ဆူဇူကီးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပထမအကျော့တွင် ထိုင်းအသင်း အနိုင်ရပြီး စင်ကာပူနှင့် အင်ဒိုနီးရှားအသင်း သရေကျ

ဆူဇူကီးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပထမအကျော့တွင် ထိုင်းအသင်း အနိုင်ရပြီး စင်ကာပူနှင့် အင်ဒိုနီးရှားအသင်း သရေကျ
Photo: Affsuzukicup
Photo: Affsuzukicup
Published 24 December 2021

၂၀၂၀ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်များကို ဒီဇင်ဘာ(၂၂၊ ၂၃)ရက်က ဆက်လက်ကျင်းပရာ  ထိုင်းအသင်း နိုင်ပွဲရရှိပြီး အိမ်ရှင်စင်ကာပူနှင့် အင်ဒိုနီးရှားအသင်းတို့ သရေကျခဲ့ကြောင်း သိရသည်။

ဆီမီးဖိုင်နယ် ပထမအကျော့တွင် ထိုင်းက လက်ရှိချန်ပီယံဗီယက်နမ်ကို (၂-၀) ဂိုးဖြင့် အနိုင်ရပြီး စင်ကာပူနှင့် အင်ဒိုနီးရှား အသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။

လက်ရှိချန်ပီယံ ဗီယက်နမ်အသင်းသည် ထိုင်းကို (၂)ဂိုးပြတ်အရေးနိမ့်ခဲ့သဖြင့် ဗိုလ်လုပွဲတက်ရောက်နိုင်ရန် အခွင့်အရေး နည်းသွားခဲ့သည်။

ထိုင်းအသင်းသည် ပထမပိုင်းသွင်းဂိုးများဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ပြီး (၃) ဂိုးပြတ်အနိုင်ရနိုင်မည့် အခွင့်အရေးခဲ့သော်လည်း အသင်းခေါင်းဆောင် ချာနာသစ် ပယ်နယ်တီဂိုးဝင်အောင် မသွင်းနိုင်သဖြင့် (၂)ဂိုး ဖြင့်သာ ကျေနပ်ခဲ့ရခြင်းဖြစ်သည်။

ချာနာသစ်သည် ယင်းပယ်နယ်တီမဝင်သဖြင့် ဟက်ထရစ်ရမည့်အခွင့်အရေး လွဲချော်ခဲ့ခြင်းဖြစ်သည်။

ထိုင်းအသင်းအတွက် အနိုင်ဂိုးများကို ချာနာသစ်က (၁၄၊ ၂၃)မိနစ်တွင် သွင်းယူခဲ့သည်။

အုပ်စုပွဲများတွင် ခြေစွမ်းပြခဲ့သည့် အင်ဒိုနီးရှားအသင်းသည် အိမ်ရှင်စင်ကာပူကို ဖိအားပေးကစားနိုင်ခဲ့ပြီး (၂၈)မိနစ်တွင် ဆူလီမန် သွင်းယူသည့်ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။

အိမ်ရှင်စင်ကာပူအသင်းသည် ဒုတိယပိုင်းတွင် ချေပဂိုးပြန်ရရန် ကြိုးပမ်းလာပြီး မိနစ် (၇၀)တွင် ဖန်ဒီက ဂိုးပြန်သွင်းခဲ့သည်။

ဆီမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် ဒီဇင်ဘာ (၂၅)ရက်တွင် အင်ဒိုနီးရှားအသင်းနှင့် အိမ်ရှင်စင်ကာပူအသင်း၊ ဒီဇင်ဘာ (၂၆) ရက်တွင် ထိုင်းအသင်းနှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 

Most Read

Most Recent