အလုံမြို့နယ် သခင်မြပန်းခြံ အနီးရှိ YBS ဂိတ်တွင် ပေါက်ကွဲမှု ဖြစ်ပွားရာ YBS ယာဉ် လေးစီး ပျက်စီး

အလုံမြို့နယ် သခင်မြပန်းခြံ အနီးရှိ YBS ဂိတ်တွင် ပေါက်ကွဲမှု ဖြစ်ပွားရာ YBS ယာဉ် လေးစီး ပျက်စီး
Published 13 January 2022

အလုံမြို့နယ် သခင်မြပန်းခြံအနီးရှိ YBS ဂိတ်တွင် ဇန်နဝါရီ ၁၃ ရက် ၊ နံနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားရာ YBS ယာဉ်လေးစီးပျက်စီးခဲ့ကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

ဇန်နဝါရီ ၁၃ ရက် ၊ နံနက် ၄ နာရီခွဲကျော်ခန့်တွင် အလုံမြို့နယ် ၊ သခင်မြပန်းခြံလမ်း ၊ သခင်မြပန်းခြံဘေးတွင် ဂိတ်ထိုးထားသည့် YBS ၅၆ ယာဉ်ရှေ့ဘီးပေါ်တွင် တင်ထားသည့် အထုပ်တစ်ထုပ်မှ စတင်ကာ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း YBS ၅၆ ယာဉ်မောင်းများထံမှ သိရသည်။

“ယာဉ်မောင်းဘက်ခြမ်းက ရှေ့ဘီးပေါ်မှာ အထုပ်တင်သွားတာ။အဲ့ကနေစပြီးတော့ ပေါက်ကွဲတာ။ကံကောင်းတာက အဲ့ကားပေါ်မှာက ခြင်ထောင်ဘဲ ထောင်ထားပြီး ယာဉ်မောင်းက မအိပ်ဘူး။အဲ့ကားပေါ်က ယာဉ်မောင်းက နောက်ကားတစ်စီးပေါ်မှာ သွားအိပ်နေတာ။ယာဉ်ရှေ့ဘီးတော့ ပျက်ဆီးသွားတယ်)ဟု YBS ၅၆ ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

ပေါက်ကွဲမှုကြောင့် YBS ၅၆ နှစ်စီး နှင့် YBS ၅၇ နှစ်စီး စုစုပေါင်းလေးစီးပျက်စီးခဲ့ကြောင်း သိရသည်။

(ပေါက်ကွဲမှုဖြစ်လို့ YBS ၅၆ နှစ်စီး နဲ့ YBS ၅၇ နှစ်စီး ပျက်ဆီးသွားတယ်။အရမ်းကြီးကြီးမားမားပျက်စီးတာတော့ မရှိပါဘူး။လေကာမှန်ကွဲတာရယ် ကားဘီးပေါက်ကွဲတာရယ်ဘဲ ရှိတာပါ။လူတော့ ထိခိုက်မှုမရှိပါဘူး)ဟု YBS ၅၆ မောင်းနှင်သူတစ်ဦးက ပြောကြားသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သော်လည်း YBS ၅၆ နှစ်စီး နှင့် YBS ၅၇ မှ အခြားယာဉ်များမှာ ဆက်လက်ပြေးဆွဲလျှက်ရှိကြောင်း သိရသည်။

Most Read

Most Recent