မကွေးတိုင်းဒေသကြီး မင်းဘူးနှင့် ဆင်ပေါင်ဝဲ မြို့နယ်များတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်အချို့ ပြိုလဲပြီး နေအိမ် ၇၀ ခန့် ခေါင်မိုးများလန်ခဲ့ကာ သစ်ပင်အချို့လဲပြို

မကွေးတိုင်းဒေသကြီး မင်းဘူးနှင့် ဆင်ပေါင်ဝဲ မြို့နယ်များတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်အချို့ ပြိုလဲပြီး နေအိမ် ၇၀ ခန့် ခေါင်မိုးများလန်ခဲ့ကာ သစ်ပင်အချို့လဲပြို
Published 21 April 2022
အောင်သူငြိမ်း

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်နှင့် ဆင်ပေါင်ဝဲမြို့နယ်များအတွင်း ဧပြီ ၂၀ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှု ကြောင့် လူနေအိမ်အချို့ပြိုလဲ၍ လူနေအိမ် ၇၀ ခန့် ခေါင်မိုးများလန်ခဲ့ပြီး သစ်ပင်အချို့ လဲပြိုခဲ့ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် မကွေး တိုင်းဒေသကြီး မင်းဘူး(စကု) မြို့နယ်အတွင်း လူနေအိမ် နှစ်လုံးပြိုလဲပြီး လူနေအိမ် အလုံး ၅၀ အမိုးလန်ပျက်စီးကာ လမ်းမများပေါ်တွင် သစ်ပင်အချို့လဲပြိုခဲ့ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် မင်းဘူးမြို့ အမှတ်(၁)ရပ်ကွက်မှ နေအိမ် နှစ်လုံး၊ စကုမြို့ အမှတ် (၁) ရပ်ကွက်မှ နေအိမ် လေးလုံး၊ ကံသာကျေးရွာမှ နေအိမ် လေးလုံး၊ ကံကုလား ကျေးရွာမှ နေအိမ်အလုံး ၃၀ ၊ တောင်မန်း ကျေးရွာမှ နေအိမ်တစ်လုံး၊ ကြာကန်ကျေးရွာ မှ နေအိမ် သုံးလုံး၊ ဆင်ခေါင်းကျေးရွာမှ နေ အိမ် လေးလုံး၊ ကျောက်တန်းကျေးရွာမှ နေ အိမ်တစ်လုံးနှင့် ကဒီးကျေးရွာတွင် နေအိမ် နှစ်လုံး ပြိုလဲကာ နေအိမ်တစ်လုံးအမိုးလန်ပျက်စီးခဲ့ကြောင်း မင်းဘူး (စကု) မြို့နယ် အတွင်း လမ်းမများတွင် ဓာတ်တိုင်နှင့် သစ် ပင်အချို့လည်း လဲပြိုခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင် ပေါင်ဝဲမြို့နယ်အတွင်းတွင်လည်း မိုးသက် လေပြင်းတိုက်ခတ်မှုကြောင့် အမှတ်(၁)ရပ် ကွက်တွင် လူနေအိမ်လေးလုံး၊ အမှတ်(၃) ရပ်ကွက်တွင် လူနေအိမ်နှစ်လုံး၊ ကျွန်း၊ လွန်ချီ၊ ကျောက်ဖြူတောင်၊ မကြီးကုန်း၊ ညောင်လှ ကျေးရွာများတွင် လူနေအိမ် တစ်လုံးစီ အမိုး လန်ခြင်း၊ မွှန်းညောင်ပင်သာကျေးရွာတွင် ကျေးလက်ကျန်းမာရေးဆေးပေးခန်း အ ဆောက်အအုံဟောင်းအမိုးလန်ခြင်း၊ ကံလှ ကျေးရွာနှင့် ကန်လည်ကုန်းကျေးရွာများတွင် လူနေအိမ်တစ်လုံးစီ အမိုးများလန်ခဲ့ကြောင်း၊ ထို့ပြင် မြို့ပေါ်ရပ်ကွက်များ၏ လမ်းမအချို့ နှင့် ဌာနဆိုင်ရာဝင်းအချို့အတွင်း သစ်ပင်လဲ ပြိုမှုများ ရှိခဲ့ကြောင်း သိရသည်။

အဆိုပါပျက်စီးမှုများအား သက်ဆိုင် ရာတာဝန်ရှိသူများက ရှင်းလင်းရေးများ ဆောင်ရွက်ပေးခဲ့ပြီး သဘာဝဘေးအန္တရာယ် ဆိုင်ရာ ကူညီထောက်ပံ့မှုများပေးအပ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent