ကမ္ဘာ့ဒေါ်လာစျေးအညွန်းကိန်း ၉၆ ပွိုင့်ဝန်းကျင်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၇၉၂ ကျပ်ဝန်းကျင်ရှိနေသော်လည်း ငွေလဲကောင်တာများတွင် တစ်ဒေါ်လာ ကျပ် ၁၉၀၀ ဝန်းကျင်ဖြင့် ရောင်းချနေ

ကမ္ဘာ့ဒေါ်လာစျေးအညွန်းကိန်း ၉၆ ပွိုင့်ဝန်းကျင်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၇၉၂ ကျပ်ဝန်းကျင်ရှိနေသော်လည်း ငွေလဲကောင်တာများတွင် တစ်ဒေါ်လာ ကျပ် ၁၉၀၀ ဝန်းကျင်ဖြင့် ရောင်းချနေ
Published 24 November 2021

နိုဝင်ဘာ၂၄ ရက်တွင် ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်း ၉၆ ပွိုင့်ဝန်းကျင်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာကျပ် ၁၇၉၂ ဝန်းကျင် ရှိနေသော်လည်း ငွေလဲကောင်တာများတွင် တစ်ဒေါ်လာ ၁၉၀၀ ဝန်းကျင်ဖြင့် ရောင်းချနေကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာကျပ် ၁၇၀၀ ကျော်ဝန်းကျင်သို့ ရောက်ရှိနေသော်လည်း ငွေလဲကောင်တာ အများစုတွင် ဒေါ်လာရောင်းချရာတွင် တစ်ဒေါ်လာ ၁၉၀၀ ကျပ် ဝန်းကျင်ဖြင့် ရောင်းချနေခြင်းဖြစ်သည်။

နိုင်ငံခြားငွေများ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်း ဆောင်ရွက်ရာတွင် ဗဟိုဘဏ်ရည်ညွှန်း ငွေလဲနှုန်း သုည ဒသအ ၅ % ဘောင်အတွင်း သတ်မှတ်ဆောင်ရွက်ရန် ဗဟိုဘဏ်က ညွှန်ကြားချက် ထုတ်ပြန်ပြီးနောက် စျေးကွက်အတွင်း တစ်ဒေါ်လာကျပ်  ၁၇၀ ခန့် စျေးပြန်ကျပြီး နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် တစ်ဒေါ်လာ ကျပ် ၁၇၈၀ ဝန်းကျင်ဖြင့် စျေးစတင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါသတ်မှတ်ချက်အား ကျော်လွန်ဆောင်ရွက်ပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု စည်းမျဉ်းတို့အရ အရေးယူမည်ဖြစ်ကြောင်း၊ ယင်းညွှန်ကြားချက်သည် ၂၀၂၁ ခုနှစ်  နိုဝင်ဘာ ၁၀ ရက်မှစ၍ အကျိုးသက်ရောက်စေမည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၄ ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြား ငွေကြေးများလဲလှယ်မှု နှုန်းထားများမှာ ယူရို ၂၀၂၀ ကျပ်၊ စင်ကာပူဒေါ်လာ ၁၃၁ဝကျပ်၊ မလေးရှားရင်းဂစ် ၄၂၀ ကျပ်၊ ထိုင်းဘတ် ၅၆ကျပ်၊ တရုတ်ယွမ်၂၉၅ ကျပ်၊ ဂျပန်ယန်း ၁၆ ဒသမ ၅၀ ကျပ်တို့ ဖြစ်သည်။

နိုင်ငံခြားငွေများ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်း ဆောင်ရွက်ရာတွင် ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း သုည ဒသမ ၅ % ဘောင်အတွင်း သတ်မှတ်ဆောင်ရွက်ရန် ဗဟိုဘဏ်က ညွှန်ကြားချက်ထုတ်ပြန်ပြီးနောက် နိုင်ငံခြားငွေလဲကောင်တာများတွင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ ကျပ် ၁၉၀၀ ဝန်းကျင်ဖြင့် ရောင်းချနေကြောင်း  သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေ လုပ်ငန်းဆောင်ရွက်ချက်များမှာ  ကာလတိုအတွင်း နိုင်ငံခြားငွေ လဲလှယ်နှုန်းအတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန် အလုပ်လုပ်ရက် တစ်ရက်ရှိ မြန်မာကျပ်ငွေနှင့် တစ်ဒေါ်လာ၏ ငွေလဲလှယ်နှုန်းနှင့် ယခင်ရက် ရည်ညွှန်းငွေလဲလှယ်နှုန်းတို့ကို နှိုင်းယှဉ်ခြင်း၊  မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံ ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၄၉ ပုဒ်မခွဲ (က) အရ အပ်နှင်းအထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့၏  သဘောတူညီချက်ဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲ မှုစည်းမျဉ်း အပိုဒ် ၃၅ အား ပြင်ဆင်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent