ချယ်လ်ဆီး - ရီးယဲလ်မက်ဒရစ် (ကြာသပတေးနံနက် ၁း၃၀ နာရီ)
ချယ်လ်ဆီးအသင်းက ဒီပွဲမတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ မထင်မှတ်ဘဲ ဂိုးပြတ်ရှုံးခဲ့တာတွေ့ရတယ်။ ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီက အသင်းဟောင်းနဲ့ ပြန်ဆုံတွေ့နေတာဖြစ်ပြီး နှစ်သင်းစလုံးရဲ့ Current Form က အားရစရာပါ။ ဒါပေမဲ့ ရီးယဲလ်မက်ဒရစ်က ဘာစီလိုနာအသင်းနဲ့ ကစားခဲ့တဲ့ပွဲတုန်းက ကွင်းလယ်ပျက်သွားပြီးနောက် ပိုင်း အခက်အခဲတွေ့ခဲ့တယ်။ ချယ်လ်ဆီးကလည်း ပွဲကို ကောင်းကောင်းထိန်းချုပ်ကစားတတ်တဲ့အသင်းမျိုးဖြစ်ပြီး ဟာဗက်ဇ်၊ ဗာနာ၊ လူကာကူ၊ ဇီယာ့ရှ်၊ ပူလီဆစ်တို့ရဲ့ တိုက်စစ်ကို ရီးယဲလ်ခက်ခက်ခဲခဲ ကာကွယ်ရလိမ့်မယ်ထင်တယ်။ ချယ်လ်ဆီးအိမ် ကွင်းလည်းဖြစ်နေလို့ ချယ်လ်ဆီးကိုကြိုက်တယ်။
ဗီလာရီးယဲလ် - ဘိုင်ယန်မြူးနစ် (ကြာသပတေးနံနက် ၁း၃၀ နာရီ)
ဗီလာရီးယဲလ်ရဲ့ ခြေစွမ်းက သာမန်အဆင့်ထက် နည်း နည်းပိုကောင်းရုံပါပဲ။ ဒါပေမဲ့ တူရင်မြေမှာ ဂျူဗင်တပ်စ်အသင်း ကို မထင်မှတ်ဘဲ ဂိုးပြတ်အနိုင်ရခဲ့တာက အံ့သြစရာဖြစ်တယ်။ ပုံမှန်အားဖြင့်ဆိုရင် ဗီလာရီးယဲလ်က ဒီလောက်စိတ်ဝင်စားစရာ မကောင်းသလို ဘိုင်ယန်မြူးနစ်လို ပြိုင်ဘက်မျိုးနဲ့ ကစားရချိန် မှာလည်း အများကြီး လုပ်ပြနိုင်လိမ့်မယ်လို့ မထင်ဘူး။ ဒါကြောင့် ဗီလာရီးယဲလ်ကွင်းဆိုပေမဲ့ ဘိုင်ယန်မြူးနစ်ကိုပဲ ကြိုက်တယ်။ ဘိုင်ယန် နိုင်ပွဲယူလိမ့်မယ်။