■ ဥရောပမှသည် မေဂျာလိဂ်ဆီသို့

■ ဥရောပမှသည် မေဂျာလိဂ်ဆီသို့
Photos: Team's Twitter & Getty Images
Photos: Team's Twitter & Getty Images
Published 1 July 2022
Phoe Thar

"ဘေးလ်ဟာ မေဂျာလိဂ်ဆီကို ကောင်းမွန်တဲ့ ခံယူချက်တွေ၊ စိတ်ပိုင်းဆိုင်ရာသန်မာမှုတွေကို သယ်ဆောင်လာမယ့်သူပါ။ သူ(ဘေးလ်)ဟာခမ်း နားကြီးကျယ်တဲ့ကစားသမားဖြစ်ပြီး ရီးယဲလ်မက်ဒရစ်လိုအသင်းကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့တော့ သူ့နဲ့ပတ်သက်ပြီး အများကြီးပြောစရာမရှိပါဘူး။ ဘေးလ်ဘယ်လိုကစားသမားလဲဆိုတာ လူတိုင်းသိပါတယ်"လို့ မေဂျာလိဂ်ကလပ် လော့စ်အိန်ဂျလိစ် FC အသင်းရဲ့ တိုက်စစ်မှူး ကားလို့စ်ဗေလာက အသင်းဖော်သစ် ဂါရတ်ဘေးလ်နဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကိုဖွင့်ဟခဲ့ပါတယ်။ ဘေးလ်ဟာ ၂၀၂၂ ခုနှစ်အတွင်း ရှာကီရီ၊ အင်ဆစ်ဂ်ညာ၊ ချီလီနီတို့နောက် ဥရောပကနေ အမေရိကန်မေဂျာလိဂ်ကိုပြောင်းရွှေ့လာတဲ့ စတုတ္ထမြောက်နာမည်ကျော်ကစားသမားဖြစ်သလို၊ ချီလီနီအပြီး လော့စ်အိန်ဂျလိစ်အသင်းရဲ့ ၂၀၂၂ ခုနှစ်အတွင်း ဒုတိယမြောက်နာမည်ကြီးကစားသမား ခေါ်ယူမှုလည်းဖြစ်ပါတယ်။ ကားလို့စ်ဗေလာဆိုခဲ့သလိုပဲ ဘေးလ်ကိုခေါ်ယူနိုင်ခဲ့ခြင်းဟာ မေဂျာလိဂ်ပြိုင်တစ်ခုလုံးအတွက် ကောင်းမွန်ခြင်းဖြစ်လိမ့်မယ်လို့ တွေးထင်ထားသူတွေအများအပြားရှိသလို၊ မေဂျာလိဂ်ပြိုင်ပွဲရဲ့ ခြေလှမ်းသစ်တစ်ခုဖြစ်လာဖို့ သုံးသပ်ထားသူတွေလည်းဒုနဲ့ဒေးပါ။ 

 

Most Read

Most Recent