စီးရီးအေပွဲစဉ် (၃၈) ပွဲကြိုသုံးသပ်ချက်

စီးရီးအေပွဲစဉ် (၃၈) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 22 May 2022

 

■ စပီဇီယာ နှင့် နာပိုလီ (တနင်္ဂနွေညနေ ၅းဝ၀)

ဘာဖိအား၊ ဘာမျှော်လင့်ချက်မှ မရှိတဲ့အသင်းတွေ ထိပ်တိုက်တွေ့ဆုံတဲ့ပွဲဖြစ်ပြီး နာပိုလီကတော့ နောက်ဆုံး (၃)ပွဲဆက် အနိုင်ရထားတယ်။ အဲဒီ (၃)ပွဲမှာ (၁၀)ဂိုးအထိ သွင်းနိုင်ခဲ့တဲ့ နာပိုလီရဲ့ တိုက်စစ်ကစားပုံကလည်း အားရစရာကောင်းခဲ့ပါတယ်။ စပီဇီ

ယာကတော့ ပြီးခဲ့တဲ့ အူဒီးနီးစ်နဲ့ ပွဲရောက်မှ နိုင်ပွဲ ပြန်ရခဲ့တယ်။ လက်ရှိပုံစံအရ နာပိုလီက အစစအရာရာသာတယ်ဆိုပေမဲ့ အိမ်ရှင်ကိုပဲ အရဲစွန့်ရွေးချယ်ချင်ပါတယ်။

■ အင်တာမီလန် နှင့် ဆမ်ဒိုးရီးယား (တနင်္ဂနွေည ၁ဝး၃၀)

ဆမ်ဒိုးရီးယားက တန်းဆင်းအန္တရာယ်မရှိသလို၊ ဘာမျှော်လင့်ချက်မှာလည်း မရှိပါ ဘူး။ အင်တာမီလန်ကတော့ အေစီမီလန်အဝေးကွင်းကစားရချိန်မှာ ကိုယ့်အလုပ်ကိုယ်အကောင်းဆုံး လုပ်နိုင်ဖို့ ပြင်ဆင်လာလိမ့်မယ်။ ဒါ့အပြင် အင်တာမီလန်ရဲ့ တိုက်စစ်က

နောက်ပိုင်းပွဲတွေမှာ အားရဖို့ ပိုကောင်းလာတာလည်း တွေ့ရတယ်။ အင်တာမီလန် အိမ်ကွင်းမှာ အနိုင်ရလဒ်နဲ့ ရာသီပိတ်ပါလိမ့်မယ်။

■ ဆာဆူအိုလို နှင့် အေစီမီလန် (တနင်္ဂနွေည ၁ဝး၃၀)

အေစီမီလန်က အင်တာမီလန်ကို Head to Head အသာရရှိထားတာကြောင့် ဒီပွဲမှာ ချန်ပီယံဖြစ်ဖို့ သရေတစ်မှတ်ပဲ လိုတော့မယ်။ ဒါပေမဲ့ ဆာဆူအိုလိုက အိမ်ကွင်းဆိုရင် တိုက်စစ်ကစားအားကောင်းတတ်ပြီး ဂိုးရအောင်လည်း ကစားတတ်တယ်။ ဒါပေမဲ့ ခံ

စစ်ကတော့ အားနည်းပါတယ်။ အေစီမီလန်ကတော့ အကောင်းဆုံးပုံစံရနေပြီး စီးရီးအေမှာ နောက်ဆုံး (၅)ပွဲ ဆက်အနိုင်ရခဲ့သလို၊ နောက်ဆုံး (၁၅)ပွဲဆက်လည်း မရှုံးခဲ့ဘူး။ ပထမအကျော့က ဆာဆူအိုလိုကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပေမဲ့ ဒီပွဲတော့ အေစီမီလ

န်အသင်း ချန်ပီယံဆုအတွက် အနိုင်ကစားမှာပါ။ နှစ်သင်းပေါင်းသွင်းဂိုး များနိုင်ပါတယ်။

■ အေစီမီလန်အသင်းသည် ဆာဆူအိုလိုကွင်း၌ ဧည့်သည်အဖြစ်သွားရောက်ကစားသည့် စီးရီးအေနောက်ဆုံး (၅)ပွဲဆက် အနိုင်ရရှိခဲ့ပြီး (၂)ဂိုးနှင့် အထက်သွင်းယူနိုင်သည့်ပွဲမှာလည်း (၄)ပွဲအထိ ရှိခဲ့သည်။

■ ဆလာနီတာနာ နှင့် အူဒီးနီးစ် (တနင်္လာနံနက် ၁း၃၀)

ဒုတိယရာသီဝက်မှာ တောက်လျှောက်ပုံစံကောင်းတွေ ပြခဲ့တဲ့ ဆလာနီတာနာအတွက် စီးရီးအေမှာ ရှင်သန်နိုင်ဖို့ အကောင်းဆုံး အခြေအနေကိုလည်း ရောက်နေပါပြီ။ အိမ်ကွင်းလည်း ဖြစ်လို့ ဆလာနီတာနာ အနိုင်ကစားပါလိမ့်မယ်။

■ ဗင်နီဇီယာ နှင့် ကာဂလီယာရီ (တနင်္လာနံနက် ၁း၃၀)

တန်းဆင်းသွားပြီဖြစ်တဲ့ ဗင်နီဇီယာအတွက် ဘာမျှော်လင့်ချက်မှ မရှိတဲ့ပွဲပါပဲ။ နောက်ဆုံး (၄)ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ ကာဂလီယာရီ နောက်ဆုံးမျှော်လင့်ချက်အတွက် နိုင်ပွဲရယူသွားပါလိမ့်မယ်။

Most Read

Most Recent