လာလီဂါထိပ်သီးနှစ်သင်းဖြစ်သည့် ရီးယဲလ်နှင့် ဘာစီလိုနာအသင်းတို့သည် အာဆင်နယ်အသင်းမှ စကော့တလန်နောက်ခံလူ တီယာနေးကို ခေါ်ယူရန် အပြိုင်စိတ်ဝင်စားနေကြောင်း သိရသည်။
ဘာစီလိုနာအသင်းက တီယာနေး(၂၄ နှစ်)ကို စောင့်ကြည့်ရန် ကင်းထောက်စေလွှတ်ထားသလို၊ ရီးယဲလ်အသင်းကလည်း ဆာကာအတွက် စေလွှတ်ထားသည့် ကင်းထောက်က တီယာနေးကိုလည်း ခေါ်ယူသင့်ကြောင်း အန်ဆယ်လော့တီထံ တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ငွေကြေး ပိုမိုသုံးစွဲနိုင်ဖွယ်ရှိသည့် ရီးယဲလ်အသင်းက တီယာနေးအတွက် ပေါင်သန်း(၅၀)ဖြင့် ကမ်းလှမ်းသွားရန် စီစဉ်နေပြီး အာဆင်နယ်အသင်းအနေဖြင့် ထိန်းသိမ်းနိုင်ရန် ခက်ခဲဖွယ်ရှိနေကြောင်း သိရသည်။