရောဂါကူးစက်ခံရတဲ့ နိုင်ငံများစာရင်းဝင်ခဲ့ပါတယ်။

မျောက်ကျောက်ရောဂါအတွက် ရေကျောက် (Chicken Pox) ကာကွယ်ဆေးကို အတည်ပြုပေးဖို့ ဥရောပသမဂ္ဂရဲ့ဆေးဝါးစောင့်ကြည့်ရေးအဖွဲ့က ဇူလိုင် ၂၂ ရက်မှာ အကြံပြုပြောကြားခဲ့ပါတယ်။ ဥရောပဆေးဝါးစောင့်ကြည့်ရေးအဖွဲ့ (EMA) ရဲ့လူသားဆေးဝါးကော်မတီ (CHMP)က အရွယ်ရောက်ပြီးသူများကို မျောက်ကျောက်ရောဂါ ကူးစက်မှုကနေ ကာကွယ်ပေးဖို့အတွက် ရေကျောက်ကာကွယ်ဆေး (Imvanox) ညွှန်ပြချက်ကို ထပ်တိုးဖို့ အကြံပြုလိုက်တယ်လို့ ဥရောပဆေးဝါးအေဂျင်စီ (EMA) က ထုတ်ပြန်ခဲ့ပါတယ်။

ဒိန်းမတ်ဆေးကုမ္ပဏီ ဘာဗေရီယန်နော့ဒစ် (Bavarian Nordic) က ထုတ်လုပ်တဲ့အင်ဗန်း (Imvanox) ကို ရေကျောက်ရောဂါကာကွယ်မှုအတွက် ၂၀၁၃ ခုနှစ်ကတည်းက ဥရောပသမဂ္ဂမှာ အတည်ပြုထားပါတယ်။ မျောက်ကျောက်နဲ့ ရေကျောက်ဗိုင်းရပ်ကြားဆင်တူမှုများ ရှိနေတဲ့အတွက်မျောက်ကျောက် ရောဂါကာကွယ်ဆေးအဖြစ်အသုံးပြုဖို့အလားအလာရှိတယ်လို့ထည့်သွင်းစဉ်းစားခဲ့တာပဲဖြစ်ပါတယ်။ မျောက်ကျောက်ရောဂါဟာ ၁၉၈၀ ပြည့်နှစ် ကအမြစ်ပြတ်ချေမှုန်းနိုင်တဲ့ ကျောက်ကြီး (Small Pox) ထက် ကူးစက်မှုပိုင်းနဲ့အန္တရာယ်ရှိမှုအပိုင်းမှာ လျော့နည်းတယ်ဆိုပါတယ်။

မျောက်ကျောက်ရောဂါရဲ့ ပထမဆုံးရောဂါလက္ခဏာများက ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ နောက်ကျောဘက် နာကျင်ခြင်းတို့ဖြစ်ပါတယ်။ အနာများနဲ့အစက်အပြောက်များ ထွက်လာပြီးနောက် မျက်နှာ၊ လက်ဖဝါးနဲ့ခြေခုံတွေမှာ အဖုအပိမ့် အနီကွက်များဖြစ်ပေါ်လာခဲ့ပြီး အနာဖေးများဖြစ်ပေါ်ကာ အလိုလိုကွာကျကုန်ပါတယ်။ WHO က မျောက်ကျောက်ရောဂါ ကူးစက်မှုဖြစ်စဉ်အပေါ် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်တစ်ရပ်အဖြစ် သတ်မှတ်ကြောင်း ဇူလိုင်၂၃ ရက်မှာ ဆွေးနွေးပွဲမှ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

နိုင်ငံပေါင်း ၇၁ နိုင်ငံမှာ ရောဂါဖြစ်ပွားသူ ၁၅၄၀၀ ရှိလာပြီး ျွှံဥ ရဲ့ဗိုင်းရပ်ဆိုင်ရာ အရေးပေါ်ကော်မတီပြုလုပ်တဲ့ ဒုတိယကြိမ်မြောက်ဖြစ်တယ်လို့ အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ဆေး (CDC) က ထုတ်ပြန်ခဲ့ပါတယ်။

မျောက်ကျောက် (Monkey Pox) ဟာ ကာလကြာရှည်ပုံမှန်ဖြစ်ပွားလေ့ရှိတဲ့အနောက်နဲ့ဗဟိုအာဖရိက အပြင်ဘက်မှာ မေလအစောပိုင်းကတည်းက ကူးစက်ဖြစ်ပွားမှု မြင့်တက်လာခဲ့ပါတယ်။ EMA ရဲ့ CHMP က အန်ဖန်နက် (Imvanox) ကိုမျောက်ကျောက် ကာကွယ်ဆေးအဖြစ် စျေးကွက်မှာ ဖြန့်ချိဖို့သင့်၊ မသင့်လျှောက်ထားချက်ကို သိပ္ပံနည်းကျအကဲဖြတ်လုပ်ဆောင်နေကြပါတယ်။ အီးယူဥပဒေအရ (EMA) ဟာ မတူညီတဲ့ အီးယူနိုင်ငံ တွေမှာစျေးကွက်ရှာဖွေခြင်းကို အမှန်တကယ်ခွင့်ပြုဖို့ လုပ်ပိုင်ခွင့်မရှိပါဘူး။ ဥရောပကော်မရှင်ဟာ အခွင့်အာဏာပေးထားတဲ့အဖွဲ့ အစည်းဖြစ်ကာ EMA ရဲ့အကြံပြု ချက်များကို ရယူတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ မျောက်ကျောက်ရောဂါ အတည်ပြုလူနာတစ်ဦး ပထမဆုံးအကြိမ်တွေ့ရှိခဲ့ပေမဲ့ အသက် ၂၇ နှစ်အရွယ်နိုင်ဂျီးရီးယား အမျိုးသားဟာ ဇူလိုင် ၁၈ ရက်က မျောက်ကျောက်ရောဂါကူးစက်မှုရလဒ်ထွက်ရှိခဲ့ပြီး ပျောက်ဆုံးသွားတယ်ဆိုပါတယ်။ အဆိုပါလူနာဟာ မျောက်ကျောက်ရောဂါနဲ့ ဆင်တူတဲ့ ရောဂါလက္ခဏာများနဲ့အတူ သီတင်းပတ်ကုန်က ဖူးခတ်ကျွန်းရှိ ပုဂ္ဂလိကဆေးရုံတစ်ရုံဆီရောက်ရှိခဲ့ပြီး ရောဂါကူးစက်မှုကိုထောက်လှမ်းတွေ့ရှိခဲ့တာဖြစ်ပါတယ်။ လူနာထံမှသွေးနမူနာကိုယူခဲ့ပြီး ဇူလိုင် ၁၆ ရက်မှာ ဓာတ်ခွဲခန်းကစမ်းသပ် စစ်ဆေးပေးခဲ့ပြီး ဇူလိုင် ၁၈ ရက်မှာ လူနာကိုဖုန်းနဲ့ဆက်သွယ်ရာ ဆေးရုံတက်ဖို့ငြင်းဆန်ကာ ပျောက်ရှသွားကြောင်း သိရပါတယ်။

မျောက်ကျောက်ရောဂါ ကူး စက်ခံရသူစုစုပေါင်းရဲ့ ၉၅ ရာခိုင်နှုန်းဟာ လိင်ပိုင်းဆိုင်ရာလှုပ်ရှားမှု တွေကတစ်ဆင့်ကူးစက်ခံရခြင်းဖြစ်တယ်လို့ လေ့လာမှု၌တွေ့ရှိခဲ့ပြီး လိင်အင်္ဂါမှာ အနာလိုရောဂါ လက္ခဏာသစ်များ တွေ့ရှိတာ ဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မကြေညာချိန် ဇူလိုင် ၂၁ ရက် နယူးအင်္ဂလန်ဂျာနယ် (New England Journal) မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ လန်ဒန်ကွင်းမယ်ရီ (Queen Mary) တက္ကသိုလ်မှ သိပ္ပံပညာရှင်များ ဦးဆောင်ပြုလုပ်တဲ့ သုတေသနမှာ ၂၀၂၂ ခုနှစ် ဧပြီ ၂၇ ရက်မှ ဇွန် ၂၄ ရက်ကြားနိုင်ငံပေါင်း ၁၆ နိုင်ငံမှာ ရောဂါကူးစက်ခံရတဲ့အတည်ပြုလူနာ ၅၂၈ ဦး လေ့လာခဲ့ခြင်းဖြစ်တယ်။

“အစဉ်အလာအရ မျောက်ကျောက်ရောဂါဟာ လိင်ဆက်ဆံမှုက တစ်ဆင့် ကူးစက်တဲ့ရောဂါ မဟုတ်ဘူးဆိုတာ အလေးထား ဖော်ပြဖို့အရေးကြီးပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အနီးကပ်ထိတွေ့တဲ့ ဘယ်လိုပုံစံများကမဆိုကူးစက်နိုင်ပါတယ်” လို့လေ့လာတွေ့ရှိချက်ကို ရေးသား ဖော်ပြတဲ့ ‘ဂျွန်‌ဆွန်းဟေး’ က အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

ရောဂါအများစုမှာ လိင်မှတစ်ဆင့်ကူးစက်ခံ ရသူများဖြစ်ပေမဲ့ ဗိုင်းရပ်ဟာ အသက်ရှူလမ်းကြောင်းမှာ ထိခိုက်မှုရှိကြပါတယ်။ အများစုမှာ အမျိုးသားချင်း လိင်ဆက်ဆံသူများ ဖြစ်တယ်လို့ဆိုပါတယ်။

ကူးစက်ခံရသူစုစုပေါင်းအနက် ၉၈ ရာခိုင်နှုန်းမှာလိင်တူစုံမက်တဲ့ အမျိုးသားများဖြစ်ပြီး ၄၁ ရာခိုင်နှုန်း မှာ (HIV/AIDS) ရောဂါအခံရှိကာ အသက် ၃၈ နှစ်အရွယ်ပျမ်းမျှဖြစ်တယ် ဆိုပါတယ်။ ရောဂါကူးစက် မခံရမီသုံးလအတွင်း ပျမ်းမျှ လိင်ဆက်ဆံဖော် အရေအတွက်မှာ ငါးဦးခန့်ဖြစ်ကာ သုံးပုံတစ်ပုံဟာ လိင်ပိုင်းဆိုင်ရာပါတီပွဲများကို ကူးစက်မခံရမီ တစ်လအလိုက သွားရောက်ခဲ့သူများဖြစ်ပါတယ်။

ရောဂါကူးစက်ခံရသူအများစုဟာ လိင်ပိုင်းဆိုင်ရာလှုပ်ရှားမှုများမှ ကူးစက်ခံရခြင်းဖြစ်ပေမဲ့ ဗိုင်းရပ်ဟာ အသက်ရှူလမ်းကြောင်းမှာ အရည်အစက်များနဲ့ အဝတ်အထည်နဲ့ အခြားမျက်နှာပြင်များလို ရုပ်ပိုင်းဆိုင်ရာအနီးကပ် ထိတွေ့မှုများမှ တစ်ဆင့်ကူးစက်နိုင်ကြောင်း သုတေသီတို့က ဆိုပါတယ်။

ရောဂါကူးစက်ခံရသူအများစုဟာ ယခင်တွေ့ရှိခဲ့တဲ့ မျောက်ကျောက်ရောဂါနဲ့မတူဘဲ၊ လိင်အင်္ဂါ အနာများနဲ့မတူဘဲ လိင်အင်္ဂါအနာများနဲ့ ပါးစပ် (သို့မဟုတ်) စအိုမှာ ရောဂါလက္ခဏာသစ်များပြားခဲ့တယ်ဆိုပါတယ်။ အဆိုပါလက္ခဏာတွေက လိင်ဆက်ဆံမှုမှ ကူးစက် တတ်တဲ့ရောဂါလက္ခဏာများနဲ့ အလားသဏ္ဌာန်တူညီတယ်လို့ ဆိုပါတယ်။

၂၀၂၀-၂၀၂၂ ခုနှစ်အကြား အမေရိကန်ရဲ့မှာယူမှု အပြင် နောက်ထပ်ကာကွယ်ဆေးအပိုများနဲ့ စုစုပေါင်း ကာကွယ်ဆေးပမာဏ အပိုများနဲ့ စုစုပေါင်း ကာကွယ်ဆေးပမာဏ ခုနစ်သန်းနီးပါးအထိရှိလာတယ်သိရပါတယ်။ အမေရိကန်မှာ ဂျင်နိရိုး(Jynneus)၊ ဥရောပမှာ အင်ဗန်း (Imvanes)အမည်နဲ့ မျောက်ကျောက်ကာကွယ်ဆေးများ စျေးကွက်ထဲ ဖြန့်ချိမယ်ဆိုပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တီကိုဗီရူမက်အက်စ်တီတူးဖိုးစစ် (Ticovirimat Chemical Agent ST.246) ဗိုင်းရပ်ကို ကုသဆေးအ ဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ ကာ ကွယ်ဆေးသစ်အမ်ဘီအေဘီအင် (MVA-BN) ထိုးဆေးကို အတည်ပြုပေးခဲ့ပါတယ်။ မျောက်ကျောက်ရောဂါ ထိတွေ့မှုမှရှောင်ကြဉ်ဖို့ ဆေးရုံပြောင်းကုသခြင်း၊ လူနာစောင့်၊ မိသားစုဝင်များ ပီပီအီး (PPE) ဝတ်ဆင်ဖို့ လိုပါတယ်။

Most Read

Most Recent