ပရီးမီးယားလိဂ်ပွဲစဉ် (၃၈) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် (၃၈) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 22 May 2022

အာဆင်နယ် - အဲဗာတန် (တနင်္ဂနွေည ၉း၃၀ နာရီ)

ဒီရာသီ အဲဗာတန်အသင်းရဲ့အဝေးကွင်းရလဒ်တွေက စိတ်ပျက်စရာဖြစ်တယ်။  မနှစ်က အဲဗာတန်က အာဆင်နယ်ကို နှစ်ကျော့စလုံးအနိုင်ကစားခဲ့ဖူးပြီး ဒီရာသီမှာတော့ အဲဗာတန်အသင်း ခြေစွမ်းကျဆင်းနေတာ၊ အာဆင်နယ်ကလည်း လက်ကျန်မျှော်လင့် ချက်ငွေ့ငွေ့အတွက်အနိုင်ကစားရမှာဖြစ်တာကြောင့် အာဆင်နယ်ကိုကြိုက်တယ်။ 

ဘရန့်ဖို့ဒ် - လိဒ်စ် (တနင်္ဂနွေည ၉း၃၀ နာရီ)

ဘရန့်ဖို့ဒ်အသင်းက အံ့သြစရာကောင်းလောက်အောင်ပဲ အမှတ်မလိုဘဲနဲ့ အမှတ်လို နေတဲ့အသင်းတွေကို တောက်လျှောက်ဒုက္ခပေးခဲ့တယ်။ ဒီပွဲမှာလည်း လိဒ်စ်အသင်းရဲ့ သေရေးရှင်ရေးအခြေအနေဖြစ်နေသည့်တိုင်အောင် ဘရန့်ဖို့ဒ်က အားထည့်ကစားမှာပဲ လို့ ယူဆရတယ်။  လိဒ်စ်အသင်းရဲ့လက်ရှိခြေစွမ်းကလည်း အားရစရာမရှိလို့ ဘရန့်ဖို့ဒ် အသင်း နိုင်ပွဲယူသွားဦးမယ်ထင်တယ်။ 

ဘရိုက်တန် - ဝက်စ်ဟမ်း (တနင်္ဂနွေည ၉း၃၀ နာရီ)

ဝက်စ်ဟမ်းက မန်ချက်စတာယူနိုက်တက်ကို ကျော်တက်ဖို့အတွက် ဒီပွဲကို မဖြစ် မနေအနိုင်ကစားရမယ်။ ဒါတောင် မန်ယူအသင်းရဲ့ရလဒ်အပေါ် မူတည်ပါသေးတယ်။ ဘာ ပဲဖြစ်ဖြစ် သေချာပေါက်  အမှတ်ရှာဖွေရမယ့်ပွဲတစ်ပွဲမှာ ဘရိုက်တန်လည်း  ခြေစွမ်းကောင်း၊ ရလဒ်တွေကောင်းနေသည့်တိုင် ဝက်စ်ဟမ်းဆီက အမှတ်လွယ်လွယ်မရနိုင်ပါဘူး။ သရေ ကျသွားဖို့တော့များတယ်။ 

ဘန်လေ - နယူးကာဆယ် (တနင်္ဂနွေည ၉း၃၀ နာရီ)

ဘန်လေအသင်းက တန်းဆင်းဇုန်ကနေ အလွတ်ရုန်းနိုင်ဖို့အတွက် အပြည့်အ၀ အားထုတ်မှာဖြစ်ပြီး နယူးကာဆယ်အသင်းကတော့ နောက်ဆုံးကစားခဲ့တဲ့ ပွဲမှာ အမှတ် လိုနေတဲ့ အာဆင်နယ်အသင်းကို အနိုင်ကစားသွားခဲ့တယ်။ ဒါပေမဲ့ အဝေးကွင်းပွဲနဲ့ အိမ် ကွင်းပွဲစဉ်တွေမှာ အမှတ်မလိုတဲ့အသင်းတွေအတွက် ခံယူချက်ကတော့ အနည်းငယ်ကွာ ခြားနိုင်ပါတယ်။ ဒီပွဲတော့ ဘန်လေကို ကြိုက်တယ်။ 

ချယ်လ်ဆီး - ဝက်ဖို့ဒ် (တနင်္ဂနွေည ၉း၃၀ နာရီ)

ချယ်လ်ဆီးအသင်းအတွက် သေချာပေါက်  (၃)မှတ်ယူမယ့်ပွဲဖြစ်တယ်။ အိမ်ကွင်းမှာ ပရိသတ်တွေ၊ ပိုင်ရှင်သစ်တွေနဲ့အတူ နိုင်ပွဲနဲ့ ရာသီပိတ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာ  ရခဲ့တာ၊ အဆင့် (၃)နေရာမှာအဆုံးသတ်နိုင်ခဲ့တာတွေအတွက် အောင်ပွဲခံရမယ့်ပွဲလည်း ဖြစ်တယ်။ လက်ရှိ ခြေစွမ်း၊ လူအင်အား၊ ကစားပုံ၊ ရလဒ်အစစအရာရာကွာခြားနေတဲ့ အ သင်းနှစ်သင်းဖြစ်ပြီး  ချယ်လ်ဆီး ဂိုးပြတ်သွင်းပါလိမ့်မယ်။ 

ခရစ္စတယ်ပဲလေ့စ် - မန်ယူ (တနင်္ဂနွေည ၉း၃၀ နာရီ)

မန်ချက်စတာယူနိုက်တက်အသင်းက အခုအချိန်အထိ ယူရိုပါလိဂ်ကစားရမှာလား၊ Confernence League ကစားရမှာလားဆိုတာ မသေချာသေးပါဘူး။ ဒီပွဲမှာသာ ရှုံးပွဲတွေ့ ပြီး  ဝက်စ်ဟမ်းအသင်းက အနိုင်ရခဲ့ရင် ယူရိုပါလိဂ်ဝင်ခွင့်တောင် မရဘူးဖြစ်သွားနိုင်တယ်။ ကစားရမယ့်အသင်းကလည်း မာကျောတဲ့ အသင်းဖြစ်သလို၊ ပဲလေ့စ်ရဲ့ကွင်းလည်းဖြစ် တယ်။ မန်ယူ  သရေလောက်တော့ ထိန်းကစားနိုင်မှာပါ။ 

လက်စတာ - ဆောက်သမ်တန် (တနင်္ဂနွေည ၉း၃၀ နာရီ)

လက်စတာအသင်းရော၊ ဆောက်သမ်တန်အသင်းရောက ဒီရာသီမှာ သူတို့ လုပ်နိုင် သလောက်မလုပ်နိုင်ခဲ့ကြတဲ့အသင်းတွေဖြစ်ပြီး ပရိသတ်တွေ စိတ်ပျက်ခဲ့ရတဲ့အသင်း တွေဖြစ်တယ်။ ရာသီပိတ်ကာလမှာတော့ လက်စတာအသင်းရဲ့ရလဒ်တွေ ပြန်တက်လာ တာတွေ့ရတယ်။ ဒီပွဲက အိမ်ကွင်းရာသီပိတ်ပွဲစဉ်ဖြစ်လို့ ပရိသတ်တွေကျေနပ်အောင် လက်စတာ  ရုန်းကန်ပါလိမ့်မယ်။ လက်စတာကိုကြိုက်တယ်။ 

လီဗာပူးလ် - ဝုလ်ဗ် (တနင်္ဂနွေည ၉း၃၀ နာရီ)

မန်စီးတီးအသင်းက လီဗာပူးလ်အသင်းခေါင်းဆောင်ဟောင်း စတီဗင်ဂျရတ်ရဲ့အက်စတွန်ဗီလာနဲ့ ကစားရမယ့် အချိန်မှာ လီဗာပူးလ်အသင်းကလည်း အသင်းကောင်းတစ်သင်းဖြစ်တဲ့ ဝုလ်ဗ်အသင်းကို အိမ်ကွင်းမှာပဲ လက်ခံကစားရလိမ့်မယ်။ ပြော ရရင်တော့ မန်စီးတီးထက်စာရင် လီဗာပူးလ်ကပွဲပိုကျပ်တယ်လို့ပဲ ဆိုရမယ်။ ဝုလ်ဗ်အသင်းက လက်တလောရလဒ်တွေဆိုးနေ တာမှန်ပေမဲ့ ပုံမှန်အားဖြင့်တော့ ကစားသမားကောင်းတွေနဲ့ စုဖွဲ့ထားတဲ့အသင်းတစ်သင်းဖြစ်တယ်။ ဝုလ်ဗ်ရဲ့ခံစစ်က ရာသီ အစကလို မာကျောမှုမျိုးကိုမတွေ့ရတော့တာကတော့ လီဗာပူးလ်အသင်းရဲ့တိုက်စစ်က ဂိုးရဖို့ အခက်အခဲမရှိစေမယ့် အခြေ အနေဖြစ်တယ်။ လီဗာပူးလ်အသင်းရဲ့တိုက်စစ်ပိုင်းက အဓိက ကစားသမားတွေကို ဝုလ်ဗ်အသင်းထိန်းချုပ်နိုင်ဖို့ဆိုတာ ခက် ခဲပါတယ်။ လီဗာပူးလ်ပဲ နိုင်ပွဲရလိမ့်မယ်။ 

မန်စီးတီး - အက်စတွန်ဗီလာ (တနင်္ဂနွေည ၉း၃၀ နာရီ)

မန်ချက်စတာစီးတီးအသင်းက ချန်ပီယံဆုအတွက် အရေးပါတဲ့ ရာသီပိတ်ပွဲစဉ်ကို အိမ်ကွင်းမှာ ကစားခွင့်ရတာ ကျေနပ် စရာဖြစ်တယ်။ တကယ်လို့သာ အက်စတွန်ဗီလာကွင်းမှာ ကစားရမယ်ဆိုရင် ပုံမှန်အတိုင်းဆိုရင် အနိုင်ယူဖို့ မခက်ပေမဲ့ ဖိ အားတွေအောက်မှာဆိုရင်တော့ အစွမ်းကုန်ရုန်းကန်မယ့်အသင်းတစ်သင်းကို အနိုင်ရဖို့ဆိုတာ တကယ်မလွယ်ကူပါဘူး။ အက်စတွန်ဗီလာအသင်းအတွက်တော့ အသင်းနည်းပြ ဂျရတ်ရဲ့အိပ်မက်ကို အကောင်အထည်ဖော်ပေးရမယ့် သဘောဖြစ်  ပြီး လီဗာပူးလ်အသင်းရဲ့အမှတ်ပေးချန်ပီယံအိပ်မက်အတွက် ဂျရတ် ဘယ်လောက်အထိ ကူညီပေးနိုင်မလဲဆိုတာကိုလည်း စောင့်ကြည့်ရမယ်။ အက်စတွန်ဗီလာရဲ့လီဗာပူးလ်ကစားသမားဟောင်းတွေဖြစ်တဲ့ ကော်တင်ဟို၊ ဒန်နီအင့်စ်တို့ကလည်း အ စွမ်းကုန် ရုန်းကန်ကြမှာ သေချာတယ်။ ဒါပေမဲ့ မန်စီးတီးကို ဗီလာတားဆီးနိုင်မယ်မထင်ပါဘူး။ မန်စီးတီးပဲ နိုင်လိမ့်မယ်။ 

နောဝစ်ချ် - စပါး (တနင်္ဂနွေည ၉း၃၀ နာရီ)

စပါးအသင်းအတွက်တော့ ဒီတစ်ရာသီလုံးရဲ့အရေးအကြီးဆုံးပွဲအဖြစ် အဝေးကွင်း ပွဲစဉ်မှာ ကစားရမှာဖြစ်ပြီး အမှားမခံတဲ့ ပွဲလည်းဖြစ်တယ်။ အရေးကြီးတာက သရေရလဒ်  အနည်းဆုံးရဖို့ ဖြစ်ပြီး နောဝစ်ချ်အသင်းရဲ့ခြေစွမ်းက အားရစရာမရှိတာ၊ တန်းဆင်းပြီး သားအသင်းဖြစ်နေတာတွေက စပါးအသင်းကို အားသာစေတဲ့အချက်တွေပါ။ စပါးပဲ အ နိုင်ကစားသွားလိမ့်မယ်ထင်တယ်။ 

Most Read

Most Recent