ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် UWSP ဒုတိယဥက္ကဋ္ဌဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ သုံးရက်တာ ဆွေးနွေးညှိနှိုင်းသဘောတူညီချက်များကို လက်မှတ်ရေးထိုး

ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် UWSP ဒုတိယဥက္ကဋ္ဌဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ သုံးရက်တာ ဆွေးနွေးညှိနှိုင်းသဘောတူညီချက်များကို လက်မှတ်ရေးထိုး
ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် UWSP ဒုတိယဥက္ကဋ္ဌဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးစဉ်
ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် UWSP ဒုတိယဥက္ကဋ္ဌဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးစဉ်
Published 2 June 2022

နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့နှင့် “၀” ပြည်သွေးစည်းညီညွတ်ရေး ပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကုဦး ဆောင်သောကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေး နွေးခဲ့ပြီးနောက် သုံးရက်တာ ဆွေးနွေးညှိနှိုင်း သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ဇွန် ၁ ရက်က နိုင်ငံတော်၏ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် “၀” ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌဦးလော့ယာကုဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တို့သည် နေပြည်တော်ရှိ အမျိုးသားစည်း လုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာနအစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့နှင့် “၀” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌဦးလော့ယာကုဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့့  တွေ့ဆုံဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အထွေထွေကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပြီး သုံးရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ  သဘောတူညီချက်များကိုအတည်ပြုလက်မှတ် ရေးထိုးခဲ့ကြကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့နောက် “၀” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌဦးလော့ယာကုနှင့် နိုင်ငံတာ်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင်ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် တို့က နိဂုံးချုပ်အမှာစကားများ ပြောကြားခဲ့ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး၊ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊အဖွဲ့ဝင်များဖြစ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူးဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်နှင့်  UWSP ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကုနှင့်အတူ ဆွေးနွေးရေးဒုတိယအဖွဲ့ခေါင်းဆောင်များဖြစ်ကြသည့် ပြင်ပဆက်ဆံရေး ဒုဌာနကြီးမှူးဦးပေါင်အိုက်ကော်နှင့် ပြင်ပဆက်ဆံရေးဌာန၊လာရှိုးမြို့ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းတို့ တက်ရောက်ခဲ့ကြောင်း သတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်ခဲ့သည်။        

Most Read

Most Recent