လက်ရှိနွေရာသီအပြောင်းအရွှေ့ကာလ ပရီးမီးယားလိဂ်အသင်းတွေထဲ ကစားသမားအများဆုံးခေါ်ယူထားတဲ့အသင်းက နော်တင်ဟမ်ဖောရက်စ်ပါပဲ။ နော်တင်ဟမ်အသင်းဟာ လက်ရှိနွေရာသီအပြောင်းအရွှေ့ကာလအတွင်း အငှားခေါ်ယူမှု တစ်ခုအပါအဝင် ကစားသမား (၉)ဦးအထိ (အသင်းကြီးအတွက် ၈ ဦး၊ ယူ-၂၃ အသင်းအတွက် ၁ ဦး) ပြုလုပ်ထားပြီး အရေ အတွက်အများဆုံးခေါ်ယူထားတဲ့အသင်းအဖြစ် မှတ်တမ်းဝင်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁-၂၂ ရာသီ လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ အဆင့် (၄)နေရာနဲ့ ရာသီသိမ်းခဲ့ပြီး Play-offs ချန်ပီယံအဖြစ် ပရီးမီးယားလိဂ်ရပ်ဝန်းဆီတက်လှမ်းလာနိုင်ခဲ့တဲ့ နော်တင်ဟမ်ဟာ အသင်းရဲ့အစဉ်အလာမှတ်တမ်းတွေအရပရိသတ်နဲ့ရင်းနှီးကျွမ်းဝင်မှုရှိပြီးသား အသင်းတစ်သင်းပါ။ နော်တင်ဟမ်ဟာ ပရီးမီးယားလိဂ်ခေတ်ဦးကာလမှ (၅)ရာသီ ကြာယှဉ်ပြိုင်ခဲ့ဖူးသလို၊ ဥရောပဖလား (ယခုချန်ပီယံလိဂ်) ပြိုင်ပွဲမှာလည်း ချန်ပီယံ ဆု (၂)ကြိမ်ရရှိဖူးတဲ့အသင်းတစ်သင်းဖြစ်လို့ နော်တင်ဟမ်ရဲ့ ပရီးမီးယားလိဂ်သို့ တစ်ကျော့ပြန်တန်းတက်ခရီးဟာ ဘောလုံးပရိသတ်အတွက် စိတ်ကြည်နူးစရာဖြစ်စေခဲ့ပါတယ်။
ရည်မှန်းချက်တွေ ကြီးမားခြင်းနဲ့အတူ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















