ဦးဖြိုးမင်းသိန်း၏ ထွက်ဆိုချက်အရ ဒေါ်​အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲထားသည့်အမှုအား စွဲချက်တင်ကြောင်း အမိန့်ချမှတ်

ဦးဖြိုးမင်းသိန်း၏ ထွက်ဆိုချက်အရ ဒေါ်​အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲထားသည့်အမှုအား စွဲချက်တင်ကြောင်း အမိန့်ချမှတ်
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဖြိုးမင်းသိန်းတို့အား ရန်ကုန်လေဆိပ်တွင် ၂၀၁၉ ခုနှစ်က တွေ့ရစဉ်
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဖြိုးမင်းသိန်းတို့အား ရန်ကုန်လေဆိပ်တွင် ၂၀၁၉ ခုနှစ်က တွေ့ရစဉ်
Published 28 February 2022

ဒေါ်အောင်ဆန်းစုကြည်အား ရွှေနှင့် ဒေါ်လာများ ပေးခဲ့ရသည်ဆိုသော ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်းဦးဖြိုးမင်းသိန်း၏ ထွက်ဆိုချက်များအရ အဂတိလိုက်စားမှုတိုက်ဖျက်​​ရေးဥပ​​ဒေပုဒ်မ ၅၅ ဖြင့် ဒေါ်​အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုထားသည့်အမှုအား စွဲချက်တင်အမိန့်ချမှတ်ခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်​ပေါ်လာသည့် သတင်းများအရ သိရသည်။

​နေပြည်​တော်ကောင်စီဝန်းအတွင်းရှိ အထူးတရားရုံးတွင် ဖေ​ဖော်ဝါရီ ၂၈ ရက်က အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်​အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်​ရေး ဥပဒေများဖြင့် တရားစွဲဆိုထားသည့်အမှုများအား ရုံးထုတ်စစ်ဆေးခဲ့ပြီး အထက်ပါအမှုနှင့်ပတ်သက်၍ စွဲချက်တင်ကြောင်း အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

အထက်ပါဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်းဦးဖြိုးမင်းသိန်း၏ ထွက်ဆိုချက်ဖြင့်  တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှု အမှတ် (၂) အတွက် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်ရုံးချိန်းတွင် နှစ်ဖက်ရှေ့နေများက စွဲချက်တင်သင့် မသင့် လျှောက်လဲချက်ပေးခဲ့ကြ​ပြီး ဖေဖော်ဝါရီ ၂၈ ရက်ရုံးချိန်းတွင် ယင်းအမှုနှင့်ပတ်သက်၍ ​ဒေါ်အောင်ဆန်းစုကြည်အား စွဲချက်တင်ကြောင်း အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့စွဲချက်တင်ကြောင်း အမိန့်ချမှတ်မှုအပေါ် ယင်းအမှုနှင့်ပတ်သက်၍ ၎င်းတွင် အပြစ်မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရုံးတော်တွင် ငြင်းဆိုခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့်သတင်းများအရ သိရသည်။

အဆိုပါစွဲချက်တင်သည့် အမှုနှင့်ပတ်သက်၍ ပြန်ခေါ်သက်သေအဖြစ် ဦးဖြိုးမင်းသိန်းနှင့် ၎င်း၏ဇနီးဖြစ်သူ ​ဒေါ်ခင်မိမိကြွယ်၊ ဦးရဲထက်နှင့် ဦးမောင်မောင်ကြည်တို့အား တင်သွင်းထားကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့်သတင်းများအရ သိရသည်။

ဖေဖော်ဝါ ရီ ၂၈ ရက်ရုံးချိန်း၌ နေပြည်တော်တွင်​ ဒေါ်ခင်ကြည်ဖောင်းဒေးရှင်းအတွက် ​မြေနေရာများရယူမှု၊ ရန်ကုန်မြို့ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံးချုပ် ဖွင့်လှစ်ရန် မြေနေရာနှင့် အဆောက်အအုံငှားရမ်းမှု၊​ နေပြည်တော်လရောင်တောစီမံကိန်းတွင် တစ်ထပ်အဆောက်အအုံတစ်လုံး တည်ဆောက်ရာတွင် ယင်းအဆောက်အအုံသည် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရန်အတွက် ဖောင်ဒေးရှင်းသို့ အများပြည်သူလှူဒါန်းငွေဖြင့် အသုံးပြုတည်ဆောက်သည်ဆိုသည့်အမှုနှင့်ပတ်သက်၍ ​ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုတိုက်ဖျက်​ရေးဥပဒေများဖြင့် တရားစွဲဆိုထားသည့် အမှုများအတွက် တရားလိုပြသက်​သေနှစ်ဦးအား စစ်​ဆေးခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

ယင်းအမှုများနှင့်ပတ်သက်၍ မတ် ၇ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်အား ထပ်မံရုံးထုတ်စစ်​ဆေးရန် ချိန်းဆိုထား​ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

Most Read

Most Recent