စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်း မြို့နယ်မှ ကလေးမြို့သို့ သွားရောက်သည့် အိမ်စီးမော်တော်ယာဉ်တစ်စီး ကလေးဝ-ယာကြီး ကားလမ်း သဲကြမ်းကျေးရွာအနီး လက်လုပမိုင်းတစ်လုံးပေါက်ကွဲထိမှန်ခဲ့ပြီး ယာဉ်ပေါ်ပါ ကလေးငယ်နှစ်ဦးအပါအဝင် ငါးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိကာ တစ်ဦးပျောက်ဆုံးနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
မင်းကင်းမြို့နယ်၊ အထက်စသာကျေး ရွာနေ ဦးစိုးရာဇာ(၂၉)နှစ်မောင်းနှင်ပြီး တစ်ရွာတည်းနေ မနွေးနွေးလင်း (၃၀)နှစ်၊ ဦးစိုး ရာဇာ၏ သမီးဖြစ်သူအသက်ငါးနှစ်အရွယ်ရှိ မရွှန်းလဲ့ဝေ၊ သားဖြစ်သူအသက်ခုနစ်အရွယ် မောင်ရဲရင့်သူ၊ မမိုး စန္ဒာမြင့်၊ သလာဘာကျေး ရွာနေ ကိုပြည့်ဖြိုးဝေ(၂၄)နှစ်နှင့်မင်းကင်း မြို့နယ်၊ အမှတ် (၂)ရပ်ကွက်နေ ဦးသန်းဝင်း မောင် (၃၀)နှစ်တို့လိုက်ပါလာသည့် ံသညိ Honda Fit ယာဉ်သည် ကလေးဝ-ယာကြီးကားလမ်း အတိုင်း မင်းကင်းမြို့မှ ကလေးမြို့သို့ထွက်ခွာ လာစဉ် ဧပြီ ၅ ရက် မွန်းလွဲ ၃ နာရီခန့်တွင် ကလေးဝမြို့နယ်၊ ကလေးဝ-ယာကြီးကား လမ်း မိုင်တိုင်အမှတ် ၁၀၂ မိုင်နှင့်၁၀၃ မိုင် ကြား သဲကြမ်းကျေးရွာအနီးသို့အရောက်၌ လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရသိရသည်။
ယင်းလက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် ကိုစိုးရာဇာ၊ ကိုပြည့ဖြိုးဝေ၊ မနွေးနွေးလင်း၊ မောင်ရဲရင့်သူ နှင့်မရွှန်းလဲ့ဝေတို့သည် မိုင်းစ ထိမှန်ဒဏ်ရာများကြောင့်နေရာတွင် သေဆုံး ခဲ့ပြီး ဦးသန်းဝင်းမောင်တွင် မိုင်းစထိမှန် ဒဏ် ရာရရှိခဲ့သဖြင့်ဆေးဝါးကုသနိုင်ရေးကလေးဝ မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားရှိ ကြောင်း၊ မမိုးစန္ဒာမြင့်မှာ ပျောက်ဆုံးလျက်ရှိကြောင်းနှင့်မိုင်းထိမှန်မှုကြောင့် မော်တော် ယာဉ်သည် ကြေမွပျက်စီးသွားကြောင်းသိ ရသည်။















