မြန်မာအမျိုးသမီးအသင်း ဖီဖာ ထုတ်ပြန်သည့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်၌ မြင့်တက်

မြန်မာအမျိုးသမီးအသင်း ဖီဖာ ထုတ်ပြန်သည့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်၌ မြင့်တက်
Photo: AFC
Photo: AFC
Published 28 March 2022

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ကမ္ဘာ့ဘောလုံးအဖွဲ ့ချုပ်(ဖီဖာ) ကနောက်ဆုံးထုတ်ပြန်သည့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မြင့်တက်လာကြောင်း သိရသည်။

ဖီဖာသည် ပြီးခဲ့သည့် မတ်(၂၅) ရက်က အမျိုးသမီးလက်ရွေးစင်အသင်းများအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်များကို ထုတ်ပြန်ခဲ့ရာ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ကမ္ဘာ့အဆင့်(၄၅)၊ အာရှအဆင့်(၉)၊ အာဆီယံအဆင့်(၃) နေရာတို ့တွင် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

ဖီဖာသည် ယခုတစ်ကြိမ်မတိုင်မီ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာအတွင်းက အမျိုးသမီးလက်ရွေးစင်အသင်းများအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်များကို နောက်ဆုံးထုတ်ပြန်ထားခဲ့သည်။

ဒီဇင်ဘာက ထုတ်ပြန်မှုတွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းမှာ ကမ္ဘာ့အဆင့်(၄၇)၊ အာရှအဆင့်(၁၀) နေရာတို ့တွင်ရပ်တည်ခဲ့၍ ယခုနောက်ဆုံးထုတ်ပြန်မှုအရ ကမ္ဘာ့အဆင့်တွင် (၂) ဆင့်၊ အာရှအဆင့်တွင်(၁) ဆင့် တိုးလာခြင်းဖြစ်သည်။

Most Read

Most Recent