စပါးနည်းပြ ကွန်တီက နိုင်ငံတကာပွဲများကြောင့် ကလပ်အသင်းပြိုင်ပွဲများကို ရပ်နားခဲ့ရခြင်းက မိမိတို့ကို အနှောင့်အယှက်ဖြစ်စေသည်ဟု ပြောကြားခဲ့သည်။
စပါးအသင်းသည် လက်ရှိအချိန်တွင် နိုင်ငံတကာပွဲများ သွားရောက်ကစားနေသည့် ကစားသမားများကြောင့် ပထမအသင်းမှ ကစားသမား(၅)ဦးသာ အသင်းတွင် လေ့ကျင့်မှုပြုလုပ်နိုင်ကြောင်း သိရသည်။
ထို့ပြင် စပါးအသင်း ပုံစံကောင်းပြသနေချိန်တွင် နိုင်ငံတကာပွဲများကြောင့် ရပ်နားခဲ့ရခြင်းကိုလည်း ကွန်တီက စိတ်ပျက်နေခြင်းဖြစ်သည်။
ကွန်တီက နိုင်ငံတကာပွဲများမှ ပြန်လာသည့်ကစားသမားများကို အနားပေးရသည့် အစီအစဉ်များ သီးခြားပြုလုပ်ရခြင်းမှာလည်း အသင်းအတွက် လေ့ကျင့်ပြင်ဆင်ရာတွင် အနှောင့်အယှက်ဖြစ်စေသည်ဟု ဆိုခဲ့သည်။