မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံဒေသတွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလများတွင် မိုး သည်းထန်စွာရွာသွန်းမှုကြောင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းစေတီအဆူ ၆၀ ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး လက်ရှိအချိန်တွင် အဆူ ၃၀ ခန့် ပြုပြင်ပြီးစီးပြီဖြစ်ကြောင်း၊ စေ တီတချို့တွင် အသေးစားပြုပြင်ရန် ကျန်ရှိနေ ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုး သားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ညွှန်ကြား ရေးမှူး ဦးကျော်မျိုးဝင်းက ပြောကြားသည်။
“မနှစ်က မိုးကြောင့် ပျက်စီးတာတော့ မဟုတ်ဘူး။ မိုးရွာတဲ့အတွက်ကြောင့် ဘုရားအ ဆူ ၆၀ က အုတ်တံတိုင်းတွေ ပဲ့ကျတာမျိုး၊ နောက်ပြီးတော့ ဘုရားရဲ့ ပစ္စယံပေါ့ အပေါ် ပိုင်းမှာရှိတဲ့ ခြင်္သေ့မိတ်တိုးလို့ခေါ်တဲ့ အရာ လေးတွေ ကွာကျတာမျိုး ပျက်စီးတာပါ။ အဲဒီ လိုမျိုးတွေ အများကြီးဖြစ်ခဲ့တာပါ။ ကြီးကြီး မားမား ထိခိုက်ပျက်စီးတာမရှိပါဘူး။ အခု ကျွန်တော်တို့ ပြန်လည်ပြုပြင်လာတာ အဆူ ၃၀ နီးပါးပြီးသွားပါပြီ။ ဆက်လက်ပြီး ဆောင် ရွက်နေပါတယ်” ဟု ညွှန်ကြားရေးမှူး ဦးကျော် မျိုးဝင်းက ပြောကြားသည်။
ထို့ပြင် ရာသီဥတုဒဏ်ကြောင့် ထိခိုက်မှု ဖြစ်ပွားခဲ့သည့် အချို့ဘုရားစေတီများကို လည်း ခွင့်ပြုချက်ရရှိပြီဖြစ်သည့်အတွက် ပြု ပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်နေပြီဖြစ် ကြောင်း သိရသည်။ နှစ်စဉ် မိုးရာသီကာလ တွင် ပုဂံ-ရှေးဟောင်းယဉ် ကျေးမှုအမွေအနှစ် ဇုန်ထဲရှိ ဘုရားစေ တီ၊ အဆောက်အအုံအချို့ မိုးဒဏ်သင့်ကာ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ် လျက်ရှိကြောင်း သိရသည်။















