ရှမ်းပြည်နယ် ခိုလမ်မြို့၌ ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၅၈၀၀ ကျော်ရှိ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများဖျက်ဆီး

ရှမ်းပြည်နယ် ခိုလမ်မြို့၌ ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၅၈၀၀ ကျော်ရှိ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများဖျက်ဆီး
Published 18 December 2021

ရှမ်းပြည်နယ်(တောင်ပိုင်း)ခိုလမ်မြို့တွင် ခန့်မှန်းတန်ဖိုးကျပ်သိန်း ၅၈၀၀ ကျော်ရှိ မူးယစ်ဆေးဝါးချက်လုပ်ရာ၌ အသုံးပြုသည့် ဓာတုပစ္စည်းများ ဖျက်ဆီးခြင်းကို ဒီဇင်ဘာ ၁၇ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဖျက်ဆီးခဲ့သည့် ထိန်းချုပ်ဓာတုပစ္စည်းများမှာ ဟိုက်ဒရိုကလိုရစ်အက်ဆစ် ၁၉၁၉၉ ဒသမ ၄ လီတာ၊ အက်စီတုန်း၂၆၂၃၅  ဒသမ ၉ လီတာ၊ အီသိုင်းအက်စီတိတ် ၂၅၇၅၄ ဒသမ ၃၅ လီတာ၊ တော်လူအင်း ၃၆၇၉ ဒသမ ၄ လီတာ တိုြ့ဖစ်ကြောင်း သိရသည်။

အဆိုပါ  ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ ဖျက်ဆီးခြင်းကို ခိုလမ်-ကျိုင်းတောင်းသွားကားလမ်းဘေး၌ ပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်လှမိုးနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 အခမ်းအနားတွင် တိုင်းမှူးက ဓာတုပစ္စည်းများ ဖျက်ဆီးရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး လွိုင်လင်ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကံစော်လှိုင်က မူးယစ်ဆေးဝါး ချက်လုပ်ရာတွင်အသုံးပြုသည့် ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ၏ အမှုဖြစ်စဉ် အကျဉ်းအားဖတ်ကြားရှင်းကာ တိုင်းမှူးနှင့် တက်ရောက်လာသူများက ဖမ်းဆီးရမိသည့် ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအား လှည့်လည်ကြည့်ရှုပြီး မြေကျင်းထဲသို့ သွန်ချဖျက်ဆီးခဲ့ကြောင်း သိရသည်။

Most Read

Most Recent