ဘီယဲလ်ဆာကို လိဒ်စ်ပရိသတ်အချို့ မျက်နှာပြည့်ကြော်ငြာဖြင့် ကျေးဇူးစကားဆို

ဘီယဲလ်ဆာကို လိဒ်စ်ပရိသတ်အချို့ မျက်နှာပြည့်ကြော်ငြာဖြင့် ကျေးဇူးစကားဆို
Photo: Lacapital
Photo: Lacapital
Published 18 April 2022

လိဒ်စ်ပရိသတ်အချို့သည် အာဂျင်တီးနားသတင်းစာတစ်စောင်တွင် မျက်နှာပြည့်ကြော်ငြာထည့်သွင်းကာ အသင်းနည်းပြဟောင်း ဘီယဲလ်ဆာကို ကလပ်အသင်းတွင် စွမ်းဆောင်ပေးခဲ့သည့်အရာများအတွက် ကျေးဇူးတင်စကားဆိုခဲ့ကြောင်း သိရသည်။

ဘီယဲလ်ဆာသည် လိဒ်စ်အသင်းကို လေးနှစ်နီးပါး ကိုင်တွယ်ခဲ့ကာ (၁၆)နှစ်ကြာ ဝေးကွာနေသည့် ပရီးမီးယားလိဂ်သို့ တန်းပြန်တက်စေရန် စွမ်းဆောင်ပေးခဲ့သော်လည်း ပြီးခဲ့သည့်ဖေဖော်ဝါရီလကမှ  ရလဒ်ဆိုးများကြောင့် အသင်းနှင့် လမ်းခွဲခဲ့ရခြင်းဖြစ်သည်။

လိဒ်စ်မြို့မှ လမ်းတစ်လမ်းကို Marcelo Bielsa Way ဟု အမည်ပေးကာ ဘီယဲလ်ဆာအား ဂုဏ်ပြုထားကြောင်းလည်း သိရသည်။

Most Read

Most Recent