ဟော်လန်းမှာ မန်စီးတီးအသင်းအတွက် ဆိုးရွားသည့်ခေါ်ယူမှု ဖြစ်လိမ့်မည်ဟု ဒေါ့မွန်ပရိသတ်များ မှတ်ချက်ပြု

ဟော်လန်းမှာ မန်စီးတီးအသင်းအတွက် ဆိုးရွားသည့်ခေါ်ယူမှု ဖြစ်လိမ့်မည်ဟု ဒေါ့မွန်ပရိသတ်များ မှတ်ချက်ပြု
Photo: Getty Images
Photo: Getty Images
Published 21 April 2022

ဒေါ့မွန်အသင်းပရိသတ်များက ဟော်လန်းမှာ မန်စီးတီးအတွက် ဆိုးရွားသည့်ကစားသမားခေါ်ယူမှု ဖြစ်လာလိမ့်မည်ဟု လူမှုကွန်ရက်တွင် မှတ်ချက်များ ရေးသားခဲ့ကြသည်။

မန်စီးတီးအသင်းသည် ဒေါ့မွန်တိုက်စစ်မှူး ဟော်လန်းအား လာမည့်နွေရာသီတွင် ပရီးမီးယားလိဂ်စံချိန်တင် လစာဖြင့် ခေါ်ယူရန် မူအားဖြင့် သဘောတူညီမှုရခဲ့ပြီဟု ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့ပြီးနောက် ဒေါ့မွန်ပရိသတ်များက ယခုကဲ့သို့ မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

ဒေါ့မွန်ပရိသတ်တစ်ဦးက '' ဟော်လန်းက မန်စီးတီးအတွက် ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးရှင် ဂရီးလစ်ရှ်ထက် ဆိုးရွားတဲ့ ခေါ်ယူမှုဖြစ်လိမ့်မယ်။ ဒဏ်ရာတွေ ရပြီးကတည်းက သူဟာ အရင်လို မဟုတ်တော့ဘူး''ဟု ရေးသားခဲ့သလို၊ အခြားဒေါ့မွန်ပရိသတ်တစ်ဦးကလည်း ''ရယ်စရာတွေဖယ်ပြီး ပြောရမယ်ဆိုရင် ဟော်လန်းက ပါရမီရှင်ဖြစ်ပေမဲ့ တစ်ပတ်လစာ ပေါင် (၅၀၀၀၀၀) ကျော်ဆိုတာကတော့ သူ့ရဲ့ ဒဏ်ရာမှတ်တမ်းနဲ့တွက်ရင် များလွန်းပါတယ်''ဟု မှတ်ချက်ပြုခဲ့သည်။ 

Most Read

Most Recent