■ ဘွန်ဒစ်လီဂါပွဲစဉ် (၂၅) ပွဲကြိုသုံးသပ်ချက် 

■ ဘွန်ဒစ်လီဂါပွဲစဉ် (၂၅) ပွဲကြိုသုံးသပ်ချက် 
Photo: Reuters
Photo: Reuters
Published 5 March 2022

ဘိုင်ယန်မြူးနစ် - လေဗာကူဆင် (မြန်မာစံတော်ချိန် မတ်လ ၅ ရက် ည ၉:၀၀ နာရီ)

ဘိုင်ယန်မြူးနစ်အသင်းအဖို့ အခုပွဲထက် ဆာလ်ဇ်ဘာ့ဂ်အသင်းနဲ့ကစားရမယ့် လာမယ့်ချန်ပီယံလိဂ်ပွဲက ပိုအရေးကြီးနေတာ စဉ်းစားရမယ့်အချက်ပါပဲ။ ထိပ်တိုက်တွေ့ဆုံမှုမှာတော့ နောက်ဆုံး(၅)ပွဲဆက် ဘိုင်ယန်တို့ အနိုင်ကစားခဲ့ပြီး (၄)ပွဲက ဂိုးပြတ်ခဲ့တာ တွေ့ရတယ်။ လေဗာကူဆင်ကတော့ ဂိုးသွင်းအားကောင်းနေပြီး နောက်ဆုံး(၇)ပွဲဆက်တိုက် အနိမ့်ဆုံး (၂)ဂိုးစီ သွင်းယူထားတယ်။ နောက်ဆုံးကစားထားတဲ့ (၆)ပွဲမှာလည်း မိန့်ဇ်ကို နောက်ကျဂိုးတွေနဲ့ အရေးနိမ့်ခဲ့တာကလွဲလို့ ကျန်တဲ့(၅)ပွဲစလုံး အနိုင်ကစားနိုင်ခဲ့ပါတယ်။ ဘိုင်ယန် နိုင်ပွဲဆက်နိုင်ပေမဲ့ ဂိုးမပြတ်လောက်ဘူး။



လိုက်ပ်ဇစ် - ဖရိုင်းဘတ် (မြန်မာစံတော်ချိန် မတ်လ ၅ ရက် ည ၉:၀၀ နာရီ)

လိုက်ပ်ဇစ်အသင်းက ယူရိုပါလိဂ်မှာ အလိုအလျောက် ကွာတားတက်သွားလို့ ဘွန်ဒစ်လီဂါဘက်ကို ပိုပြီးအားထည့်နိုင်မယ့်အခြေအနေရှိနေတယ်။ ဖရိုင်းဘတ် နိုင်ပွဲပြန်ဆက်နေပေမဲ့ လိုက်ပ်ဇစ်ပဲ အမှတ်ပြည့်ယူလိမ့်မယ်။



ဝုလ်ဖ်ဘတ် - အူန်ယွန်းဘာလင် (မြန်မာစံတော်ချိန် မတ်လ ၅ ရက် ည ၉:၀၀ နာရီ)

အူန်ယွန်းဘာလင်က ရှုံးပွဲဆက်မှုကို နိုင်ပွဲပြန်ယူထားနိုင်ခဲ့တယ်။ ဝုလ်ဖ်ဘတ်အသင်း ကြိုးစားကစားပေမဲ့ အူန်ယွန်းဘာလင်က စုဖွဲ့မှုအား ပိုကောင်းနေတယ်။ အူန်ယွန်းဘာလင် အမှတ်ရလိမ့်မယ်။



ဟာသာဘာလင် - ဖရန့်ဖတ် (မြန်မာစံတော်ချိန် မတ်လ ၅ ရက် ည ၉:၀၀ နာရီ)

ဟာသာဘာလင်အသင်း နိုင်ပွဲပျောက်တာ အတော်ကြာလာပြီး (၈)ပွဲဆက်ဖြစ်လာတယ်။ ဖရန့်ဖတ်အသင်း ဥရောပပွဲရှိလို့ ဟာသာဘာလင်ကိုပဲ ရွေးချယ်တာပိုကောင်းမယ်။



ဘိုဟုမ် - ဂရိုင်သာဖက်သ် (မြန်မာစံတော်ချိန် မတ်လ ၅ ရက် ည ၉:၀၀ နာရီ)

ဂရိုင်သာဖက်သ်အသင်း ကြိုးစားကစားနေပေမဲ့ ဒီရာသီ အဝေးကွင်းပွဲတွေမှာ (၁)ပွဲသာသရေကျပြီး ပွဲတိုင်းရှုံးထားခဲ့တယ်။ ဘိုဟုမ်ပဲ နိုင်ဖို့များတယ်။



စတုဂတ် - မိုချန်ဂလာဘတ် (မြန်မာစံတော်ချိန် မတ်လ ၅ ရက် ည ၁၂:၀၀ နာရီ)

စတုဂတ်က အမှတ်ပေးပွဲ(၉)ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားတဲ့အသင်းပါ။ မိုချန်ဂလာဘတ် ခြေမမှန်ပေမဲ့ ဒီပွဲကိုတော့ အနိမ့်ဆုံးသရေကစားလိမ့်မယ်။

Most Read

Most Recent