စီးရီးအေချန်ပီယံ အေစီမီလန်အသင်းကို အင်တာမီလန်ဥက္ကဋ္ဌ စတီဖင်ကျန်း ဂုဏ်ပြု

စီးရီးအေချန်ပီယံ အေစီမီလန်အသင်းကို အင်တာမီလန်ဥက္ကဋ္ဌ စတီဖင်ကျန်း ဂုဏ်ပြု
Photo: Serie A
Photo: Serie A
Published 26 May 2022

အင်တာမီလန်အသင်းဥက္ကဋ္ဌ စတီဖင်ကျန်းက စီးရီးအေချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည့် မြို့ခံပြိုင်ဘက် အေစီမီလန်အသင်းကို ချီးကျူးဂုဏ်ပြုခဲ့သည်။

''ကျွန်တော်တို့ အသင်း စီးရီးအေချန်ပီယံဆုနဲ့ လွဲချော်ခဲ့ပေမဲ့ နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်ခဲ့ပါတယ်။ အေစီမီလန်အသင်းနဲ့ ပြိုင်ဘက်အသင်းအားလုံးကို ကျွန်တော် ဂုဏ်ပြုပါတယ်။ ကျွန်တော်တို့အသင်းပရိသတ်တွေလည်း ပြီးခဲ့တဲ့ရာသီ  အင်တာမီလန်ရဲ့ စွမ်းဆောင်ရည်အတွက် ကျေနပ်နေမယ်လို့ ယုံကြည်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့အတွက် အမှတ်ရစရာနှစ်ပါ'' ဟု စတီဖင်ကျန်းက ပြောကြားခဲ့သည်။

ယခုအောင်ပွဲကြောင့် အေစီမီလန်အသင်းသည် စီးရီးအေချန်ပီယံဆု (၁၉)ကြိမ်မြောက်ရရှိပြီး မြို့ခံပြိုင်ဘက်အင်တာမီလန်အသင်းကို လိုက်မီသွားခဲ့သည်။

Most Read

Most Recent