■  ဟော်လန်းကြောင့် ကစားပုံပြောင်းမည်မဟုတ်

■  ဟော်လန်းကြောင့် ကစားပုံပြောင်းမည်မဟုတ်
Photo: Sky Sports
Photo: Sky Sports
Published 29 July 2022

မန်စီးတီးအသင်း၏ နည်းပြ ဂွါဒီယိုလာက အသစ်ခေါ်ယူခဲ့သည့် တိုက်စစ်မှူး ဟော်လန်းကြောင့် အသင်း၏ကစားပုံ အပြောင်းအလဲဖြစ်မည်မဟုတ်ဟု ပြောကြားခဲ့သည်။ 

မန်စီးတီးအသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ဒေါ့မွန်အသင်းမှ နာမည်ကျော် နော်ဝေတိုက်စစ်မှူး ဟော်လန်းကို ပေါင် (၅၁) သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ 

ဟော်လန်းသည် အထောင်တိုက်စစ်မှူးစစ်စစ်ဖြစ်သည့်အတွက် ပြီးခဲ့သည့်နှစ်များတွင် တိုက်စစ်မှူးစစ်စစ်မပါဘဲ False 9 ပုံစံဖြင့် ကစားခဲ့သည့် မန်စီးတီးအသင်း၏ ကစားပုံကို ဂွါဒီယိုလာ ပြောင်းလဲဖွယ်ရှိသည်ဟု သုံးသပ်မှုများ ရှိခဲ့သည်။ 

သို့သော် ဂွါဒီယိုလာက ဟော်လန်း ရောက်လာခြင်းကြောင့် အထိုင်ကျနေသည့်အသင်း၏ ကစားပုံကို ပြောင်းလဲသွားမည်မဟုတ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဂွါဒီယိုလာက "ကျွန်တော်တို့ရဲ့ကစားပုံက ပြောင်းလဲဖို့ မရှိ ပါဘူး။ ကျွန်တော်တို့က ကျွန်တော်တို့ကစားချင်တဲ့ပုံစံအတိုင်း ကစားနိုင်မယ့် ကစားသမားတွေကိုပဲ ခေါ်ယူခဲ့တာပါ။ လေ့ကျင့်ချိန် နည်းနည်းပဲရှိသေးပေမဲ့ ကစားသမားသစ်တွေကို ကျေနပ်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent