ယူကရိန်းအား ရုရှား၏ ကျူးကျော်မှု သည် မြို့တော်ကိယက်ဗ်၏ လမ်းမများအထိ ရောက်ရှိလာချိန်တွင် Facebook က ၎င်းတို့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ်တွင် ရုရှားနိုင်ငံပိုင်မီဒီယာများ၏ အကျိုးအမြတ် ရှာဖွေ နိုင်စွမ်းကို ကန့်သတ်ထိန်းချုပ်လိုက်သည်။
“ကမ္ဘာပေါ်က ဘယ်လိုနေရာမျိုးမှာမဆို ကျွန် တော်တို့ရဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ် မှာ ရုရှားနိုင်ငံပိုင် မီဒီယာက ကြော်ငြာတာနဲ့ အကျိုးအမြတ် ရှာဖွေတာတွေကို ပိတ်ပင်သွား မှာ ဖြစ်ပါတယ်” ဟု ထိပ် တန်း ဆိုရှယ်မီဒီယာ တစ်ခုဖြစ်သည့် Facebook ၏ လုံခြုံရေး မူဝါဒဆိုင်ရာ အကြီးအကဲ ဖြစ်သူ နသန်နီရယ် ဂလယ်ချာက ဆိုသည်။
Facebook ၏ ပင်မကုမ္ပဏီဖြစ်သော Meta က ၎င်းတို့၏ ဆိုရှယ်မီဒီယာ ပလက်ဖောင်းများတွင် ရုရှား နိုင်ငံပိုင် မီဒီယာ အဖွဲ့အစည်း လေးခုက Facebook ပလက်ဖောင်းပေါ်တွင်တင်သည့် အကြောင်းအရာများကို စစ်ဆေးခြင်းနှင့် ခွဲခြားသတ်မှတ်ခြင်းများကို ရပ်တန့်ရန် ရုရှား အာဏာပိုင်များ၏ ညွှန်ကြားချက်ကို ငြင်းဆန် ခဲ့သည့်အတွက် ရုရှားက မိမိတို့၏ ဝန်ဆောင် မှုများကို ပိတ်ပင်ကန့်သတ်မှုများ လုပ်ဆောင် လာနိုင်သည်ဟု ဆိုသည်။
ယူကရိန်းအား ရုရှားက ကျူးကျော်မှုနှင့် ပတ်သက်၍ ဆိုရှယ် မီဒီယာတွင် အထင်မြင်မှားစေသော သတင်း အချက်အလက်များ ပျံ့နှံ့နေတတ်သော် လည်း ဆိုရှယ်မီဒီယာသည် ယူကရိန်းနှင့် ပတ်သက်သည့် နောက်ဆုံးရ သတင်းများ ကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်နိုင်သည့် နေရာတစ်ခုလည်းဖြစ်သည်။Ref: AFP














