စစ်ကိုင်းမြို့နယ် အခြေခံပညာ မူလတန်းလွန်ကျောင်းအတွင်းရှိ ကျောင်းသုံးဗလာစာအုပ်များအပါအဝင်  သင်ထောက်ကူပစ္စည်းများ ဖျက်ဆီးခံရ

စစ်ကိုင်းမြို့နယ် အခြေခံပညာ မူလတန်းလွန်ကျောင်းအတွင်းရှိ ကျောင်းသုံးဗလာစာအုပ်များအပါအဝင်  သင်ထောက်ကူပစ္စည်းများ ဖျက်ဆီးခံရ
Published 7 June 2022

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် တစ်အိမ်တည်းကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းအတွင်းရှိ ကျောင်းသုံးဗလာစာအုပ်များအပါအဝင် သင်ထောက်ကူပစ္စည်းများ ဖျက်ဆီးခံခဲ့ရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး သတင်းထုတ်ပြန်ရေးအဖွဲ့က ဇွန် ၇ ရက်တွင် သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဇွန် ၅ ရက် ည ၁၁ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် တစ်အိမ်တည်းကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းသို့ အကြမ်းဖက်သမားများက ဝင်ရောက်ကာ စာသင်ခန်းများအတွင်းရှိ ကျောင်းသုံးဗလာစာအုပ်များ၊ ပုံနှိပ်စာအုပ်များ၊ ခဲတံများနှင့် သင်ထောက်ကူပစ္စည်းများကို ဖျက်ဆီးခဲ့ပြီး ဆရာ၊ ဆရာမများအား ဆဲဆိုထားသည့် စာသားများ ရေးသားနှောင့်ယှက်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းဖြစ်စဉ်တွင် ကျူးလွန်သူများအား ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျောင်းသုံးပုံနှိပ်စာအုပ်များ ဖြန့်ဝေရာတွင် ၂၀၂၁-၂၂ ပညာသင်နှစ်၌ မီးရှို့ဖျက်ဆီးခြင်းနှင့် လုယက်ယူဆောင်ခြင်းဖြစ်စဉ် ၂၄ ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုအနေဖြင့် ကာလတန်ဖိုး ၅၉၄ သိန်းကျော် ဆုံးရှုံးခဲ့ကြောင်း နစက ကထုတ်ပြန်ထားသည်။

Most Read

Most Recent