မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ နယ်တွင် ALPHARD မော်တော်ယာဉ်အား သတင်းအရရှာဖွေရာ အဆိုပါ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ် ၁ ဒသမ ၃၅ ဘီလျံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ရှစ် သိန်းနှင့် ကတ်တမင်း ငါး ကီလိုတို့အား သိမ်း ဆည်းရမိခဲ့ကြောင်း CCDAC Myanmar ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
၂၀၂၂ ခုနှစ် ဧပြီလ ၄ ရက်နေ့ ညနေ ၆ နာရီအချိန်က မူးယစ်ဆေးဝါး တားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့တို့သည် အမရပူရမြို့နယ်၊ ရန်ကုန်-မန္တလေးသွားကားလမ်း၊ မိုင်တိုင် အမှတ်(၄၂၃/၁)နှင့် (၄၂၃/၂) ကြားတွင် မိတ္ထီလာမှ မန္တလေးဘက်သို့ စိုင်းခမ်းခိုင် မောင်းနှင်ကာ စိုင်းယီဆန် နှင့် လင်းဇော်ဦး တို့လိုက်ပါလာသော Toyota ALPHARD မော်တော်ယာဉ်ကို သတင်းအရရှာဖွေခဲ့ ကြောင်း သိရသည်။
အဆိုပါ ယာဉ်ပေါ်မှ ဒေသကာလ တန် ဖိုး ငွေကျပ် ၁ ဒသမ ၃၅ ဘီလျံ တန်ဖိုးရှိ စိတ် ကြွရူးသွပ်ဆေးပြားရှစ် သိန်းနှင့် ကတ်တမင်း ငါး ကီလိုတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ် ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ် (တောင် ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ် ဆောင်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
မူးယစ်ဆေးများ သိမ်းဆည်းရမိခြင်း နှင့်ပတ်သက်ပြီး၎င်းင်းတို့ကို ဥပဒေအရအရေး ယူထားရှိကြောင်းနှင့် ကွင်းဆက်ပြစ်မှုကျူး လွန်သူများအား ဆက်လက်စစ်ဆေးဖော် ထုတ်လျက်ရှိကြောင်း CCDAC Myanmar မှ ဆက်လက်သိရှိရသည်။